လေးနှစ်သင်ပညာရေးဘွဲ့ရပြီးအလုပ်မဝင်ပါက လျော်ကြေးငွေပေးရမည်

ပညာေရးေကာလိပ္မ်ားမွ ယခုႏွစ္တြင္စတင္ဖြင့္မည့္ B.A (Education)၊ B.Sc (Education) ဘဲြ႔သင္တန္းတက္ခြင့္ရသူမ်ားသည္ သင္တန္းၿပီးဆံုးေအာင္တက္ရမည့္အျပင္ ဘဲြ႔ရၿပီးအေျခခံပညာေက်ာင္းမ်ားတြင္အလုပ္မဝင္ပါက ေလ်ာ္ေၾကးက်ပ္ (၅) သိန္းေပးေလ်ာ္ရမည္ဟုေၾကညာထားသည္။

ေက်ာက္ျဖဴ၊ စစ္ကိုင္း၊ ေတာင္ၾကီး၊ ေတာင္ငူ၊ ထားဝယ္၊ ပခုကၠဴ၊ ျပည္၊ ဘားအံ၊ ဘိုကေလး၊ မေကြး၊ ေမာ္လၿမိဳင္၊ မံုရြာ၊ မႏၱေလး၊ မိတၳီလာ၊ ျမစ္ၾကီးနား၊ ေျမာင္းျမ၊ ရန္ကင္း၊ လွည္းကူး၊ သဃၤန္းကြ်န္း၊ လားရိႈး၊ လိြဳင္ေကာ္၊ ဟားခါး၊ က်ိဳင္းတံုႏွင့္ ကသာပညာေရးေကာလိပ္တို႔တြင္ လာမည့္ဒီဇင္ဘာကစကာ (၄) ႏွစ္သင္ပညာေရးဘဲြ႔သင္တန္းသစ္ B.A၊ B.Sc (Education) သင္တန္းမ်ားဖြင့္မည္ျဖစ္သည္။

B.A၊ B.Sc (Education) ဘဲြ႔သင္တန္းသစ္တက္လိုသည့္ (၂၀၁၉) တကၠသိုလ္ဝင္တန္းေအာင္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာတြင္ ထည့္သြင္းေလွ်ာက္ထားခြင့္ျပဳခဲ့သည္။ ထိုသင္တန္းသစ္မ်ားအတြက္ (၂၀၁၉) တကၠသိုလ္ဝင္တန္းေအာင္ ေက်ာင္းသား၊ ေက်ာင္းသူ (၃,၃၄၃) ဦး ဝင္ခြင့္ရေၾကာင္းဝန္ၾကီးဌာနကေၾကညာထားသည္။

(၂၀၁၈) အထိ ပညာေရးေကာလိပ္အဆင့္သာ ဖြင့္လွစ္၍ (၂) ႏွစ္ဒီပလိုမာ ဆရာအတတ္သင္တန္းသာပို႔ခ်ေသာ္လည္း ယခုႏွစ္ကစကာဘဲြ႔သင္တန္းပို႔ခ်ၿပီး မူလတန္းျပ၊ အလယ္တန္းျပအျဖစ္ ေအျခခံပညာေက်ာင္းမ်ားတြင္ခန္႔ထားမည္ျဖစ္မည္။

ဝင္ခြင့္ေရြးခ်ယ္ခံရသူမ်ားသည္ သင္တန္းကာလ (၄) ႏွစ္တက္ရမည္ျဖစ္ၿပီး သင္တန္းၿပီးသည္အထိမတက္ပါက ေလ်ာ္ေၾကးေငြေပးေဆာင္ရမည္ဟု ပညာေရးဝန္ၾကီးဌာနကၾကိဳတင္အသိေပးထားသည္။ ထို႔အျပင္ဘဲြ႔ရရွိၿပီးပါက အနည္းဆံုးႏိုင္ငံ့ဝန္ထမ္းအျဖစ္ (၃) ႏွစ္တာဝန္ထမ္းေဆာင္မည္ဟု ဝန္ခံကတိေရးထိုးရမည္ျဖစ္ၿပီး ပ်က္ကြက္ပါက ေလ်ာ္ေၾကးအျပင္ တည္ဆဲစည္းမ်ဥ္းစည္းကမ္းႏွင့္အညီ အေရးယူမည္ဟုေၾကညာထားသည္။

"ဆရာ၊ ဆရာမခန္႔ဖို႔ဖြင့္တာပါ။ ဝင္ခြင့္ေရြးၿပီးမွမတက္ဘူးဆို သူတို႔ေနရာအစားထိုးဖို႔ခ်က္ခ်င္းမလြယ္ေတာ့ဘူး။ တုိင္းျပည္အတြက္လည္းနစ္နာတယ္။ အဲဒါေၾကာင့္ေလ်ာ္ေၾကးေငြသတ္မွတ္တာျဖစ္ပါတယ္" ဟု အဆင့္ျမင့္ပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကေျပာသည္။

B.A၊ B.Sc (Education) ဘဲြ႔သင္တန္းဝင္ခြင့္ရသူမ်ားသည္ ႏို္ဝင္ဘာ (၁၈) ရက္တြင္ ဝင္ခြင့္ရသည့္ေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ရမည္ျဖစ္ၿပီး ဒီဇင္ဘာ (၂) ရက္တြင္စတင္ဖြင့္လွစ္မည္ျဖစ္ပါသည္။

(၄) ႏွစ္သင္ပညာေရးဘဲြ႔သင္တန္းအတြက္ သင္ရိုးညႊန္းတမ္းအသစ္မ်ားကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar) ႏွင့္ ပညာေရးတကၠသိုလ္၊ ပညာေရးေကာလိပ္မ်ားရွိပညာရွင္မ်ားပူးေပါင္းၿပီး ဆရာအတတ္ပညာတတ္ကြ်မ္းမႈစံသတ္မွတ္ခ်က္ အညႊန္းေဘာင္ကိုအေျခခံေရးဆြဲထားသည္။

ျမန္မာႏိုင္ငံတြင္ဆရာအတတ္ပညာသင္တန္းကို (၂) ႏွစ္သာပို႔ခ်သျဖင့္ ႏိုင္ငံတကာႏွင့္အာဆီယံေဒသအတြင္း ႏိုင္ငံမ်ား၏ဆရာအတတ္သင္တန္းပို႔ခ်မႈကာလႏွင့္ႏိႈင္းယွဥ္ပါက တုိေတာင္းေနသည္။ ထို႔ေၾကာင့္ပို႔ခ်မႈကာလႏွင့္ ဒီပလိုမာေပးအပ္မႈအစီအစဥ္တုိ႔ျပင္ဆင္၍ (၄) ႏွစ္သင္ပညာေရးဒီဂရီေကာလိ္ပ္မ်ားအျဖစ္ အဆင့္တိုးျမွင့္ျခင္းျဖစ္ေၾကာင္း ပညာေရးဝန္ၾကီးဌာနသို႔ တင္သြင္းသည့္ (၄) ႏွစ္သင္ပညာေရးေကာလိပ္မ်ားအျဖစ္ အဆင့္ျမွင့္တင္ဖြင့္လွစ္ႏိုင္ေရး ေဒါက္တာေအာင္ေအာင္မင္း၏စာတမ္းတြင္ေဖာ္ျပထားသည္။

Read More:>>> ပထမႏွစ္သင္တန္း ေက်ာင္းသား/သူမ်ားအား "ရက္”အလိုက္ေက်ာင္းဝင္ခြင့္မ်ားလက္ခံမည့္အထူးျပဳဘာသာရပ္စာရင္းမ်ား

Source: 7Day News

 

**Unicode**

ပညာရေးကောလိပ်များမှ ယခုနှစ်တွင်စတင်ဖွင့်မည့် B.A (Education)၊ B.Sc (Education) ဘွဲ့သင်တန်းတက်ခွင့်ရသူများသည် သင်တန်းပြီးဆုံးအောင်တက်ရမည့်အပြင် ဘွဲ့ရပြီးအခြေခံပညာကျောင်းများတွင်အလုပ်မဝင်ပါက လျော်ကြေးကျပ် (၅) သိန်းပေးလျော်ရမည်ဟုကြေညာထားသည်။

ကျောက်ဖြူ၊ စစ်ကိုင်း၊ တောင်ကြီး၊ တောင်ငူ၊ ထားဝယ်၊ ပခုက္ကူ၊ ပြည်၊ ဘားအံ၊ ဘိုကလေး၊ မကွေး၊ မော်လမြိုင်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မြောင်းမြ၊ ရန်ကင်း၊ လှည်းကူး၊ သင်္ဃန်းကျွန်း၊ လားရှိုး၊ လွိုင်ကော်၊ ဟားခါး၊ ကျိုင်းတုံနှင့် ကသာပညာရေးကောလိပ်တို့တွင် လာမည့်ဒီဇင်ဘာကစကာ (၄) နှစ်သင်ပညာရေးဘွဲ့သင်တန်းသစ် B.A၊ B.Sc (Education) သင်တန်းများဖွင့်မည်ဖြစ်သည်။

B.A၊ B.Sc (Education) ဘွဲ့သင်တန်းသစ်တက်လိုသည့် (၂၀၁၉) တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ထည့်သွင်းလျှောက်ထားခွင့်ပြုခဲ့သည်။ ထိုသင်တန်းသစ်များအတွက် (၂၀၁၉) တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ (၃,၃၄၃) ဦး ဝင်ခွင့်ရကြောင်းဝန်ကြီးဌာနကကြေညာထားသည်။

(၂၀၁၈) အထိ ပညာရေးကောလိပ်အဆင့်သာ ဖွင့်လှစ်၍ (၂) နှစ်ဒီပလိုမာ ဆရာအတတ်သင်တန်းသာပို့ချသော်လည်း ယခုနှစ်ကစကာဘွဲ့သင်တန်းပို့ချပြီး မူလတန်းပြ၊ အလယ်တန်းပြအဖြစ် အေခြခံပညာကျောင်းများတွင်ခန့်ထားမည်ဖြစ်မည်။

ဝင်ခွင့်ရွေးချယ်ခံရသူများသည် သင်တန်းကာလ (၄) နှစ်တက်ရမည်ဖြစ်ပြီး သင်တန်းပြီးသည်အထိမတက်ပါက လျော်ကြေးငွေပေးဆောင်ရမည်ဟု ပညာရေးဝန်ကြီးဌာနကကြိုတင်အသိပေးထားသည်။ ထို့အပြင်ဘွဲ့ရရှိပြီးပါက အနည်းဆုံးနိုင်ငံ့ဝန်ထမ်းအဖြစ် (၃) နှစ်တာဝန်ထမ်းဆောင်မည်ဟု ဝန်ခံကတိရေးထိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက လျော်ကြေးအပြင် တည်ဆဲစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူမည်ဟုကြေညာထားသည်။

"ဆရာ၊ ဆရာမခန့်ဖို့ဖွင့်တာပါ။ ဝင်ခွင့်ရွေးပြီးမှမတက်ဘူးဆို သူတို့နေရာအစားထိုးဖို့ချက်ချင်းမလွယ်တော့ဘူး။ တိုင်းပြည်အတွက်လည်းနစ်နာတယ်။ အဲဒါကြောင့်လျော်ကြေးငွေသတ်မှတ်တာဖြစ်ပါတယ်" ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းကပြောသည်။

B.A၊ B.Sc (Education) ဘွဲ့သင်တန်းဝင်ခွင့်ရသူများသည် နိုဝင်ဘာ (၁၈) ရက်တွင် ဝင်ခွင့်ရသည့်ကျောင်းများတွင် ကျောင်းအပ်ရမည်ဖြစ်ပြီး ဒီဇင်ဘာ (၂) ရက်တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

(၄) နှစ်သင်ပညာရေးဘွဲ့သင်တန်းအတွက် သင်ရိုးညွှန်းတမ်းအသစ်များကို UNESCO STEM Project (Strengthening Pre-Service Teacher Education in Myanmar) နှင့် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များရှိပညာရှင်များပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ကိုအခြေခံရေးဆွဲထားသည်။

မြန်မာနိုင်ငံတွင်ဆရာအတတ်ပညာသင်တန်းကို (၂) နှစ်သာပို့ချသဖြင့် နိုင်ငံတကာနှင့်အာဆီယံဒေသအတွင်း နိုင်ငံများ၏ဆရာအတတ်သင်တန်းပို့ချမှုကာလနှင့်နှိုင်းယှဉ်ပါက တိုတောင်းနေသည်။ ထို့ကြောင့်ပို့ချမှုကာလနှင့် ဒီပလိုမာပေးအပ်မှုအစီအစဉ်တို့ပြင်ဆင်၍ (၄) နှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းသည့် (၄) နှစ်သင်ပညာရေးကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း၏စာတမ်းတွင်ဖော်ပြထားသည်။

Read More:>>> ပထမႏွစ္သင္တန္း ေက်ာင္းသား/သူမ်ားအား "ရက္”အလိုက္ေက်ာင္းဝင္ခြင့္မ်ားလက္ခံမည့္အထူးျပဳဘာသာရပ္စာရင္းမ်ား

Source: 7Day News

Latest Post News Read 3525 times