လူချင်းခပ်ခွာခွာနေဖို့ ထိုင်းကျောင်းက  ရှေးဟောင်းတရုတ်နည်းလမ်းကို အတုယူ

ချင်းမိုင်ကျောင်းသည် Covid-19 ပြန့်ပွားမှုကို တားဆီးရန် ကျောင်းသားမျာအား ၁ မီတာခြား နေထိုင်ရန် ရှေးဟောင်းတရုတ်နည်းလမ်းတစ်ခုကို အသုံးပြုသည်၊

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ (အေဒီ ၉၆၀-၁၂၇၉ ခုနှစ်)က ဆောင်မင်းဆက်မှ ပညာရှင်များ ဝတ်ဆင်ထားသည့် ပုံစံအပေါ် အခြေပြုထားသော မျက်နှာအကာများကို Baan Pa Maud ကျောင်းမှ ကျောင်းသားများက ဝတ်ဆင်ကြသည်။

ကျောင်းမှဒါရိုက်တာ Chaiyo Yasamout က ကျောင်းသားများအနေဖြင့် ရောဂါကာကွယ်ရန်အတွက် face shields များ ဝတ်ဆင်ကာကွယ်ရန် ပြောကြားခဲ့သည်။ အရောင်အသွေးစုံသည့် ကတ်ဒီဇိုင်းများက ကျောင်းသားများ၏ စိုးရိမ်မှုဖိအားကို လျော့ကျစေဖို့ ကူညီ‌ပေးပြီး မှန်ကာများသည်လည်း ထိုင်း-မြန်မာ နှစ်ဘာသာဖြင့် ပါရှိသောကြောင့် ကျောင်းသားများ၏ ဘာသာစကားစွမ်းရည်ကိုပါတိုးတက်စေပါသည်။

“ကျောင်းပိတ်ရက်တွေမှာ ကျောင်းဆရာများက face shields များပြုလုပ်ကြတယ်လို့ ကျောင်းမှဒါရိုက်တာက ပြောကြားခဲ့ပါသည်။

ဆရာများနှင့် ကျေးရွာကျန်းမာရေး စေတနာ့ဝန်ထမ်းများသည် ကျောင်းရှိ အလံတိုင်ရှေ့အပြင်ဘက်တွင် မဟုတ်ဘဲ စာသင်ခန်းများ၌ ကျောင်းသားများ စည်းဝေးပွဲ  ပြုလုပ်နေစဉ် ခန္ဓာကိုယ်အပူချိန်ကို မနက်တိုင်း စစ်ဆေးပေးသည်ဟုသိရသည်။

ထို့အပြင် ကျောင်းသားများပြားခြင်းကို လျှော့ချရန်အတွက် အတန်းတက်နေသော ကျောင်းသားအရေအတွက်ကို တစ်ဝက်ကိုသာ ကျောင်းတက်စေခဲ့သည်ဟုသိရသည်။

Covid-19 အခြေအနေငြိမ်သက်သွားသည်အထိ ထို နည်းလမ်းဆက်လုပ်သွားပါမည်ဟု သိရပါသည်။

Ref: asiaone

Image Source: asiaone

By Yu Khine

Latest Post Read 826 times