Sales Hotline : 09448001653       Download App



ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ဇူလိုင်လလယ်တွင် ပြန်လည်သုံးသပ်မည်

** Unicode **

ကျောင်းများ ပြန်ဖွင့်ရန် ဇူလိုင်လလယ်တွင် ပြန်လည်သုံးသပ်မည်ဖြစ်ပြီးအခြေအနေပေါ်မူတည်၍ မီးစင်ကြည့်ကမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှပြောကြားပါတယ်။

ဇွန်လ (၂၂) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စတုတ္ထ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ကျောင်းကိုလာသည့် ကျောင်းသား/သူများသည် ရပ်ကွက်အမျိုးမျိုး၊ တိုင်းနဲ့ပြည်နယ် အမျိုးမျိုးမှ လာရောက်စုစည်းကြမည်ဖြစ်ပါတယ်။ 

ကျောင်းများဖွင့်လှစ်ရန်အတွက် ဇူလိုင် (၂၁) ရက် ရည်ရွယ်ထားပါတယ်။ သို့သော်လည်း ဇူလိုင် (၁၀) ရက်နှင့် (၁၅) ရက်မှာ ပြန်သုံးသပ်မည်ဖြစ်ပါတယ်။ သုံးသပ်သည့် အခြေအနေအရ အဆင်ပြေပါက ကျောင်းဖွင့်မည်ဖြစ်ပါတယ်။

အခြေခံပညာကျောင်းများကို ဇူလိုင် (၂၁) ရက်တွင်အထက်တန်းများစတင်ဖွင့်လှစ်မည်ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကြောင့် ဇွန်လတွင် ဖွင့်လှစ်သည့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် ဇူလိုင်လသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ယခင်က မူလတန်းကျောင်းများမှ စတင်တက်ရောက်ရန် စီစဉ်ထားသော်လည်း မတ်လ (၁၉) ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ စာသင်ကျောင်းများ ပြန်ဖွင့်ရန် ဆွေးနွေးသည့် အစီအစဉ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမအဖွဲ့ချုပ်ကိုယ်စားလှယ်နှင့် ကျောင်းသားမိဘကိုယ်စားလှယ်တို့မှ မူလတန်းကလေးများအစား အထက်တန်းများကို အရင်ဖွင့်လှစ်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

အလယ်တန်း၊ အထက်တန်း စာသင်ခန်းများမှာလည်း တစ်ခန်းလျှင် အများဆုံး (၂၀) ဦးသာ ထား၍ အနည်းဆုံးခြောက်ပေ ကွာခြားနိုင်ရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပါတယ်။

Yoga Training (28) ရောဂ သင်တန်းများနှင့် ပတ်သက်ပြီး (28) ခုရှာရန်နှိပ်ပါ။

၎င်းအပြင် စာသင်ကျောင်းများတွင်ဆပ်ပြာ၊ လက်ဆေးဂျယ်၊ သန့်စင်ခန်း၊ ကိုယ်ပူချိန်တိုင်း ကိရိယာများထားရှိရန်နှင့် ကျန်းမာရေးဌာနနှင့် ဆေးခန်းများသို့ ဆက်သွယ်နိုင်ရေးဖုန်းနံပါတ်များကို ပြုစုထားရှိရန်လည်း ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရပါတယ်။

Credit: Educational News Updates
Photo: Google

 

** Zawgyi **

ေက်ာင္းမ်ား ျပန္ဖြင့္ရန္ ဇူလိုင္လလယ္တြင္ ျပန္လည္သံုးသပ္မည္ျဖစ္ၿပီးအေျခအေနေပၚမူတည္၍ မီးစင္ၾကည့္ကမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး မွေျပာၾကားပါတယ္။

ဇြန္လ (၂၂) ရက္က ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ စတုတၳ တစ္ႏွစ္တာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ေက်ာင္းကိုလာသည့္ ေက်ာင္းသား/သူမ်ားသည္ ရပ္ကြက္အမ်ိဳးမ်ိဳး၊ တိုင္းနဲ႔ျပည္နယ္ အမ်ိဳးမ်ိဳးမွ လာေရာက္စုစည္းၾကမည္ျဖစ္ပါတယ္။ 

ေက်ာင္းမ်ားဖြင့္လွစ္ရန္အတြက္ ဇူလိုင္ (၂၁) ရက္ ရည္ရြယ္ထားပါတယ္။ သို႔ေသာ္လည္း ဇူလိုင္ (၁၀) ရက္ႏွင့္ (၁၅) ရက္မွာ ျပန္သံုးသပ္မည္ျဖစ္ပါတယ္။ သံုးသပ္သည့္ အေျခအေနအရ အဆင္ေျပပါက ေက်ာင္းဖြင့္မည္ျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းမ်ားကို ဇူလုိင္ (၂၁) ရက္တြင္အထက္တန္းမ်ားစတင္ဖြင့္လွစ္မည္ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ဇြန္လတြင္ ဖြင့္လွစ္သည့္ စာသင္ေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ျခင္းမရွိေသာေၾကာင့္ ဇူလိုင္လသို႔ ေျပာင္းလဲခဲ့ျခင္းျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ ယခင္က မူလတန္းေက်ာင္းမ်ားမွ စတင္တက္ေရာက္ရန္ စီစဥ္ထားေသာ္လည္း မတ္လ (၁၉) ရက္ေန႔တြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္မွ စာသင္ေက်ာင္းမ်ား ျပန္ဖြင့္ရန္ ေဆြးေႏြးသည့္ အစီအစဥ္တြင္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမအဖြဲ႔ခ်ဳပ္ကိုယ္စားလွယ္ႏွင့္ ေက်ာင္းသားမိဘကိုယ္စားလွယ္တို႔မွ မူလတန္းကေလးမ်ားအစား အထက္တန္းမ်ားကို အရင္ဖြင့္လွစ္သင့္ေၾကာင္း ေဆြးေႏြးတင္ျပခဲ့ပါတယ္။

အလယ္တန္း၊ အထက္တန္း စာသင္ခန္းမ်ားမွာလည္း တစ္ခန္းလ်ွင္ အမ်ားဆံုး (၂၀) ဦးသာ ထား၍ အနည္းဆံုးေျခာက္ေပ ကြာျခားႏိုင္ေရးကို ဦးစားေပးလုပ္ေဆာင္မည္ျဖစ္ပါတယ္။

Yoga Training (28) ေရာဂ သင္တန္းမ်ားႏွင့္ ပတ္သက္ျပီး (28) ခုရွာရန္ႏွိပ္ပါ။

၄င္းအျပင္ စာသင္ေက်ာင္းမ်ားတြင္ဆပ္ျပာ၊ လက္ေဆးဂ်ယ္၊ သန္႔စင္ခန္း၊ ကုိယ္ပူခ်ိန္တိုင္း ကိရိယာမ်ားထားရွိရန္ႏွင့္ က်န္းမာေရးဌာနႏွင့္ ေဆးခန္းမ်ားသို႔ ဆက္သြယ္ႏိုင္ေရးဖုန္းနံပါတ္မ်ားကို ျပဳစုထားရွိရန္လည္း ေဆာင္ရြက္ထားမည္ျဖစ္ေၾကာင္း သိရပါတယ္။

Credit: Educational News Updates
Photo: Google

News Tips Latest Post Read 48225 times