(၂၀၁၉) အတွက်ပေးအပ်သည့် စီမံကိန်းတွင်မြန်မာနိုင်ငံက လူငယ်သိပ္ပံပညာရှင် လေးဦးပါဝင်

မဲခေါင်အောက်ပိုင်းဒေသဖွံ့ဖြိုးရေးအစီအစဉ် (၂၀၁၉) အတွက်ပေးအပ်သည့် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရေး အသေးစားထောက်ပံ့မှုအစီအစဉ်တွင် ပါဝင်အောင်မြင်သည့်သူများအနက် မြန်မာနိုင်ငံက လူငယ်သိပ္ပံပညာရှင် လေးဦးပါဝင်ခဲ့‌ကြောင်း U.S. Embassy Rangoon မှ ယနေ့၌ သတင်းထုတ်ပြန်သည်။

အဆိုပါအောင်မြင်ခဲ့သောလူငယ်လေးဦးသည် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှ သုတေသနပညာရှင်များနှင့်အတူ မဲခေါင်ဒေသအတွင်း အားလုံးရင်ဆိုင်ကြုံတွေ့နေရသည့်ကျန်းမာရေးနှင့်သဘာဝပတ်ဝန်ကျင်းဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ရန်အတွက် အဆိုပါရန်ပုံငွေအစီအစဉ်ကိုဝင်ရောက်ယှဉ်ပြိုင်အောင်မြင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ယင်းအစီအစဉ်သည် မဲခေါင်-အမေရိကန် မိတ်ဖက်ပူးပေါင်းမှုအစီအစဉ် အစိတ်အပိုင်းအနေနှင့်ပါဝင်ပြီး မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက အကူအညီပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံက လူငယ်သိပ္ပံပညာရှင်များဖြစ်သည့် ဟိန်းမိုးလွင် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)၊ ခိုင်သန္တာရွှေ (မန္တလေးနည်းပညာတက္ကသိုလ်)၊ ဖြိုးသူဇာထွန်း (မန္တလေးနည်းပညာတက္ကသိုလ်၊ ဝင်းသန္တာသက် (ရန်ကုန်နည်းပညာတ္ကသိုလ်)နှင့်အတူ Vannida Douangboupha, National Laboratory and Epidemiology (လာအိုနိုင်ငံ) တို့က ရရှိခဲ့ခြင်းဖြစ်သည်။

Source: Transcom News Journal
Image Source: Transcom News Journal
By Myanmar Education Guide - EDGE

Latest Post Read 813 times