ပြီးခဲ့သည့် လ အနည်းငယ်အတွင်းတွင် Covid- 19 ကပ်ရောဂါသည် ကမ္ဘာတစ်လွှားကူးစက် ပျံ့နှံ့ခဲ့ရာ ပညာရေး ဝန်ဆောင်မှုများ အပါအဝင် လူမှုရေး၊ စီးပွားရေး အဖက်ဖက်မှ အနှောင့် အယှက် ဖြစ်ခဲ့ရပါသည်။
နိုင်ငံပေါင်းများစွာအတွက် ထိုကျန်းမာရေး အကျပ်အတည်း အသစ်သည် အားနည်းလျက်ရှိသော ပညာရေး စနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ကူးစက်မှု နှစ်ခုကို မတ်လ ၂၃ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ စက်တင်ဘာလ အထိ ကူးစက်သူဦးရေ ၇၈၂၇ ဦးအထိ ရှိနေပြီ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက် နေ့တွင် သမ္မတ ဦးဝင်းမြင့်မှ Covid- 19 ကူးစက်မှု ပြန့်ပွားမှုတိုက်ဖျက်မှု ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပညာရေးဝန်ကြီး ဌာန မှ ကျောင်းများ၊ အဆင့်မြင့် ပညာရေးဌာနများ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများ အားလုံးကို ပိတ်စေခဲ့သည်။
သို့သော် လက်ရှိတွင် ပညာရေးဝန်ကြီး ဌာနသည် နိုင်ငံတော်သမ္မတ ဖွဲ့စည်းထားသည့် Covid- 19 ကူးစက်မှု ပြန့်ပွားရေးတိုက်ဖျက်မှု ကော်မတီတွင် မပါဝင်သေးပါ။
မြန်မာနိုင်ငံသည် COVID-19 စီးပွားရေးကယ်ဆယ်ရေးအစီအစဉ် (CERP) ကို ၂၀၂၀ Aprilပြီ ၂၇ တွင် ထုတ်ပြန်ခဲ့ပြီး ထိုအစီအစဉ်တွင် ရည်မှန်းချက် (၇) ခု၊ မဟာဗျူဟာ (၁၀) ခု၊ လှုပ်ရှားမှုစီမံချက် (၃၆) ခုနှင့်လှုပ်ရှားမှု (၇၆) ခု ကို နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုအခြေအနေတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် တောင့်တင်းသောတိုင်းပြည်အဖြစ်သို့ ပြန်လည်တည်ထောင်ရာတွင် တုန့်ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကူးစက်မှုများမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွင်း ဖြစ်ပွားခဲ့သောကြောင့် အခြားသော နိုင်ငံများကဲ့သို့ အနှောင့်အယှက် မဖြစ်သော်လည်း လေးတန်းနှင့် ရှစ်တန်း စာမေးပွဲများဖြေဆိုခြင်းနှင် တက္ကသိုလ်များ ပထမ နှစ်ဝက် စာမေးပွဲများ ဖြေဆိုနေကြခြင်းကြောင့် ကျောင်းသားများနှင့် မိဘများသည် ရှေ့ဆက်တွင် မည်သို့ဆောင်ရွက်ရမည်ကို စိုးရိမ်နေကြသည်။
မြန်မာနိုင်ငံ၏ စာသင်နှစ် အစမှာ ဇွန်လတွင် စတင်ပြီး ယခုအချိန်တွင် ကျောင်းများ ပြန်ဖွင့်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထိုအခြေအနေတွင် သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း များအတွက် ရွေချယ်မှုများမှာ နည်းပါးလျက်ရှိပါသည်။ ကျောင်းများမှာ သန့်ရှင်းမှု မရှိခြင်း၊ လုံလောက်မှုမရှိခြင်းတို့ကြောင့် ပြန်လည်ဖွင့်ရန် ခက်ခဲနေသေးသည်။
အထူးသဖြင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသားများ၊ ဆရာများ၊ သင်တန်း ဆရာများ၊ ပါမောက္ခများ၊ ပညာရေးဝန်ထမ်းများ၏ ကျန်းမာရေး ကို ကာကွယ်ပေးရန် တာဝန်ရှိပြီး သင်ကြားရေး နှင့် သုတေသနဆိုင်ရာ တိုးတက်မှုများအတွက် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ရမည် ဖြစ်သည်။
COVID19 အကျပ်အတည်းကိုထိရောက်စွာတုံ့ပြန်နိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာန နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် အရေးပေါ်တုန့်ပြန်မှုနည်းဗျူဟာများ၊ ကြားဝင်ဆောင်ရွက်မှုများ ကိုအလျင်း သင့်သလိုဆောင်ရွက်ပေးပြီး ကျောင်းသားများနှင့် ပညာရေး ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေး အပြင် ပြီးခဲ့သည့် နှစ်များမှ ရရှိခဲ့သည့် ပညာရေးဆိုင်ရာ တိုးတက်မှုများမလျော့နည်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာနသည် ယူနက်စကို နှင့် ပညာရေး၊ သက်မွေးကြောင်းဆိုင်ရာ သင်တန်းများ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ နိုင်ငံလုံးဆိုင်ရာ တုန့်ပြန်မှု နှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေပြီဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ နှင့် နိုင်ငံအဆင့်တို့တွင် ကျန်းမာရေးဆိုင်ရာ သန့်ရှင်းရေးနှင့် ပတ်သက်၍ တိုးတက်မှုမှာ မသိသာသေးသော်လည်း
၁. မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု၏ဆင့်ကဲဖြစ်စဉ်များ
၂.မြန်မာနိုင်ငံရှိပြည်နယ်နှင့်တိုင်းဒေသကြီးများ၏တိုးတက်ပြောင်းလဲနေသောလိုအပ်ချက်များ၊ စိန်ခေါ်မှုများနှင့်အစီအစဉ် တုန့်ပြန်မှုများ၊
၃. သီးခြားဖြစ်ပေါ်နေသောလိုအပ်ချက်များ၊ စိန်ခေါ်မှုများနှင့် အခြား ကဏ္ဍခွဲများ၏ သက်ဆိုင်ရာ အစီအစဉ်တုန့်ပြန်မှုများ။ ( မူကြိုနှင့်သူငယ်တန်းပညာရေး၊ အခြေခံပညာရေး၊ တစ်ဆင့်ခံပညာရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းနှင့် လေ့ကျင့်ရေး နှင့် အဆင့် မြင့် ပညာရေး) တို့ကို အပိုင်းအကန့်အလိုက် ထည့်သွင်းစဉ်းစား ကြရမည် ဖြစ်ပေသည်။
By Myanmar Education Guide - EDGE
Ref: reliefweb