အိမ်မက်ဆိုး နီးပါးကဲ့သို့ ဆိုးရွားပြီး လူအများက အဓိပ္ပာယ်မရှိဘူးဟု သတ်မှတ်ထားကြသည့် သင်္ချာညီမျှခြင်းများနှင့် ယဉ်ပါးသူတစ်ဦး ဖြစ်သည့် သင်္ချာပညာရှင်တစ်ဦးကို ပညာရေးတွင် အကျိုးအမြတ် အများဆုံး ဖြစ်သည့် Breakthrough Prize ဆုကိုချီးမြှင့်ခဲ့ကြသည်။
လန်ဒန်မြို့ Imperial College မှ သြစတြီးယား - ဗြိတိန် သုတေသနပညာရှင် တစ်ဦးဖြစ်သည့် Martin Hairer သည် ၂၀၂၁ ခုနှစ် သင်္ချာဆိုင်ရာသိပ္ပံပညာဆု ကို ရရှိခဲ့ပါသည်။
၎င်းဆုမှာ နှစ်စဉ် ဒေါ်လာ ၃ သန်း (ပေါင် ၂.၃ သန်း) အထိချီးမြှင့်ပြီး ဂုဏ်သိက္ခာပိုင်းတွင် နိုဘယ်လ်ဆု နှင့် အပြိုင်ဖြစ်သည်။ Hairerသည် ၎င်းဆုကို stochastic analysisဟု ခေါ်သည့် ကျပန်းသက်ရောက်မှုများ အပေါ်ခွဲခြမ်းစိတ်ဖြာသည့် ဘာသာရပ်အတွက်ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုဘာသာရပ်တွင် ကျပန်းလုပ်ဆောင်မှုများဖြစ်သည့် လက်ဖက်ရည်တစ်ခွက်မွှေဖျော်ခြင်း၊ တောမီးလောင်ရာတွင် ကြီးမားလာသည့် မီးပမာဏ၊ တစ်ရှူး တစ်ရွက်ပေါ်တွင် ကျသည့် ရေစက်တစ်စက်၏ ပျံ့ပွားနှုန်း အစရှိသည့် အလွန်အမင်း ရှုပ်ထွေးသည့် ပုစ္ဆာများသည် သင်္ချာဘာသာရပ်တွင် မည်မျှသက်ရောက်ပြီး မည်သို့ ပြောင်းလဲသွားသည်ကို လေ့လာသည့် ဆန်းစစ်ခြင်းများ ပါဝင်သည်။
သူ၏ အဓိကဆောင်ရွက်ရသည့် အပိုင်းဖြစ်သည့် ပုံစံတကျရေးသားထားပြီး စာမျက်နှာ - ၁၈၀ ရှိသည့် “ ပုံမှန်တည်ဆောက်ပုံ” ဟု အမည်ရသည့် စာအုပ် တစ်အုပ်ဖြင့် ကမ္ဘာကို သိအောင် မိတ်ဆက်ပေးခဲ့သည်။
ထိုစာအုပ်နှင့် ပတ်သက်ပြီး သူ့ လုပ်ဖော်ကိုင်ဖက်များမှလွန်စွာအံ့ဩခဲ့ရပြီး ထိုစာအုပ်ကို လူသားမျိုးနွယ်ထက် ပို၍ ဉာဏ်ကောင်းသောဂြိုလ်သားယဉ်ကျေးမှုတစ်ခုထံမှ Hairer စိတ်ထဲသို့ ပေးပို့ပြီး ရေးသားစေခြင်းဖြစ်မည်ဟုပင် ထင်ကြေးပေးကြသည်။
Hairer သည်သူ၏ဇနီးဖြစ်သူ Xue-Mei Li နှင့် လန်ဒန်မြို့ရှိ တိုက်ခန်းတွင်ငှားနေကြသည်။ သူမသည်လည်း Imperial College မှ သင်္ချာပညာရှင် တစ်ဦးဖြစ်သည်။
ဗြိတိန်တွင်ပိတ်ဆို့နေဆဲ ဖြစ်သည့်အချိန်တွင် Skype ဖုန်းခေါ်ဆိုမှုမှ ဆုရရှိသည့်အကြောင်းကိုသိရခြင်းဖြစ်သည်။
“ဒီအကြောင်းအရာမှာ လုံးဝ မမျှော်လင့်ထားတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုဆုရဖို့ကို လုံးဝစိတ်မကူးခဲ့ဖူးဘူး၊ ဒါကြောင့် တကယ်ကြီး တုန်လှုပ်သွားခဲ့တယ်၊ Lockdown ကာလလည်း ဖြစ်နေတော့ ကျွန်တော်တို့ အပြင်လည်း ထွက်လို့မရဘူးလေ၊ ဘာမှမတတ်နိုင်တော့ အိမ်မှာပဲ ဂုဏ်ပြုပွဲ ကျင်းပခဲ့တယ်” ဟု ၎င်းက ဆိုထားသည်။
အဆိုပါ Breakthrough Prizesဆုများမှာ အစ္စရေး - ရုရှားရင်းနှီးမြှုပ်နှံသူ Yuri Milner နှင့် Facebook၏ တည်ထောင်ဖြစ်သည့်Mark Zuckerberg တို့၏ ပူးပေါင်းတည်ထောင်ထားသည့် ဆုဖြစ်ပြီး ၎င်းဆုများကိုနှစ်စဉ်ကြေညာပေးထားသည့် ဆုများမှ တစ်ခုဖြစ်သည်။
ယခင် ဆုရရှိသူများမှာလည်း သင်္ချာနှင့်သိပ္ပံပညာတို့တွင် ဦးဆောင်ထားသူများ ဖြစ်ကြသည်။
By Myanmar Education Guide - EDGE
Ref: The Guardian