နိုင်ငံတကာအသိအမှတ်ပြု Global College ကပညာသင်ထောက်ပံ့ကြေးဆုများပေးအပ်မည်

နိုင်ငံတကာအသိအမှတ်ပြု Global College ကပညာသင်ထောက်ပံ့ကြေးဆုများပေးအပ်မည်

**Unicode**

 

ယူကေနိုင်ငံရှိ နိုင်ငံတကာအသိအမှတ်ပြု Global College ကမြန်မာနိုင်ငံအတွင်းရှိ ပညာရည်အမှန်တကယ်ထူးချွန်ပြီး ငွေကြေးအခက်အခဲရှိသည့် ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ကြေးဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ ပညာသင်ထောက်ပံ့ကြေးဆုကို အောက်တိုဘာ (၁၀) ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားသူများအနက် (၁၀၀ %)ပညာသင်ထောက်ပံ့ကြေးဆုကို သုံးဦး၊ (၇၅ %) ပညာသင်ထောက်ပံ့ကြေးဆုကို ငါးဦးနှင့် (၅၀%) ပညာသင်ထောက်ပံ့ကြေးဆုကို ငါးဦးရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း Global College of Business Technology ၏ Head of Recruitment Ms.Dashi Ja Ing ကပြောပါတယ်။

Global College မှ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်များနှင့်စပ်လျဉ်းသည့် စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ (၂၂) ရက်နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် အမှတ် (၅၉/A)၊ အောင်ချမ်းသာ (၂)လမ်း အောင်မြေသာစည်အိမ်ရာရှိGlobal College ကျောင်းတွင်ကျင်းပပါတယ်။

ယူကေနိုင်ငံရှိအဆင့်မြင့်တက္ကသိုလ် University of Hertfordshire မှ B.A(Hons) Business Adminstration ဘွဲ့ကို ရယူနိုင်မည့် အဆိုပါကောလိပ်သို့ တက်ရောက်သင်ယူလိုသူများအနေဖြင့် အခြေခံပညာ နဝမတန်း (သို့) International School များမှ Secondary-3 အောင်မြင်ပြီးသူများ တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်းသိရပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 01 231 5501 တွင်ဆက်သွယ်နိုင်ပါတယ်။

Source: စံတော်ချိန်

**Zawgyi**


 

အဆိုပါ ပညာသင်ထောက်ပံ့ကြေးဆုကို အောက်တိုဘာ (၁၀) ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားသူများအနက် (၁၀၀ %)ပညာသင်ထောက်ပံ့ကြေးဆုကို သုံးဦး၊ (၇၅ %) ပညာသင်ထောက်ပံ့ကြေးဆုကို ငါးဦးနှင့် (၅၀%) ပညာသင်ထောက်ပံ့ကြေးဆုကို ငါးဦးရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း Global College of Business Technology Head of Recruitment Ms.Dashi Ja Ing ကပြောပါတယ်။

 

French (16) ပြင်သစ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းများရှာရန်နှိပ်ပါ။

 

Global College မှ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်များနှင့်စပ်လျဉ်းသည့် စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ (၂၂) ရက်နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် အမှတ် (၅၉/A)၊ အောင်ချမ်းသာ ()လမ်း အောင်မြေသာစည်အိမ်ရာရှိGlobal College ကျောင်းတွင်ကျင်းပပါတယ်။

 

Read More:>>> A.G.T.I သုံးနှစ်သင်တန်းဝင်ခွင့်များ အောက်တိုဘာစတင်ခေါ်ယူတော့မည်

 



 

Source: စံတော်ချိန်

 

International Read 956 times