အေဂျီတီအိုင် ပထမနှစ်သင်တန်းသားများကို အစိုးရကပညာသင်ထောက်ပံ့ကြေးပေးမည်

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ဖြင့္လွစ္မည့္ A.G.T.I ပထမႏွစ္သင္တန္းမ်ားတြင္ တက္ေရာက္မည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို တစ္လလွ်င္ က်ပ္ (၃၀,၀၀၀) ေထာက္ပံ့မည္ျဖစ္သည္။

မိုးညွင္း၊ ျမင္းျခံ၊ ေရႊဘိုၿမိဳ႕တို႔ရွိ အစိုးရနည္းပညာေကာလိပ္မ်ားႏွင့္ အစိုးရစက္မႈလက္မႈသိပၸံ (၂၄) ေက်ာင္းတို႔တြင္ A.G.T.I (၃) ႏွစ္ သင္တန္းမ်ားတက္ေရာက္ႏိုင္ၿပီး သင္တန္းသားအားလံုးကို ဒီပလိုမာဘဲြ႔လတ္မွတ္ရရွိသည္အထိ ေထာက္ပံ့ေၾကးေပးမည္ျဖစ္သည္။

"အခုႏွစ္ ဒီဇင္ဘာမွာဖြင့္မယ့္ A.G.T.I သင္တန္းေတြအတြက္ သင္တန္းသားေခၚယူတဲ့ေလွ်ာက္လႊာေတြကို ႏိုင္ငံပိုင္သတင္းစာေတြကေန ေၾကညာထားပါတယ္။ တက္ေရာက္မယ့္သင္တန္းသားေတြအတြက္ ပညာသင္ေထာက္ပံ့ေၾကးတစ္လလွ်င္ က်ပ္ (၃၀,၀၀၀) ေပးအပ္ဖို႔လည္းစီစဥ္ထားပါတယ္" ဟု နည္းပညာ၊ သက္ေမြးဝမ္းေက်ာင္းႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

A.G.T.I (၃) ႏွစ္သင္တန္းမ်ားတြင္ ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထရြန္နစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာ၊ စက္မႈလုပ္ငန္းအင္ဂ်င္နီယာ၊ စက္မႈလယ္ယာနည္းပညာ၊ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာဟူသည့္ အထူးျပဳဘာသာရပ္ (၈) ခု ဖြင့္လွစ္မည္ျဖစ္သည္။ ေက်ာင္းတိုင္းတြင္ဘာသာရပ္ (၈) ခုလံုးဖြင့္မည္မဟုတ္ဘဲ ေက်ာင္းအလိုက္လက္ခံဖြင့္ႏိုင္သည့္ ဘာသာရပ္မ်ားသတ္မွတ္ထားသည္။

ယခင္ႏွစ္မ်ားက A.G.T.I သင္တန္းမ်ားတြင္ အထူးျပဳဘာသာရပ္ (၆) ခုသာ ဖြင့္ခဲ့ရာမွ ယခုႏွစ္တြင္ စက္မႈလယ္ယာနည္းပညာ၊ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာ ဘာသာရပ္အသစ္ (၂) ခု ထပ္တိုးဖြင့္လွစ္ထားသည္။ 

A.G.T.I (၃) ႏွစ္သင္တန္းၿပီးဆံုးပါက ဒီပလိုမာေပးအပ္မည္ျဖစ္ၿပီး သတ္မွတ္အရည္အခ်င္းကိုက္ညီပါကနည္းပညာတကၠသိုလ္ တတိယႏွစ္သို႔ ေပါင္းကူးတက္ေရာက္ခြင့္ျပဳမည္ျဖစ္ၿပီး A.G.T.I သင္တန္းဝင္ခြင့္ရရွိသူမ်ားစာရင္းကို ႏိုဝင္ဘာ (၂၆) ရက္တြင္ေၾကညာမည္ျဖစ္သည္။

ပညာေရးေကာလိပ္မ်ားကဖြင့္လွစ္သော လုပ္ငန္းခြင္ၾကိဳဆရာအတတ္ပညာ ဒီပလိုမာသင္တန္းမ်ားႏွင့္ A.G.T.I သင္တန္းမ်ားတြင္ သင္တန္းသားအားလံုးကို လစဥ္ က်ပ္ (၃၀,၀၀၀) ေထာက္ပံ့ေသာ္လည္း အျခားတကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ ပညာသင္ယူရန္ ေငြေၾကးအခက္အခဲရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ပညာေရးဝန္ၾကီးဌာနကေပးအပ္ေသာ ပညာသင္ေထာက္ပံ့ေၾကးကိုသီးျခားေလွ်ာက္ထားရသည္။

Read More:>>> (English) Sets (5) တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္

Source: 7Day News

 

**Unicode**

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် A.G.T.I ပထမနှစ်သင်တန်းများတွင် တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများကို တစ်လလျှင် ကျပ် (၃၀,၀၀၀) ထောက်ပံ့မည်ဖြစ်သည်။

မိုးညှင်း၊ မြင်းခြံ၊ ရွှေဘိုမြို့တို့ရှိ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၂၄) ကျောင်းတို့တွင် A.G.T.I (၃) နှစ် သင်တန်းများတက်ရောက်နိုင်ပြီး သင်တန်းသားအားလုံးကို ဒီပလိုမာဘွဲ့လတ်မှတ်ရရှိသည်အထိ ထောက်ပံ့ကြေးပေးမည်ဖြစ်သည်။

"အခုနှစ် ဒီဇင်ဘာမှာဖွင့်မယ့် A.G.T.I သင်တန်းတွေအတွက် သင်တန်းသားခေါ်ယူတဲ့လျှောက်လွှာတွေကို နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာထားပါတယ်။ တက်ရောက်မယ့်သင်တန်းသားတွေအတွက် ပညာသင်ထောက်ပံ့ကြေးတစ်လလျှင် ကျပ် (၃၀,၀၀၀) ပေးအပ်ဖို့လည်းစီစဉ်ထားပါတယ်" ဟု နည်းပညာ၊ သက်မွေးဝမ်းကျောင်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

A.G.T.I (၃) နှစ်သင်တန်းများတွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ၊ စက်မှုလယ်ယာနည်းပညာ၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာဟူသည့် အထူးပြုဘာသာရပ် (၈) ခု ဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းတိုင်းတွင်ဘာသာရပ် (၈) ခုလုံးဖွင့်မည်မဟုတ်ဘဲ ကျောင်းအလိုက်လက်ခံဖွင့်နိုင်သည့် ဘာသာရပ်များသတ်မှတ်ထားသည်။

ယခင်နှစ်များက A.G.T.I သင်တန်းများတွင် အထူးပြုဘာသာရပ် (၆) ခုသာ ဖွင့်ခဲ့ရာမှ ယခုနှစ်တွင် စက်မှုလယ်ယာနည်းပညာ၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ ဘာသာရပ်အသစ် (၂) ခု ထပ်တိုးဖွင့်လှစ်ထားသည်။ 

A.G.T.I (၃) နှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းကိုက်ညီပါကနည်းပညာတက္ကသိုလ် တတိယနှစ်သို့ ပေါင်းကူးတက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး A.G.T.I သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကို နိုဝင်ဘာ (၂၆) ရက်တွင်ကြေညာမည်ဖြစ်သည်။

ပညာရေးကောလိပ်များကဖွင့်လှစ်သော လုပ်ငန်းခွင်ကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်းများနှင့် A.G.T.I သင်တန်းများတွင် သင်တန်းသားအားလုံးကို လစဉ် ကျပ် (၃၀,၀၀၀) ထောက်ပံ့သော်လည်း အခြားတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးဝန်ကြီးဌာနကပေးအပ်သော ပညာသင်ထောက်ပံ့ကြေးကိုသီးခြားလျှောက်ထားရသည်။

Read More:>>> (English) Sets (5) တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္

Source: 7Day News

Latest Post News Read 4537 times