အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ အရပ်များတွင် ကလေး ၅ယောက်လျှင် ၁ ယောက် မှာ ကျောင်း မနေရကြောင်းကို လေ့လာရပြီးဖြစ်သည်။
ထို့အပြင်ခန့်မှန်းခြေအားဖြင့် ဆီးရီးယား၊ အီရတ်နှင့်ယီမင်နိုင်ငံများ တွင် နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် ကလေး သူငယ်ပေါင်း ၁၄ ဒသမ ၃ သန်းသည် ကျောင်းသို့ တက်ရောက်နိုင်ခြင်း မရှိပြန်ပေ။
ယခု ဖြစ်ပွားလျက်ရှိသော ကိုရိုနာ ရောဂါကြောင့် ထိုဒေသရှိ ကလေးများ၏ ပညာရေးမှာ ပို၍ပင် နှောင့် နှေးလာခဲ့သည်ကို တွေ့ရသည်။
သို့သော်ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) နှင့်ကမ္ဘာ့ဘဏ်တို့ကဲ့သို့သောအဖွဲ့အစည်းများသည်ကလေးများအိမ်တွင်လုံခြုံစွာလေ့လာသင်ယူရန်အစီအစဉ်များကိုတိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။
ပညာရေး တိုးတက်အောင် လုပ်ဆောင်မှုတွင် ယူနီဆက်၏အခန်းကဏ္ဍ
စာဖတ်ခြင်းသည်ကလေးများသင်ယူရာတွင်ပါ၀င်ရန်ထိရောက်သောနည်းဗျူဟာတစ်ခုဖြစ်လာသည်။
ထိုကြောင့် ယူနီဆက်သည် ၀န်ကြီးဌာနများအား သက်မွေး ၀မ်းကျောင်းနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေမည့်အမျိုးသားသင်ရိုးညွှန်းတမ်း၊ ဖြည့်စွက်စာအုပ်များနှင့်လမ်းညွှန်များထုတ်လုပ်ရန်အကြံပေးခြင်းဖြင့် အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကဒေသများ၏ ပညာရေးကို အထောက်အကူ ဖြစ်စေခဲ့သည်။
ထို့အပြင် ယူနီဆက်သည် တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ ပေးဝေခြင်းများ၊ လာမည့်အနာဂတ် အတွက် အစီအစဉ်များ ရေးဆွဲခြင်းများ နှင့် ကျောင်း များ ပြန်လည်ဖွင့် ရန် ကူညီပေး ခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ကမ္ဘာ့ဘဏ်၏ ပင်မအကြောင်းအရင်း ငါးခုဖြင့် ပညာရေးဆိုင်ရာချဉ်းကပ်မှု
ကမ္ဘာ့ဘဏ်၏ လက်ခွဲ အဖွဲ့ ဖြစ်သော EdTech အဖွဲ့မှ အခွင့် အလမ်း နှင့် ပညာရေး အရင်းအမြစ်နည်းပါးသောဒေသများရှိကလေးများအတွက်သင်ကြားရေးလမ်းညွှန်များကိုဖန်တီးပေးခဲ့သည်။
ကလေးသူငယ်များသည်လုံခြုံစိတ်ချရသောပညာရေးပတ်၀န်းကျင်သို့ပြန်သွားနိုင်ရေးအတွက်အဖွဲ့အစည်းမှစနစ်တကျ ပြုလုပ်လျက်ရှိသော ပညာရေးပြုပြင်ပြောင်းလဲမှုများတွင်လည်း ပါဝင်ကူညီခဲ့သည်။
ထို့ပြင်ကမ္ဘာ့ဘဏ်သည်ကျောင်းသားများအား ပြင်ဆင်ခြင်းနှင့်လှုံ့ဆော်ခြင်း၊ ကျွမ်းကျင်သောဆရာများကိုပံ့ပိုးပေးခြင်း၊ စာသင်ခန်းများတပ်ဆင်ခြင်း၊ လုံခြုံစိတ်ချရသောနှင့်အားလုံးပါဝင်နိုင်သည့်ကျောင်းနေရာများနအပြင် ကောင်းမွန်စွာစီမံခန့်ခွဲထားသောပညာရေးစနစ်များပါ ၀င်သောမှတ်တိုင်ငါးခုပါသောပညာရေးဆိုင်ရာချဉ်းကပ်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။
ထို့အပြင်ကမ္ဘာ့ဘဏ်၏ EdTech အဖွဲ့သည် COVID-19 ရောဂါကူးစက်မှုများအကြား၎င်းတို့၏မူဝါဒများအပြောင်းအလဲများကိုအလွယ်တကူဖတ်ရှုနိုင်ရန် ၎င်းတို့၏ ၀ဘ်ဆိုဒ်တွင် နောက်ဆုံးရသတင်းများကို အချိန်နှင့် တပြေးညီ တင် ထားပေးသည်ကို လည်း သိရသည်။
အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကအစိုးရများ
ဆေးပညာ ဂျာနယ်တစ်ခုဖြစ်သည့် The Lancet.၏ အဆိုအရ အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကအစိုးရများသည် "ရှုပ်ထွေးသည့်စီးပွားရေးနှင့်လူမှုရေးနိုင်ငံရေးအခြေအနေနှင့်ပျက်စီးလွယ်သောကျန်းမာရေးစောင့်ရှောက်မှုစနစ်များ" ပေါ်မူတည်၍ ဦးစားပေးမှုများ ပြူလုပ်ကာ COVID-19 ကို တုံ့ပြန်နေသည်ဟု ဖော်ပြထားသည်။
ကပ်ရောဂါ မကျရောက် မီ အချိန်ကတည်း၎င်းဒေသများတွင် သန့်ရှင်းသော သောက်ရေသန့်၊ အစာအာဟာရများ၊ သန့်ရှင်းသည့် နေရာထိုင်ခင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ထောက်ပံ့မှုများမှာ အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းဖြစ်သည်။
COVID-19 ရောဂါသည်နယ်စပ်တစ်လျှောက်တွင်ဆက်လက်ပျံ့နှံ့နေသည်နှင့်အမျှနိုင်ငံများအနေဖြင့်အတူတကွစုပေါင်း ဆောင်ရွက် ကြရန်၊ ဒေသဆိုင်ရာလုံခြုံရေးနှင့်တည်ငြိမ်မှုများအပေါ်ပြန်လည်သုံးသပ်ရန်နှင့်ပြည်သူ့ကျန်းမာရေးအခြေခံအဆောက်အအုံနှင့်အ နောက်ထပ် ဖြစ်ပွားနိုင်သည့် ရောဂါများအတွက် ကာကွယ်ရန် လုပ်ထုံးလုပ်နည်းများတွင်နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စီစဉ်မှုများ ဆောင်ရွက်ရန် လိုအပ်သည်။
ထို့အပြင်အစိုးရများသည်ကျောင်းများသို့ပြန်လာသည့်ကျောင်းသားများအတွက်လုံခြုံသောနည်းဗျူဟာတစ်ခုကိုတီထွင်ရန်လိုအပ်သည်။ တနည်းအားဖြင့်အစိုးရများသည်ကျောင်းသားများအားကျောင်းတက်ရန်မတတ်နိုင်သောကြောင့် ပညာသင်ကြားရန် အခြားသော နည်းများကိုလည်း ထောက်ကံ့ပေးသင့်သည်။
ဝင်ငွေနှင့်နည်းပညာကွာဟမှု
COVID-19 ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်းကလေးသူငယ်များကိုလေ့လာရန်ကူညီမှုများပြုလုပ်နေသော်လည်း ၎င်းဒေသများတွင် သိသာထင်ရှားသည့် စိန်ခေါ်မှု တစ်ရပ် ရှိနေပါသေးသည်။
ထိုစိန်ခေါ်မှုမှာ ပြည်တွင်း အကြမ်းဖက်မှူများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိသောကြောင့် နည်းပညာနှင့် ပတ်သက်၍ များစွာ နောက်ကျ ကျန်လျက် ရှိသည်။
နိုင်ငံအတော်များများသည်ပညာရေးစနစ်တွင် ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပြီးအွန်လိုင်းလေ့လာမှုသို့ပြောင်းလဲသင်ကြားနေပြီ ဖြစ်သည်။
သို့သော်အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကကဲ့သို့သောဒေသများသည် ကြုံတွေ့နေရသောပညာရေးဆိုင်ရာစိန်ခေါ်မှုများနှင့်အညီလိုက်လျောညီထွေဖြစ်အောင်လုပ်ရန် ပို၍ ခက်ခဲသောအချိန်နှင့် ရင်ဆိုင်နေရသည်။
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာနနှင့်ကမ္ဘာ့ဘဏ်၏အဆိုအရ ၀င်ငွေနည်းပါးသောနိုင်ငံများ၏ ၂၅ ရာခိုင်နှုန်းအောက်သာလျှင်အဝေးမှသင်ယူခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်သည် ဟု ဖော်ပြထားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ၀င်ငွေမြင့်မားသောနိုင်ငံများ၏ ၉၀% ခန့်သည်ဝေးလံသောသင်ယူမှုအခွင့်အလမ်းများဖြင့် ပညာရေးကို ရှေ့ဆက်နေကြသည်။
ဒေသတွင်းရှိ ၀င်ငွေနှင့်နည်းပညာကွာဟမှုများကြောင့် COVID-19 ရောဂါသည်အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကရှိ ပညာရေးအပေါ်ဆိုးရွားစွာ အကျိုးသက်ရောက်လျက်ရှိသည်။
အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိကဒေသတွင် ရင်ဆိုင်နေရသောအခက်အခဲများမှာဆယ်စုနှစ်မက ကြာနေပြီဖြစ်ရာ ကိုရိုနာကပ်ရောဂါသည် ပညာရေးနှောင့်နှေးမှုအတွက် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
သို့သော်ယူနီဆက်နှင့်ကမ္ဘာ့ဘဏ်ကဲ့သို့သောအဖွဲ့အစည်းများသည် ၀င်ငွေနည်းပါးခြင်းနှင့်စစ်ဒဏ်ခံရသည့်နယ်မြေများရှိပညာရေးကွာဟမှုကိုလျှော့ချရန်နည်းပညာတိုးတက်မှုနှင့်အဝေးမှသင်ယူခြင်းတို့ကိုအကောင်အထည်ဖော်ရန် အထောက်အကူများစွာပေးလျက်ရှိသည်။
By Myanmar Education Guide - EDGE
Ref: Borgen Magazines