တက္ကသိုလ်ဝင်စာမေးပွဲတွင် မသန်စွမ်းသူများကို ဖြေဆိုချိန်ပိုပေးမည်

** Unicode **

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မသန်စွမ်းကျောင်းသား/သူများအား သတ်မှတ်ဖြေဆိုချိန်ထက် မိနစ် (၃၀) ပို၍ ဖြေဆိုခွင့်ပြုမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတ်မှတ်ထားပါတယ်။

မသန်စွမ်းသူများကို စာမေးပွဲဖြေဆိုရန် (၃) နာရီ(၃၀) မိနစ်ပေးမည်ဖြစ်ပြီး ၎င်းတို့အနက် အမြင်အာရုံချို့တဲသူနှင့် ခန္ဓာကိုယ်မသန်စွမ်းသူမျးအနေဖြင့် ကိုယ်တိုင်ဖြေဆိုနိုင်ခြင်းမရှိပါက နဝမတန်းကျောင်းသား/ကျောင်းသူ တစ်ဦးဦးကို စာမေးပွဲဖြေဆိုသူက နှုတ်ဖြင့် ပြောစေ၍ ကိုယ်စားလိုက်ရေးပေးပြီး ဖြေဆိုခွင့်ပြုမည်ဖြစ်ပါတယ်။

အမြင်အာရုံမသန်စွမ်းသူများကို စာမေးပွဲမေးခွန်း ဖတ်ပြရန်လိုအပ်ပါက ၎င်းတို့အား သင်ကြားပေးသည့် ကျောင်းနှင့် ကြိုတင်ညှိနှိုင်းထားရမည်ဖြစ်ပြီး မေးခွန်းဖတ်ပြချိန်အတွက် အချိန်ပို သီးခြားထပ်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

မျက်မမြင်၊ ဆွံ့အနားမကြား၊ ခန္ဓာကိုယ်မသန်စွမ်းအုပ်စုသုံးခုလုံးအတွက် အချိန်ပိုမိနစ် (၃၀) ခွင့်ပြုပေးထားသည်ဟုသိရပါတယ်။

နှုတ်ဖြင့်ပြော၍ ကိုယ်စားရေးပေးရသူများအတွက် သီးခြားခန်းတွင် စာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ကူးစက်ရောဂါရှိသော စာဖြေသူအတွက် တာဝန်ကျသော နဝမတန်း ကျောင်သား/သူများအား မျက်နှာဖုံး (Mask) စီစဉ်ပေးရန်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှညွှန်ကြားထားပါတယ်။

ကိုယ်စားရေးပေးမည့် နဝမတန်းကျောင်းသား/သူကို ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကောင်းသော အစဉ်အလာရှိသည့် ကျောင်းကြီးများမှ ဘာသာရပ်တူညီပြီး အတန်းထဲတွင် ဉာဏ်ရည်မြင့်မားသည့် ကျောင်းသား/သူများကို ရွေးချယ်ပေးရန် မြို့နယ်ပညာရေးမှူးရုံးများအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားထားပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ (၁၃) ရက်တွင် သင်္ချာ၊ (၁၄) ရက်တွင် ဓာတုဗေဒ၊ (၁၇) ရက်တွင် ရူပဗေဒ၊ (၁၈) ရက်တွင် ဇီဝဗေဒနှင့်ဘောဂဗေဒ၊ (၁၉) ရက်တွင် ပထဝီဝင်၊ (၂၀) ရက်တွင် သမိုင်းဘာသာရပ် ဖြေဆိုရမည်ဖြစ်ပါတယ်။

ယခင်နှစ်တွင် စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသည့် ကျောင်းသား/သူ (၈သိန်းခွဲ) ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ဖြေဆိုသူ (၁၂၀၀၀၀) ခန့်ပိုများပြားလာပါတယ်။

Read More:>>>  SMVTI သက္ေမြးပညာသင္တန္းေက်ာင္းမွ သင္တန္းသားအသစ္မ်ားေခၚယူျခင္း

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တစ်နိုင်ငံလုံးတွင် စာစစ်ဌာန (၁၈၇၇) သာဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် (၁၉၉၀) ခုအထိတိုးဖွင့်မည်ဖြစ်ပါတယ်။

Credit: 7DAy News

** Zawgyi **

တကၠသုိလ္ဝင္ခြင့္စာေမးပြဲတြင္ မသန္စြမ္းေက်ာင္းသား/သူမ်ားအား သတ္မွတ္ေျဖဆိုခ်ိန္ထက္ မိနစ္ (၃၀) ပို၍ ေျဖဆိုခြင့္ျပဳမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက သတ္မွတ္ထားပါတယ္။

မသန္စြမ္းသူမ်ားကို စာေမးပြဲေျဖဆိုရန္ (၃) နာရီ(၃၀) မိနစ္ေပးမည္ျဖစ္ၿပီး ၄င္းတို႔အနက္ အျမင္အာရံုခ်ိဳ႕တဲသူႏွင့္ ခႏၶာကိုယ္မသန္စြမ္းသူမ်းအေနျဖင့္ ကိုယ္တုိင္ေျဖဆိုႏိုင္ျခင္းမရွိပါက နဝမတန္းေက်ာင္းသား/ေက်ာင္းသူ တစ္ဦးဦးကို စာေမးပြဲေျဖဆုိသူက ႏႈတ္ျဖင့္ ေျပာေစ၍ ကိုယ္စားလိုက္ေရးေပးၿပီး ေျဖဆိုခြင့္ျပဳမည္ျဖစ္ပါတယ္။

အျမင္အာရံုမသန္စြမ္းသူမ်ားကုိ စာေမးပြဲေမးခြန္း ဖတ္ျပရန္လိုအပ္ပါက ၄င္းတို႔အား သင္ၾကားေပးသည့္ ေက်ာင္းႏွင့္ ႀကိဳတင္ညွိႏႈိင္းထားရမည္ျဖစ္ၿပီး ေမးခြန္းဖတ္ျပခ်ိန္အတြက္ အခ်ိန္ပို သီးျခားထပ္ေပးမည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေၾကညာထားပါတယ္။

မ်က္မျမင္၊ ဆြံ႔အနားမၾကား၊ ခႏၶာကိုယ္မသန္စြမ္းအုပ္စုသံုးခုလံုးအတြက္ အခ်ိန္ပိုမိနစ္ (၃၀) ခြင့္ျပဳေပးထားသည္ဟုသိရပါတယ္။

ႏႈတ္ျဖင့္ေျပာ၍ ကိုယ္စားေရးေပးရသူမ်ားအတြက္ သီးျခားခန္းတြင္ စာေမးပြဲေျဖဆိုခြင့္ျပဳမည္ျဖစ္ၿပီး ကူးစက္ေရာဂါရွိေသာ စာေျဖသူအတြက္ တာဝန္က်ေသာ နဝမတန္း ေက်ာင္သား/သူမ်ားအား မ်က္ႏွာဖံုး (Mask) စီစဥ္ေပးရန္ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွညႊန္ၾကားထားပါတယ္။

ကိုယ္စားေရးေပးမည့္ နဝမတန္းေက်ာင္းသား/သူကို ေရြးခ်ယ္ရာတြင္ တကၠသုိလ္ဝင္စာေမးပြဲ ေအာင္ခ်က္ေကာင္းေသာ အစဥ္အလာရွိသည့္ ေက်ာင္းႀကီးမ်ားမွ ဘာသာရပ္တူညီၿပီး အတန္းထဲတြင္ ဥာဏ္ရည္ျမင့္မားသည့္ ေက်ာင္းသား/သူမ်ားကို ေရြးခ်ယ္ေပးရန္ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားအား ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ညႊန္ၾကားထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ တကၠသုိလ္ဝင္ခြင့္စာေမးပြဲကို မတ္လ (၁၁) ရက္တြင္ ျမန္မာစာ၊ (၁၂) ရက္တြင္ အဂၤလိပ္စာ၊ (၁၃) ရက္တြင္ သခ်ၤာ၊ (၁၄) ရက္တြင္ ဓာတုေဗဒ၊ (၁၇) ရက္တြင္ ရူပေဗဒ၊ (၁၈) ရက္တြင္ ဇီဝေဗဒႏွင့္ေဘာဂေဗဒ၊ (၁၉) ရက္တြင္ ပထဝီဝင္၊ (၂၀) ရက္တြင္ သမိုင္းဘာသာရပ္ ေျဖဆိုရမည္ျဖစ္ပါတယ္။

ယခင္ႏွစ္တြင္ စာေမးပြဲေျဖဆိုရန္စာရင္းေပးသြင္းသည့္ ေက်ာင္းသား/သူ (၈သိန္းခြဲ) ခန္႔သာ ရွိေသာ္လည္း ယခုႏွစ္တြင္ ေျဖဆိုသူ (၁၂၀၀၀၀) ခန္႔ပိုမ်ားျပားလာပါတယ္။

Read More:>>>>  SMVTI သက္ေမြးပညာသင္တန္းေက်ာင္းမွ သင္တန္းသားအသစ္မ်ားေခၚယူျခင္း

ယခင္ႏွစ္ တကၠသုိလ္ဝင္စာေမးပြဲအတြက္ တစ္ႏိုင္ငံလံုးတြင္ စာစစ္ဌာန (၁၈၇၇) သာဖြင့္လွစ္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ (၁၉၉၀) ခုအထိတိုးဖြင့္မည္ျဖစ္ပါတယ္။

Credit: 7DAy News

News Tips Latest Post Read 1177 times