ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ကပေးအပ်သည့် ပညာသင်ဆု

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ကပေးအပ်သည့် ပညာသင်ဆု

အင်္ဂလန်နိုင်ငံ University of Cambridge တွင် တက်ရောက်မည့် မြန်မာကျောင်းသား၊ ကျောင်းသူများ လျှောက် ထားနိုင်သည်။

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပေးအပ်ခြင်းဖြစ် ပြီး University of Cambridge တွင် သင်ကြားနေသည့်မည်သည့် ဘာသာရပ်မဆို မဟာဘွဲ့၊ ပါရဂူ ဘွဲ့များ ရွေးချယ်တက်ရောက် ခွင့်ရှိသည်။

ကျောင်းဝင်ခွင့်ဦးစွာ လျှောက်ထားပြီး ၀င်ခွင့်ရရှိပြီးမှသာ ပညာသင်ဆုလျှောက်ထားရ မည်ဖြစ်သည်။

READ - 2018 New Zealand ASEAN Scholarship ပညာသင်ဆုများ လျှောက်ထားနိုင်

ပညာရေးတွင် ထူးချွန်သူ၊ အနာဂတ်တွင် အဖွဲ့အစည်းများ၌ ခေါင်းဆောင်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ရန် အလားအလာရှိ သူ၊ အခြားသူ များ၏ ဘ၀တိုးတက် ကောင်းမွန်ရန် လိုလားပြီးလုပ်ကိုင် ပေးလိုသည့် စိတ်ဆန္ဒကောင်းရှိ သူ၊ University of Cambridge တွင် တက်ရောက်ခွင့်ရရှိပြီးသူဖြစ် ရမည်ဖြစ်သည်။

University of Cambridge တွင် တက်ရောက်မည့်ကျောင်းလ ခတစ်နှစ်လျှင် စတာလင်ပေါင် ၁၅,၀၀၀ ခန့်၊ ဇာတိနိုင်ငံမှ University of Cambridge သို့အသွား၊ အပြန်ခရီးစရိတ်၊ ဗီဇာကြေး ငွေများကို ပညာသင်ဆုအဖြစ် ပံ့ ပိုးပေးမည်ဖြစ်သည်။

လျှောက်လွှာများကို http:// punchnewsngr.com/the-bill-gates-cambridge-scholarshi p-2018-at-university-of-cambridge-apply-now/ သို့ မတ်လ ၁ ရက်မတိုင်မီ လျှောက် ထားရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

International Read 7697 times