စာအုပ်အသစ်ပေါင်း (၁) သန်းနှင့် ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပနေတဲ့ The Big Bad Wolf စာအုပ်အရောင်းပွဲ

**Unicode**

 

 

 

ကမ္ဘာ့အကြီးဆုံးစာအုပ်အရောင်းပွဲတော်ကြီးဖြစ်သည့် The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကြီးကို သာကေတ မြို့နယ် မင်းနန္ဒာလမ်း နှင့် သုမနလမ်းထောင့်တွင်ရှိသော Fortune Plaza ရှိ Myanmar Expo Hall  တွင် ယနေ့ နံနက် ဇန်နဝါရီလ (၉) ရက်နေ့ ၊ ကြာသပတေးနေ့တွင်စတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ The Big Bad Wolf စာအုပ်အရောင်းပွဲ၏ ဖွင့်ပွဲအခမ်းအနားအား Big Bad Wolf Books ၏ ကိုယ်စားလှယ် Joshua Tan၊ The Big Bad Wolf စာအုပ်အရောင်းပွဲရန်ကုန် (၂၀၂၀) ၏ ပွဲစီစဉ်သူ ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် Mr. Datuk Zahairi Baharim၊ Mission and Commercial Representative ၏ ဒုတိယအကြီးအကဲ Dr. Sumit Seth နှင့် တာဝန်ရှိလူကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို မြန်မာအစိုးရဘက်မှ သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာမှလူကြီးမင်းများလည်းတက်ရောက်ခဲ့ကြသည်။

 

 

စာအုပ်အရောင်းပွဲကြီးကို ဇန်နဝါရီလ (၁၀) ရက်မှစကာ ဇန်နဝါရီလ (၂၀) ရက်အထိ (၁၁) ရက်တိုင်တိုင် မနက် (၉) နာရီမှ ည (၁၂) နာရီအထိအများပြည်သူများဝယ်ယူနိုင်ရန်ဖွင့်လှစ်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ဝင်ရောက်နိုင်ပါသည်။ VIP pass ကိုင်ဆောင်ထားသူများအနေနှင့် စာအုပ်များအားပထမဆုံးရွေးချယ်ဝယ်ယူခွင့်ရရှိမည်ဖြစ်ပါတယ်။

The Big Bad Wolf Books ၏ ကိုယ်စားလှယ်ဖြစ်သော Joshua Tan မှ "The Big Bad Wolf စာအုပ်အရောင်းပွဲတော်ကတော့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာပါပြီ။ စာအုပ်အရောင်းပွဲတော်မှာ ဒီကစာအုပ်ချစ်သူအများအပြားဝယ်ယူဖို့စောင့်နေတာမြင်ရလို့ အရမ်းပဲဝမ်းသာမိပါတယ်။ VIP day နေ့မှာ လာရောက်ကြသူတေ မယုံနိုင်လောက်အောင်များပြားခဲ့ပြီး ဒါကိုကြည့်တာနဲ့တင် စာဖတ်ခြင်းကိုတကယ် တန်ဖိုးထားမြတ်နိုးတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သိသာပါတယ်။ The Big Bad Wolf စာအုပ်အရောင်ပွဲတော်ရဲ့အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတစ်ဝှမ်းလုံးမှာ အင်္ဂလိပ်စာပေတတ်မြောက်မှု တိုးတက်လာစေရန်နဲ့ မြန်မာနိုင်ငံမှာစာဖတ်နှုန်းတိုးလာစေဖို့ရည်ရွယ်ပါတယ်။ ဒီရည်ရွယ်ချက်ကပဲ ယခုစာအုပ်အရောင်းပွဲကြီး မြန်မာနိုင်ငံကိုပုံမှန်ပြန်လာဖို့ ကျွန်တော်တို့ကိုလှုံ့ဆော်နေပါတယ်။" ဟုပြောသည်။

Ready 2 Read မြန်မာရဲ့ ဒါရိုက်တာဖြစ်သူ၊ The Big Bad Wolf စာအုပ်အရောင်းပွဲ ရန်ကုန် (၂၀၂၀) ပွဲစီစဉ်သူလည်းဖြစ်သူ ဦးမျိုးအောင်မှ "မြန်မာနိုင်ငံမှာက လူတော်တော်များများ အရည်အသွေးမြင့်စာအုပ်တွေကို မဝယ်နိုင်တာများတယ်။ ဒီစာအုပ်အရောင်းပွဲတော်ကြီးကနေတဆင့် ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်တဲ့ စာအုပ်တွေကို ရောင်းချပေးနိုင်အောင်ပြုလုပ်ပေးတဲ့ အစိုးရနဲ့ ပြည်သူလူထုကိုအထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ စာအုပ်တွေဆိုတာ အသိပညာအတွက်တံခါးပေါက်တစ်ခုဖြစ်ပြီး လေ့လာသင်ယူမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ စာအုပ်အသစ်ပေါင်းများစွာရောင်းချသွားမှာဖြစ်ပြီး လာရောက်ဝယ်ယူသူများအနေနဲ့လည်း ရှားရှားပါးပါးအထူးလျှော့ဈေးတွေကို ဒီ Big Bad Wolf ရန်ကုန် (၂၀၂၀) ပွဲမှာနှစ်သက်ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။" ဟုပြောသည်။

အရောင်းရဆုံးစာအုပ်များ၊ ဂန္တဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထုများ၊ သုတစာပေများ၊ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာနှင့် ဟင်းချက်နည်းဆိုင်ရာစာအုပ်များအပြင် အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း (၁) သန်းကျော်အား မူရင်းဈေး၏ (၅၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ကလေးများအတွက်လည်း ပုံပြင်စာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပြစာအုပ်များအပြင် အပြန်အလှန်လေ့ကျင့်သင်ကြားပေးသည့်စာအုပ်များ စသည်ဖြင့် အမျိုးအစားစုံလင်စွာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

 

(၂၀၁၉) ခုနှစ်အတွင်း ဝယ်လိုအားများခဲ့ခြင်းကြောင့် Magical Books (or) Augmented Reality (AR) သုံးဘက်မြင်ရုပ်လုံးကြွနည်းပညာနှင့် ဖတ်ရှုရသော စာအုပ်အမျိုးအစားအစုံအလင်ကိုလည်း The Big Bad Wolf စာအုပ်ရောင်းပွဲရန်ကုန် (၂၀၂၀) မှာ မိဘများအနေနဲ့လက်မလွှတ်သင့်ပါ။ ထိုစာအုပ်များသည် စာဖတ်ပုံစံကိုပြောင်းလဲပေးသည့် ခေတ်မီ AR နည်းပညာများကို အသုံးပြုထားသောကြောင့်ကလေးများစာဖတ်ရာတွင် ပျော်ရွှင်ဖွယ်ကောင်းစေသည်။ Magical Books များတွင် ဇာတ်ကောင်များသည် စကားပြောခြင်း၊ ကခုန်သီဆိုပြခြင်း စသည်တို့ကိုပြုလုပ်ပေးပြီး အသက်ဝင်လာတာဖြစ်သည့်အတွက် ကလေးများစာဖတ်လေ့လာရာတွင် စိတ်လှုပ်ရှားစေမည်ဖြစ်သည်။ စာအုပ်အရောင်းပွဲတွင် Wolf Pack ၏အဖွဲ့ဝင်များသည် စာအုပ် (၅) အုပ်ဝယ် (၁) အုပ်အခမဲ့ရသည့် အထူးအစီအစဉ်ကိုခံစားခွင့်ရမည်ဖြစ်သည်။ 

"မြန်မာနိုင်ငံကလူငယ်တွေ ဗဟုသုတနဲ့ သတင်းအချက်အလက်တွေအတွက် ဒီဂျစ်တယ်ပိုင်းကိုပိုပြီးအားကိုးလာတာတွေ့ရပါတယ်။ ဒါပေမဲ့စာအုပ်တွေကလည်း စာဖတ်ခြင်းအလေ့အထကို လှုံ့ဆော်ပေးတဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ အဲ့ဒါကြောင့်နိုင်ငံအတွင်းမှာ ဒီလိုပွဲတွေလုပ်ပေးပြီး စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချခြင်းအားဖြင့် စာဖတ်ဝါသနာကို ပိုမိုတိုးပွားလာစေပါတယ်။ တဖြည်းဖြည်းနဲ့စာဖတ်နှုန်းတွေ မြင့်တက်လာမှာတော့သေချာပါတယ်။ The Big Bad Wolf စာအုပ်အရောင်းပွဲကို မြန်မာနိုင်ငံကို အမြဲလာရောက်ကျင်းပမယ်လို့ မျှော်လင့်ပါတယ်။" ဟု Save the Library ၏ Founder ကိုမောင်မောင်စိုးမှပြောသည်။

The Big Bad Wolf စာအုပ်အရောင်းပွဲသည် ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် CB Bank နှင့်ပူးပေါင်းပြီးပွဲအတွင့် CB ဘဏ်ကတ်အား အသုံးပြုပြီးစာအုပ်ဝယ်ယူသူများအတွက် (၅) ရာခိုင်နှုန်း Cashback ကို (၁၀,၀၀၀) ကျပ်အထိပေးသွားမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးအတွက် Grab နှင့်လည်းပူးပေါင်းကာ လာရောက်သူများအတွက် Promotion များစီစဉ်ထားပြီး Alpine မှလည်းပံ့ပိုးပေးထားသည်။ 

 

 

The Big Bad Wolf စာအုပ်ရောင်းပွဲတော်၏ လူမှုအကျိုးပြုအစီအစဉ်ဖြစ်သည့် Red Readerhood မှလည်း Save the Library နှင့် ဆက်လက်လက်တွဲပြီးလုပ်ဆောင်သွားမည်ဖြစ်သည်။ Save the Library သည်ရန်ပုံငွေများစုဆောင်းပြီး စာအုပ်အသစ်များဝယ်ယူထိန်းသိမ်း၍ အများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်များတွင်ဖတ်ရှုနိုင်ရန် အကူအညီပေးနေသောအဖွဲ့အစည်း တစ်ခုဖြစ်သည်။ The Big Bad Wolf မှ စာအုပ်ပေါင်း (၅၀၀) လှူဒါန်းသွားမည်ဖြစ်ပြီး လာရောက်ဝယ်ယူကြမည့်သူများကိုလည်း ကြိုက်နှစ်သက်ရာစာအုပ်များကိုဝယ်ယူ၍ ငွေရှင်းကောင်တာနောက်တွင်ရှိသည့် Red Readerhood ကောင်တာတွင် လှူဒါန်းပေးရန်လည်းတိုက်တွန်းပါသည်။ 

 

 

စာအုပ်အရောင်ပွဲတော်သို့လာရောက်ကြမည့်သူများအာ #BBWYGNSNAPSHOTS ဓာတ်ပုံပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်တိုက်တွန်းအပ်ပါသည်။ အဆိုပါဓာတ်ပုံပြိုင်ပွဲသည် ပါဝင်ယှဉ်ပြိုင်သူများအား တွန်းလှည်းတစ်စီးစာ စာအုပ်များအနိုင်ရရှိနိုင်မည့် အခွင့်အရေးပေးထားပြီး အနိုင်ရရှိသူများကို (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင်ရွေးချယ်သွားမည်ဖြစ်သည်။ 

 

 

မြန်မာနိုင်ငံမှ စာအုပ်ချစ်သူများအနေဖြင့် The Big Bad Wolf စာအုပ်ရောင်းပွဲနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများ၊ ပြိုင်ပွဲများ၊ Giveaways များနှင့် အခြားစိတ်ဝင်စားစရာများအား အောက်ပါတရားဝင် လူမှုကွန်ရက် စာမျက်နှာများမှတဆင့် သိရှိနိုင်ပါသည်။

 

** Facebook: bbwbooksmm **
** Instagram: bigbadwolfbooks_mm **

 

**Zawgyi**

ကမာၻ႔အႀကီးဆံုးစာအုပ္အေရာင္းပဲြေတာ္ႀကီးျဖစ္သည့္ The Big Bad Wolf စာအုပ္အေရာင္းပဲြေတာ္ႀကီးကို သာေကတ ျမိဳ႕နယ္ မင္းနႏၵာလမ္း နွင့္ သုမနလမ္းေထာင့္တြင္ရွိေသာ Fortune Plaza ရွိ Myanmar Expo Hall  တြင္ ယေန႔ နံနက္ ဇန္နဝါရီလ (၉) ရက္ေန႔ ၊ ၾကာသပေတးေန႔တြင္စတင္၍ ဖြင့္လွစ္ခဲ့ပါသည္။ The Big Bad Wolf စာအုပ္အေရာင္းပဲြ၏ ဖြင့္ပဲြအခမ္းအနားအား Big Bad Wolf Books ၏ ကိုယ္စားလွယ္ Joshua Tan၊ The Big Bad Wolf စာအုပ္အေရာင္းပဲြရန္ကုန္ (၂၀၂၀) ၏ ပဲြစီစဥ္သူ ဦးမ်ိဳးေအာင္၊ ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားသံအမတ္ Mr. Datuk Zahairi Baharim၊ Mission and Commercial Representative ၏ ဒုတိယအႀကီးအကဲ Dr. Sumit Seth ႏွင့္ တာဝန္ရွိလူႀကီးမ်ား တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါသည္။ အဆိုပါဖြင့္ပဲြအခမ္းအနားကို ျမန္မာအစိုးရဘက္မွ သက္ဆိုင္ရာတာဝန္ရွိ လူႀကီးမင္းမ်ား၊ မိတ္ဘက္အဖဲြ႔အစည္းမ်ားႏွင့္ မီဒီယာမွလူႀကီးမင္းမ်ားလည္းတက္ေရာက္ခဲ့ၾကသည္။

စာအုပ္အေရာင္းပဲြႀကီးကို ဇန္နဝါရီလ (၁၀) ရက္မွစကာ ဇန္နဝါရီလ (၂၀) ရက္အထိ (၁၁) ရက္တိုင္တိုင္ မနက္ (၉) နာရီမွ ည (၁၂) နာရီအထိအမ်ားျပည္သူမ်ားဝယ္ယူႏိုင္ရန္ဖြင့္လွစ္မည္ျဖစ္ၿပီး မည္သူမဆိုအခမဲ့ဝင္ေရာက္ႏိုင္ပါသည္။ VIP pass ကိုင္ေဆာင္ထားသူမ်ားအေနႏွင့္ စာအုပ္မ်ားအားပထမဆံုးေရြးခ်ယ္ဝယ္ယူခြင့္ရရွိမည္ျဖစ္ပါတယ္။

The Big Bad Wolf Books ၏ ကုိယ္စားလွယ္ျဖစ္ေသာ Joshua Tan မွ "The Big Bad Wolf စာအုပ္အေရာင္းပဲြေတာ္ကေတာ့ ျမန္မာႏိုင္ငံကို ဒုတိယအႀကိမ္ျပန္လည္ေရာက္ရွိလာပါၿပီ။ စာအုပ္အေရာင္းပဲြေတာ္မွာ ဒီကစာအုပ္ခ်စ္သူအမ်ားအျပားဝယ္ယူဖို႔ေစာင့္ေနတာျမင္ရလို႔ အရမ္းပဲဝမ္းသာမိပါတယ္။ VIP day ေန႔မွာ လာေရာက္ၾကသူေတ မယံုႏိုင္ေလာက္ေအာင္မ်ားျပားခဲ့ၿပီး ဒါကိုၾကည့္တာနဲ႔တင္ စာဖတ္ျခင္းကိုတကယ္ တန္ဖိုးထားျမတ္ႏိုးတဲ့သူေတြ အမ်ားႀကီးရွိတယ္ဆိုတာ သိသာပါတယ္။ The Big Bad Wolf စာအုပ္အေရာင္ပဲြေတာ္ရဲ႕အဓိကရည္ရြယ္ခ်က္ကေတာ့ ႏိုင္ငံတစ္ဝွမ္းလံုးမွာ အဂၤလိပ္စာေပတတ္ေျမာက္မႈ တိုးတက္လာေစရန္နဲ႔ ျမန္မာႏိုင္ငံမွာစာဖတ္ႏႈန္းတိုးလာေစဖို႔ရည္ရြယ္ပါတယ္။ ဒီရည္ရြယ္ခ်က္ကပဲ ယခုစာအုပ္အေရာင္းပဲြႀကီး ျမန္မာႏိုင္ငံကိုပံုမွန္ျပန္လာဖို႔ ကြ်န္ေတာ္တို႔ကိုလံႈ႕ေဆာ္ေနပါတယ္။" ဟုေျပာသည္။

Ready 2 Read ျမန္မာရဲ႕ ဒါရိုက္တာျဖစ္သူ၊ The Big Bad Wolf စာအုပ္အေရာင္းပဲြ ရန္ကုန္ (၂၀၂၀) ပဲြစီစဥ္သူလည္းျဖစ္သူ ဦးမ်ိဳးေအာင္မွ "ျမန္မာႏိုင္ငံမွာက လူေတာ္ေတာ္မ်ားမ်ား အရည္အေသြးျမင့္စာအုပ္ေတြကို မဝယ္ႏိုင္တာမ်ားတယ္။ ဒီစာအုပ္အေရာင္းပဲြေတာ္ႀကီးကေနတဆင့္ ေစ်းႏႈန္းသက္သာၿပီး အရည္အေသြးျမင့္တဲ့ စာအုပ္ေတြကို ေရာင္းခ်ေပးႏိုင္ေအာင္ျပဳလုပ္ေပးတဲ့ အစိုးရနဲ႔ ျပည္သူလူထုကိုအထူးေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။ စာအုပ္ေတြဆိုတာ အသိပညာအတြက္တံခါးေပါက္တစ္ခုျဖစ္ၿပီး ေလ့လာသင္ယူမႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ တီထြင္ဖန္တီးႏိုင္မႈစြမ္းရည္ေတြကို ျမွင့္တင္ေပးတဲ့ အေျခခံအုတ္ျမစ္ျဖစ္ပါတယ္။ စာအုပ္အသစ္ေပါင္းမ်ားစြာေရာင္းခ်သြားမွာျဖစ္ၿပီး လာေရာက္ဝယ္ယူသူမ်ားအေနနဲ႔လည္း ရွားရွားပါးပါးအထူးေလွ်ာ့ေစ်းေတြကို ဒီ Big Bad Wolf ရန္ကုန္ (၂၀၂၀) ပဲြမွာႏွစ္သက္ခံစားႏိုင္မယ္လို႔ ယံုၾကည္ပါတယ္။" ဟုေျပာသည္။

အေရာင္းရဆံုးစာအုပ္မ်ား၊ ဂႏၱဝင္ဝတၳဳမ်ား၊ သိပၸံစိတ္ကူးယဥ္ဝတၳဳမ်ား၊ အခ်စ္ဝတၳဳမ်ား၊ သုတစာေပမ်ား၊ သရုပ္ျပစာအုပ္မ်ား၊ စီးပြားေရး၊ တက္က်မ္း၊ ဗိသုကာႏွင့္ ဟင္းခ်က္နည္းဆိုင္ရာစာအုပ္မ်ားအျပင္ အဂၤလိပ္ဘာသာစာအုပ္ေပါင္း (၁) သန္းေက်ာ္အား မူရင္းေစ်း၏ (၅၀) ရာခိုင္ႏႈန္းမွ (၉၀) ရာခိုင္ႏႈန္းအထိ အထူးေလွ်ာ့ေစ်းျဖင့္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။ ကေလးမ်ားအတြက္လည္း ပံုျပင္စာအုပ္မ်ား၊ ေဆးေရာင္ျခယ္စာအုပ္မ်ား၊ ရုပ္ျပစာအုပ္မ်ားအျပင္ အျပန္အလွန္ေလ့က်င့္သင္ၾကားေပးသည့္စာအုပ္မ်ား စသည္ျဖင့္ အမ်ိဳးအစားစံုလင္စြာ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။

(၂၀၁၉) ခုႏွစ္အတြင္း ဝယ္လုိအားမ်ားခဲ့ျခင္းေၾကာင့္ Magical Books (or) Augmented Reality (AR) သံုးဘက္ျမင္ရုပ္လံုးၾကြနည္းပညာႏွင့္ ဖတ္ရႈရေသာ စာအုပ္အမ်ိဳးအစားအစံုအလင္ကိုလည္း The Big Bad Wolf စာအုပ္ေရာင္းပဲြရန္ကုန္ (၂၀၂၀) မွာ မိဘမ်ားအေနနဲ႔လက္မလႊတ္သင့္ပါ။ ထိုစာအုပ္မ်ားသည္ စာဖတ္ပံုစံကိုေျပာင္းလဲေပးသည့္ ေခတ္မီ AR နည္းပညာမ်ားကို အသံုးျပဳထားေသာေၾကာင့္ကေလးမ်ားစာဖတ္ရာတြင္ ေပ်ာ္ရႊင္ဖြြယ္ေကာင္းေစသည္။ Magical Books မ်ားတြင္ ဇာတ္ေကာင္မ်ားသည္ စကားေျပာျခင္း၊ ကခုန္သီဆိုျပျခင္း စသည္တို႔ကိုျပဳလုပ္ေပးၿပီး အသက္ဝင္လာတာျဖစ္သည့္အတြက္ ကေလးမ်ားစာဖတ္ေလ့လာရာတြင္ စိတ္လႈပ္ရွားေစမည္ျဖစ္သည္။ စာအုပ္အေရာင္းပဲြတြင္ Wolf Pack ၏အဖဲြ႔ဝင္မ်ားသည္ စာအုပ္ (၅) အုပ္ဝယ္ (၁) အုပ္အခမဲ့ရသည့္ အထူးအစီအစဥ္ကိုခံစားခြင့္ရမည္ျဖစ္သည္။ 

"ျမန္မာႏိုင္ငံကလူငယ္ေတြ ဗဟုသုတနဲ႔ သတင္းအခ်က္အလက္ေတြအတြက္ ဒီဂ်စ္တယ္ပိုင္းကိုပိုၿပီးအားကိုးလာတာေတြ႔ရပါတယ္။ ဒါေပမဲ့စာအုပ္ေတြကလည္း စာဖတ္ျခင္းအေလ့အထကို လံႈ႕ေဆာ္ေပးတဲ့ေနရာမွာ အရမ္းအေရးၾကီးပါတယ္။ အဲ့ဒါေၾကာင့္ႏိုင္ငံအတြင္းမွာ ဒီလိုပဲြေတြလုပ္ေပးၿပီး စာအုပ္ေတြကို ေစ်းသက္သက္သာသာနဲ႔ ေရာင္းခ်ျခင္းအားျဖင့္ စာဖတ္ဝါသနာကို ပိုမိုတိုးပြားလာေစပါတယ္။ တျဖည္းျဖည္းနဲ႔စာဖတ္ႏႈန္းေတြ ျမင့္တက္လာမွာေတာ့ေသခ်ာပါတယ္။ The Big Bad Wolf စာအုပ္အေရာင္းပဲြကို ျမန္မာႏိုင္ငံကို အျမဲလာေရာက္က်င္းပမယ္လို႔ ေမွ်ာ္လင့္ပါတယ္။" ဟု Save the Library ၏ Founder ကိုေမာင္ေမာင္စိုးမွေျပာသည္။

The Big Bad Wolf စာအုပ္အေရာင္းပဲြသည္ ျပည္တြင္းအဖဲြ႔အစည္းတစ္ခုျဖစ္သည့္ CB Bank ႏွင့္ပူးေပါင္းၿပီးပဲြအတြင့္ CB ဘဏ္ကတ္အား အသံုးျပဳၿပီးစာအုပ္ဝယ္ယူသူမ်ားအတြက္ (၅) ရာခုိင္ႏႈန္း Cashback ကို (၁၀,၀၀၀) က်ပ္အထိေပးသြားမည္ျဖစ္သည္။ သယ္ယူပို႔ေဆာင္ေရးအတြက္ Grab ႏွင့္လည္းပူးေပါင္းကာ လာေရာက္သူမ်ားအတြက္ Promotion မ်ားစီစဥ္ထားၿပီး Alpine မွလည္းပံ့ပိုးေပးထားသည္။ 

The Big Bad Wolf စာအုပ္ေရာင္းပဲြေတာ္၏ လူမႈအက်ိဳးျပဳအစီအစဥ္ျဖစ္သည့္ Red Readerhood မွလည္း Save the Library ႏွင့္ ဆက္လက္လက္တဲြၿပီးလုပ္ေဆာင္သြားမည္ျဖစ္သည္။ Save the Library သည္ရန္ပံုေငြမ်ားစုေဆာင္းၿပီး စာအုပ္အသစ္မ်ားဝယ္ယူထိန္းသိမ္း၍ အမ်ားျပည္သူႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာၾကည့္တိုက္မ်ားတြင္ဖတ္ရႈႏိုင္ရန္ အကူအညီေပးေနေသာအဖဲြ႔အစည္း တစ္ခုျဖစ္သည္။ The Big Bad Wolf မွ စာအုပ္ေပါင္း (၅၀၀) လွဴဒါန္းသြားမည္ျဖစ္ၿပီး လာေရာက္ဝယ္ယူၾကမည့္သူမ်ားကိုလည္း ႀကိဳက္ႏွစ္သက္ရာစာအုပ္မ်ားကိုဝယ္ယူ၍ ေငြရွင္းေကာင္တာေနာက္တြင္ရွိသည့္ Red Readerhood ေကာင္တာတြင္ လွဴဒါန္းေပးရန္လည္းတိုက္တြန္းပါသည္။ 

စာအုပ္အေရာင္ပဲြေတာ္သို႔လာေရာက္ၾကမည့္သူမ်ားအာ #BBWYGNSNAPSHOTS ဓာတ္ပံုၿပိဳင္ပဲြကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ရန္တိုက္တြန္းအပ္ပါသည္။ အဆိုပါဓာတ္ပံုၿပိဳင္ပဲြသည္ ပါဝင္ယွဥ္ၿပိဳင္သူမ်ားအား တြန္းလွည္းတစ္စီးစာ စာအုပ္မ်ားအႏိုင္ရရွိႏိုင္မည့္ အခြင့္အေရးေပးထားၿပီး အႏိုင္ရရွိသူမ်ားကို (၂၀၂၀) ခုႏွစ္၊ ဇန္နဝါရီလ (၁၉) ရက္ေန႔တြင္ေရြးခ်ယ္သြားမည္ျဖစ္သည္။ 

ျမန္မာႏိုင္ငံမွ စာအုပ္ခ်စ္သူမ်ားအေနျဖင့္ The Big Bad Wolf စာအုပ္ေရာင္းပဲြႏွင့္ ပတ္သက္သည့္ ေနာက္ဆံုးရသတင္းမ်ား၊ ၿပိဳင္ပဲြမ်ား၊ Giveaways မ်ားႏွင့္ အျခားစိတ္ဝင္စားစရာမ်ားအား ေအာက္ပါတရားဝင္ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွတဆင့္ သိရွိႏိုင္ပါသည္။

** Facebook: bbwbooksmm **
** Instagram: bigbadwolfbooks_mm **

Latest Post News News News Read 973 times