အသက် (၁၀) နှစ်မှာ ကောလိပ်စတက်ပြီး (၁၇) နှစ်မှာ ပါရဂူဘွဲ့ရခဲ့သူ

 

Chicago မြို့က ဆယ်ကျော်သက်ကောင်မလေးတစ်ဦးဟာ အသက် ၁၀ နှစ်အရွယ်မှာ ကောလိပ်စတက်ခဲ့ပြီး ၁၇ နှစ်အရွယ်မှာ ပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ အဆိုပါကောင်မလေးရဲ့ နာမည်က Dorothy Jean Tillman II ဖြစ်ပြီး သူမက " Good Morning America " အစီအစဉ်မှာ အသက် ၁၀ နှစ်မတိုင်မီတည်းက အိမ်မှာ စာသင်ယူခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ 

 

အသက် ၁၀ နှစ်မှာ ကောလိပ်စတက်ပြီး အသက် ၁၃ နှစ်မှာ Bachelor ဘွဲ့ကို ရရှိခဲ့ပါသည်။ သူမသည် တစ်နှစ်အကြာ အသက် ၁၅ နှစ်အရွယ်မှာ မဟာသိပ္ပံဘွဲ့ (Master of Science) ကိုရရှိခဲ့ပြီး အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ အပြုအမူဆိုင်ရာကျန်းမာရေးစီမံခန့်ခွဲမှုပါရဂူပရိုဂရမ် (Doctorate of Behavioral Health Management Program) ကို ဆက်လက်တက်ရောက်ခဲ့ပါသည်။ 

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အသက် ၁၇ နှစ်တွင် Tillman သည် ASU's College မှ သူမ၏ Doctoral Degree in Integrated Behavioral Health ပါရဂူဘွဲ့ကို ပြီးဆုံးအောင်မြင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မေလ (၆) ရက်နေ့မှာတော့ ဘွဲ့နှင်သဘင်အခမ်းအနားကို လျှောက်လှမ်းခဲ့ပါသည်။ 

 

Tillman သည် "GMA" အစီအစဉ်မှာ သူမသည် သူမ၏ မိသားစုနောက်ခံကြောင့် ပညာရေးကို အမြဲတမ်းအလေးထားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ "နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ငါ့အဖွားလို လူတွေဟာ ပညာရေးရဲ့ အရေးပါမှုကို သိရှိပြီး ကြိုးကြိုးစားစားနဲ့ အမြဲတစေ တစ်ခုခုကို လေ့လာနေခဲ့တယ်" လို့ Tillman က ဆိုပါသည်။ ဆက်လက်ပြီး သူမက “ဒါတွေဟာ ကျွန်မအတွက် မတူညီတဲ့ အရာအသစ်တစ်ခုကို သင်ယူဖို့ တွန်းအားတစ်ခုလို ခံစားရပါတယ်။" လို့ ပြောခဲ့ပါသည်။ 

 

ASU မှ ဆေးဘက်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Lesley Manson က Tillman သည် သူတို့ကျောင်းသမိုင်းတွင် အသက်အငယ်ဆုံးအဖြစ် ပါရဂူဘွဲ့ကို ရရှိခဲ့တဲ့ ကျောင်းသူလေးဖြစ်ကြောင်း "GMA" သို့ ပြောကြားခဲ့သည်။ သူမသည် ပါရဂူပရိုဂမ်အတွက် စာတမ်းပြုစုခဲ့သည့်အပြင် ဂျာနယ်မှာလည်း ဆောင်းပါးရေးသားခဲ့ပါသည်။ ထို့အပြင် တက္ကသိုလ်ကျောင်းသားကျန်းမာရေးဌာနတွင်လည်း အလုပ်သင်ဝင်လုပ်ခဲ့ကြောင်း Manson က ဆိုပါသည်။ 

 

သူမက ကျန်းမာရေးစောင့်ရှောက်မှု အမှားအယွင်းတွေကို လျှော့ချရန်နှင့် ကျောင်းသားကျန်းမာရေးဝန်ဆောင်မှုများတွင် ကျောင်းသားဦးရေ တိုးလာစေရန်အတွက် မတူညီသည့် စီမံခန့်ခွဲမှုလုပ်ဆောင်ချက်တွေကို ဦးဆောင်ပြောင်းလဲခဲ့ပါသည်။ Tillman သည် စူးစမ်းလိုစိတ်ရှိပြီး ထက်မြက်တဲ့ ကျောင်းသူဖြစ်ကြောင်းနှင့် သူမက နောက်ပိုင်းလူငယ်တွေအတွက် Inspire ဖြစ်စေမယ်လို့လည်း Manson က ဆိုပါသည်။ 

 

ဘွဲ့ရပြီးနောက်သူမ၏အစီအစဉ်များနှင့် ပတ်သက်၍ Tillman က သူမသည် "တခြားဆယ်ကျော်သက်တွေလို တိကျတဲ့ အိပ်မက်နဲ့ ပန်းတိုင်တွေကို ရှာဖွေနေဆဲဖြစ်တယ်" ဟုပြောကြားခဲ့ပါသည်။

 

International News Latest Post Read 501 times