Sales Hotline : 09448001653       Download App



နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် MGTC တို့စာချွန်လွှာ လက်မှတ်ရေးထိုး

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် Moattama Gas Transporation Company Limited (MGTC)နှင့် ပူးပေါင်း၍ ရတနာဂဟေဆက်နည်းပညာ သင်တန်း ကျောင်း (Yadana Welding Training Center) အား ရန်ကုန်မြို့တွင် ဖွင့်လှစ်၍ ဂဟေဆက်နည်းပ ညာ သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Moattama Gas Transporation Company Limited(MGTC)တို့အကြား ပထမအကြိမ်ဆွေးနွေးမှုမှတ်တမ်း (ROD) ကို(၁၂-၅-၂၀၁၅)ရက်နေ့တွင်ရေးထိုးဆောင်ရွက်၍ (ROD)သက်တမ်း(၂)နှစ်အတွင်း ဂဟေဆက်နည်းပညာသင်တန်းအပတ်စဉ်(၆)ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းဦးရေ(၈၇)ဦးအား မွေးထုတ်ပေးခဲ့ပါသည်။ ဒုတိယအကြိမ် နားလည်မှုစာချွန်လွှာ(MOU)ကို (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ရေးထိုးဆောင်ရွက်၍ (MOU)သက်တမ်း(၂)နှစ်အတွင်း ဂဟေဆက်နည်းပညာ သင်တန်း အပတ်စဉ်(၉)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းဦးရေ (၁၁၂)ဦးအား မွေးထုတ်ပေးခဲ့ ပါသည်။

ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (Yadana Welding Training Center)တွင် ဂဟေဆက်နည်းပညာသင်တန်းများ ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် Moattama Gas Transporation Company Limited(MGTC) မှ Country Chair and General Manager ဖြစ်သူ Mrs. Karen Boesen တို့သည် တတိယအကြိမ် နားလည်မှုစာချွန်လွှာ(MOU)ကို (၂၁-၁၂-၂၀၂၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် ဂဟေဆက်နည်းပညာ သင်တန်းတက်ရောက်သော သင်တန်းသားများကို မြန်မာနိုင်ငံတွင် အသုံးအများဆုံးသော ဂဟေ အမျိုးအစားများဖြစ်သည့် Shielded Metal Arc Welding (SMAW)၊ Gas Metal Arc Welding (GMAW)၊ Gas Tungsten Arc Welding (GTAW)၊ Flux Core Arc Welding (FCAW) စသည်တို့ကို သင်ကြားပေးနိုင်ခြင်း၊ ခေတ်မီ Welding Simulator စက်များဖြင့် သင်ကြားပေးနိုင် ခြင်း၊ ပြင်ပတွင် အခကြေးငွေများစွာပေး၍ သင်ကြားရသည့် ဂဟေပညာရပ်များအား အခမဲ့ သင်ကြား ပေးခြင်း၊ သင်ရိုးညွှန်း တမ်းများသည် NSSA ၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ ခြင်း၊ သင်တန်း သားများ၏ တတ်မြောက်မှုအား NSSA၊ Third Party ဂဟေဆက် စစ်ဆေးရေး အဖွဲ့ များဖြင့် စစ်ဆေးပေးခြင်း၊ တိုတယ်မြန်မာ ရတနာစီမံကိန်းမှ သင်တန်းသားများအား သင်တန်း တက် ရောက်စဉ်ကာလ အတွင်း ထောက်ပံ့ကြေးပေးခြင်း၊ လုပ်ငန်းခွင်လက်တွေ့ သင်တန်းများ (OJT) တက်ရောက် စေခြင်းနှင့် အဆိုပါသင်တန်းတက်ရောက်ရန် ထောက်ပံ့ကြေးပေးခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။

အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)တွင် သင်တန်းတက်ရောက်ပြီးစီးခဲ့သည့် သင်တန်းသားများသည် ဂျပန်နိုင်ငံရှိ ဂဟေဆက်လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများ၊ မင်းဓမ္မဆောက်လုပ်ရေးကုမ္ပဏီ၊ ဆင်မလိုက် သင်္ဘောကျင်း၊ J&M Steel Solution ကုမ္ပဏီ၊ P & K International Steel ကုမ္ပဏီ၊ Mother Construction ကုမ္ပဏီ၊ Myanmar Oil & Gas Enterprise (MOGE) စသည့် ကုမ္ပဏီများနှင့် ကန်ထရိုက် လုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက် လျက်ရှိပါသည်။

Source: tvetmyanmar.gov.mm

Latest Post News Read 1136 times