မြန်မာနိုင်ငံမှ ဆရာ၊ ဆရာများအတွက် အကောင်းဆုံး သင်ကြားခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ ပညာတော်သင် အစီအစဉ်

မြန်မာနိုင်ငံမှ ဆရာ၊ ဆရာများအတွက် အကောင်းဆုံး သင်ကြားခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ ပညာတော်သင် အစီအစဉ်

မြန်မာနိုင်ငံမှ ဆရာ၊ ဆရာများအတွက် အကောင်းဆုံး သင်ကြားခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ Teaching Excellence and Achievement (TEA) ပညာတော်သင် အစီအစဉ်အတွက် စတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာကဆရာ၊ ဆရာမတွေကို သူတို့ရဲ့ကျွမ်းကျင်ရာ ဘာသာရပ်တွေ ပိုမိုဖွံ့ဖြိုးဖို့၊ သင်ကြားရေး စွမ်းရည်တွေ ပိုမိုကောင်းမွန်ဖို့၊ အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတတွေ ပိုမိုရရှိစေဖို့အတွက် Teaching Excellence and Achievement (TEA) ပညာတော်သင် အစီအစဉ်က ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

READ - ထိုင်းနိုင်ငံ၌ ဖွင့်လှစ်မည့် ရေသွင်းစိုက်ပျိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုနည်းပညာအတွက် ပညာသင်ဆု ခေါ်ယူ

TEA ပညာတော်သင်အစီအစဉ်က သီတင်းပတ် ခြောက်ပတ်ကြာ တက်ရောက်ရမှာဖြစ်ပြီး သင်ကြားရေး နည်း စနစ်တွေ၊ သင်ရိုးညွှန်းတမ်း ပိုမိုကောင်းမွန်အောင် ရေးဆွဲတာတွေ၊ သင်ခန်းစာပြု စုတာတွေနဲ့ နည်းပြဆိုင်ရာ နည်းစနစ်တွေအကြောင်း ဆွေးနွေးပွဲတွေအပါအဝင် ဘွဲ့လက်မှတ်နဲ့ အမှတ်စာရင်းများ ပေးအပ်မှာ မဟုတ်ဘဲ သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်အပ်နှင်းမယ့် အစီအစဉ် ဖြစ်ပါတယ်။

လျှောက်လွှာပိတ်ရက်မှာ မတ်လ ၂ ရက် သတ်မှတ်ထားပြီး အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေး ပညာလေ့လာမှု ဘာသာစတဲ့ ဘာသာရပ်တွေကို သင်ကြားရေးမှာ ငါးနှစ် သို့မဟုတ် ငါးနှစ်နဲ့ အထက် အတွေ့အကြုံရှိသူ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေ အားလုံး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာများကို [email protected] သို့ အီးမေးလ်ပေးပို့ တောင်းယူနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 1676 times