Sales Hotline : 09448001653       Download App



ပြောင်းလဲမည့် သင်ရိုးသစ်အတွက် ဆရာ/ဆရာမများကို သင်တန်းပေးမည်

** Unicode **

ယခုလာမည့်ပညာသင်နှစ်တွင် ပြောင်းလဲမည့် စတုတ္ထတန်းသင်ရိုးသစ်အတွက် ဇန်နဝါရီ (၂၇) ရက်မှစတင်၍ ဗဟိုအဆင့်သင်ပြနည်း သင်တန်းပေးမည်ဖြစ်ကြောင်းသိရပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်ဇွန်လ ကျောင်းဖွင့်ချိန်မှစ၍ အခြေခံပညာလတန်းအဆင့် စတုတ္ထတန်းကို သင်ရိုးသစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ မူလတန်းပြ ဆရာ/ဆရာမများအားလုံးကို ကျောင်းမဖွင့်မီ သင်ရိုးသစ်သင်ပြနည်းသင်တန်းများပေးရန် ပညာရေးဝန်ကြီးဌာနမှ စီစဉ်နေပါတယ်။

မေလနောက်ဆုံးထား၍ ဆရာ/ဆရာမများကို သင်တန်းပေးခြင်းပြုလုပ်ရမည်ဖြစ်ပါတယ်။ သင်တန်းများကို တိုင်းအဆင့်၊ မြို့နယ်အဆင့် တစ်ဆင့်ချင်း ပရိုဂရမ်အလိုက်လုပ်မည်ဟု အခြေခံပညာဦးစီးဌာနမှ ဝာာဝန်ရှိတစ်ဦးမှ ပြောကြားပါတယ်။

၎င်းသင်တန်းကို ဗဟိုအဆင့်သင်တန်းတက်ရောက်ခဲ့သူများက သင်ကြားပေးမည်ဖြစ်ပြီး ခရိုင်၊ မြို့မယ်အဆင့်သင်တန်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သင်တန်းတက်ရောက်ခဲ့သူများက သင်ကြားမည်ဖြစ်ပါတယ်။

အခြေခံပညာတန်းများကို (၁) နှစ် (၁) တန်း သင်ရိုးညွှန်းတမ်းသစ်များဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်မှ စတင်သင်ကြားနေပြီဖြစ်ရာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်ပါတယ်။

စတုတ္ထတန်းသင်ရိုးသစ်အတွက် တစ်နိုင်ငံလုံးရှိ မူလတန်းပြ ဆရာ/ဆရာမအားလုံးသင်ပြနည်းသင်တန်းတက်ရမည်ဖြစ်ပြီး သတ္တမတန်း သင်ရိုးသစ် သင်ပြနည်းသင်တန်းကို အလယ်တန်းပြဆရာ/ဆရာမအားလုံး၊ ဒသမတန်း သင်ရိုးသစ် သင်ပြနည်းသင်တန်းကို အထက်တန်းပြဆရာ/ဆရာမ အားလုံးတက်ရောက်ရမည်ဟု သိရပါတယ်။

Read More:>>>>  ေဖေဖာ္ဝါရီလအတြင္းထုတ္ေပးမည့္ တကၠသုိလ္ဝင္တန္းဝင္ခြင့္ေျဖဆိုမည့္ကတ္ျပားမ်ား

အငြိမ်းစားယူရန်ကာလနီးကပ်နေသူများ၊ ကိုယ်ဝန်ဆောင်ဆရာမများ၊ ကျန်းမာရေးမပြည့်စုံသူများကို သင်တန်းစေလွှတ်ခြင်းမပြုရန် သင်တန်းစေလွှတ်ခြင်းမပြုရန် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ညွှန်ကြားထားပါတယ်။

www.edge.com.mm)


** Zawgyi **

ယခုလာမည့္ပညာသင္ႏွစ္တြင္ ေျပာင္းလဲမည့္ စတုတၳတန္းသင္ရိုးသစ္အတြက္ ဇန္နဝါရီ (၂၇) ရက္မွစတင္၍ ဗဟိုအဆင့္သင္ျပနည္း သင္တန္းေပးမည္ျဖစ္ေၾကာင္းသိရပါတယ္။

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ဇြန္လ ေက်ာင္းဖြင့္ခ်ိန္မွစ၍ အေျခခံပညာလတန္းအဆင့္ စတုတၳတန္းကို သင္ရိုးသစ္ျဖင့္ ေျပာင္းလဲသင္ၾကားမည္ျဖစ္ကာ တစ္ႏိုင္ငံလံုးရွိ မူလတန္းျပ ဆရာ/ဆရာမမ်ားအားလံုးကို ေက်ာင္းမဖြင့္မီ သင္ရိုးသစ္သင္ျပနည္းသင္တန္းမ်ားေပးရန္ ပညာေရးဝန္ႀကီးဌာနမွ စီစဥ္ေနပါတယ္။

ေမလေနာက္ဆံုးထား၍ ဆရာ/ဆရာမမ်ားကို သင္တနး္ေပးျခင္းျပဳလုပ္ရမည္ျဖစ္ပါတယ္။ သင္တန္းမ်ားကို တိုင္းအဆင့္၊ ၿမိဳ႕နယ္အဆင့္ တစ္ဆင့္ခ်င္း ပရိုဂရမ္အလိုက္လုပ္မည္ဟု အေျခခံပညာဦးစီးဌာနမွ ဝာာဝန္ရွိတစ္ဦးမွ ေျပာၾကားပါတယ္။

၄င္းသင္တနး္ကို ဗဟိုအဆင့္သင္တန္းတက္ေရာက္ခဲ့သူမ်ားက သင္ၾကားေပးမည္ျဖစ္ၿပီး ခရိုင္၊ ၿမိဳ႕မယ္အဆင့္သင္တန္းမ်ားတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္သင္တန္းတက္ေရာက္ခဲ့သူမ်ားက သင္ၾကားမည္ျဖစ္ပါတယ္။

အေျခခံပညာတန္းမ်ားကို (၁) ႏွစ္ (၁) တန္း သင္ရိုးညႊန္းတမ္းသစ္မ်ားျဖင့္ ၂၀၁၆-၁၇ ပညာသင္ႏွစ္မွ စတင္သင္ၾကားေနၿပီျဖစ္ရာ စတုတၳတန္း၊ သတၱမတန္း၊ ဒသမတန္းတို႔ကို လာမည့္ ၂၀၂၀-၂၁ ပညာသင္ႏွစ္တြင္ သင္ရုိးသစ္ျဖင့္ သင္ၾကားမည္ျဖစ္ပါတယ္။

စတုတၳတန္းသင္ရိုးသစ္အတြက္ တစ္ႏိုင္ငံလံုးရွိ မူလတန္းျပ ဆရာ/ဆရာမအားလံုးသင္ျပနည္းသင္တန္းတက္ရမည္ျဖစ္ၿပီး သတၱမတန္း သင္ရိုးသစ္ သင္ျပနည္းသင္တန္းကို အလယ္တန္းျပဆရာ/ဆရာမအားလံုး၊ ဒသမတန္း သင္ရိုးသစ္ သင္ျပနည္းသင္တန္းကို အထက္တန္းျပဆရာ/ဆရာမ အားလံုးတက္ေရာက္ရမည္ဟု သိရပါတယ္။

Read More:>>>>  ေဖေဖာ္ဝါရီလအတြင္းထုတ္ေပးမည့္ တကၠသုိလ္ဝင္တန္းဝင္ခြင့္ေျဖဆိုမည့္ကတ္ျပားမ်ား

အၿငိမ္းစားယူရန္ကာလနီးကပ္ေနသူမ်ား၊ ကိုယ္ဝန္ေဆာင္ဆရာမမ်ား၊ က်န္းမာေရးမျပည့္စံုသူမ်ားကို သင္တန္းေစလႊတ္ျခင္းမျပဳရန္ သင္တန္းေစလႊတ္ျခင္းမျပဳရန္ အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးမွ ညႊန္ၾကားထားပါတယ္။

www.edge.com.mm)

 

News News News Latest Post Read 2692 times