တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်မည့် ဆရာ၊ ဆရာမများကိုသင်တန်းပေးမည်

**Zawgyi**

၂၀၂၀ တကၠသိုလ္ဝင္စာေမးပဲြက်င္းပမည့္ စာစစ္ဌာနမ်ားတြင္ ၾကီးၾကပ္မည့္ေက်ာင္းအုပ္ၾကီးမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားကို ဒီဇင္ဘာ၊ ဇန္နဝါရီလမ်ားတြင္ သင္တန္းေပးမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ႏိုဝင္ဘာ တတိယအပတ္တြင္ေၾကညာသည္။

ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ သင္တန္း (၃) ၾကိမ္ခဲြေပးမည္ျဖစ္ၿပီး (၁) ၾကိမ္လွ်င္သင္တန္းကာလ (၂) ရက္ၾကာမည္ျဖစ္သည္။ ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ သင္တန္းေပးမည့္ေနရာတစ္ခု စုရပ္ျပဳလုပ္ကာအနီးရွိ တုိင္းေဒသၾကီးႏွင့္ျပည္နယ္မ်ားမွ တကၠသိုလ္ဝင္စာေမးပဲြၾကီးၾကပ္မည့္ ေက်ာင္းအုပ္ၾကီးမ်ား၊ ဆရာ၊ ဆရာမမ်ားသင္တန္းတက္ေရာက္ရမည္ျဖစ္သည္။ 

ယခင္ႏွစ္က တကၠသိုလ္ဝင္စာေမးပဲြစာစစ္ဌာနဖြင့္လွစ္သင့္အေရအတြက္အတိုင္း ယခုႏွစ္အတြက္ ၾကီးၾကပ္ေရးမွဴးလ်ာထားသူ ေက်ာင္းအုပ္ၾကီးမ်ား၊ ဆရာ၊ ဆရာမမ်ားစာရင္းကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားထံမွ ေတာင္းခံထားသည္။ ထိုလ်ာထားစာရင္းတြင္ ပါဝင္သူမ်ားသည္ တကၠသိုလ္ဝင္စာေမးပဲြၾကီးၾကပ္သူမ်ား အလုပ္ရံုသင္တန္းသို႔ တက္ေရာက္ရမည္ျဖစ္သည္။ 

"စာစစ္ဌာနၾကီးၾကပ္ေရးမွဴးေတြနဲ႔ အလုပ္ရံုးေဆြးေႏြးပဲြပံုစံသင္တန္းေပးမွာပါ။ ကိုယ္တာဝန္ယူရတဲ့ စာစစ္ဌာနမွာ အေၾကာင္းတစ္ခုခုၾကံဳလာရင္ စာေမးပဲြစည္းကမ္းနဲ႔အညီ ဘယ္လိုေျဖရွင္းရမယ္ဆိုတာမ်ိဳးေတြပါမွာပါ" ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးကေျပာသည္။

၂၀၂၀ တကၠသိုလ္ဝင္စာေမးပဲြေျဖဆိုလိုသူမ်ား စာေမးပဲြေျဖဆိုခြင့္ကတ္ျပားကို စက္တင္ဘာ (၃၀) ရက္အထိ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ တင္သြင္းခြင့္ျပဳခဲ့ၿပီး ေျဖဆိုခြင့္ကတ္ျပားကို ေဖေဖာ္ဝါရီလအတြင္း ျပန္လည္ထုတ္ေပးမည္ျဖစ္သည္။

စာေမးပဲြေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားတြင္ ေလွ်ာက္လႊာတင္သြင္းသူသည္ နဝမတန္း ေအာင္ျမင္ၿပီးျဖစ္ေၾကာင္း ေက်ာင္းအုပ္ၾကီးမ်ားႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားက ေထာက္ခံလတ္မွတ္ေရးထိုးကာတင္သြင္းရၿပီး ေလွ်ာက္လႊာတင္သူမ်ား နဝမတန္းေအာင္ျမင္ျခင္းရွိ၊ မရွိ၊ ေလွ်ာက္လႊာပါအခ်က္အလက္မ်ား မွန္ကန္မႈရွိ၊ မရွိ၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက စိစစ္ၿပီးမွ ေျဖဆိုခြင့္ကတ္ျပန္ခ်ေပးမည္ဟု ၄င္းကဆိုသည္။

တကၠသိုလ္ဝင္စာေမးပဲြက်င္းပမည့္ရက္ကို မသိရေသးဘဲ ယခင္ႏွစ္မ်ားအတိုင္း ဒီဇင္ဘာအတြင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေၾကညာမည္ဟု အဆိုပါညႊန္ၾကားေရးမွဴးကေျပာသည္။ 

လက္ရွိတြင္ အေျခခံပညာေက်ာင္းမ်ားမွ အထက္တန္းျပဆရာ၊ ဆရာမမ်ားကို ဘာသာရပ္အလုိက္ တကၠသိုလ္ပါေမာကၡမ်ားက ေအာင္ခ်က္ျမင့္မားေရးဆုိုင္ရာေဆြးေႏြးပဲြမ်ားပို႔ခ်ေနသည္။ 

၂၀၁၉ တကၠသိုလ္ဝင္စာေမးပဲြကို မတ္လ (၆) ရက္မွ (၁၅) ရက္အထိက်င္းပၿပီး ဝင္ေရာက္ေျဖဆိုသူ (၈) သိန္းေက်ာ္ရွိသည္။ 

Source: 7Day News

 

**Unicode**

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကြီးကြပ်မည့်ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများကို ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် သင်တန်းပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နိုဝင်ဘာ တတိယအပတ်တွင်ကြေညာသည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်တန်း (၃) ကြိမ်ခွဲပေးမည်ဖြစ်ပြီး (၁) ကြိမ်လျှင်သင်တန်းကာလ (၂) ရက်ကြာမည်ဖြစ်သည်။ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်တန်းပေးမည့်နေရာတစ်ခု စုရပ်ပြုလုပ်ကာအနီးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်မည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများသင်တန်းတက်ရောက်ရမည်ဖြစ်သည်။ 

ယခင်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနဖွင့်လှစ်သင့်အရေအတွက်အတိုင်း ယခုနှစ်အတွက် ကြီးကြပ်ရေးမှူးလျာထားသူ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများစာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မြို့နယ်ပညာရေးမှူးရုံးများထံမှ တောင်းခံထားသည်။ ထိုလျာထားစာရင်းတွင် ပါဝင်သူများသည် တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်သူများ အလုပ်ရုံသင်တန်းသို့ တက်ရောက်ရမည်ဖြစ်သည်။ 

"စာစစ်ဌာနကြီးကြပ်ရေးမှူးတွေနဲ့ အလုပ်ရုံးဆွေးနွေးပွဲပုံစံသင်တန်းပေးမှာပါ။ ကိုယ်တာဝန်ယူရတဲ့ စာစစ်ဌာနမှာ အကြောင်းတစ်ခုခုကြုံလာရင် စာမေးပွဲစည်းကမ်းနဲ့အညီ ဘယ်လိုဖြေရှင်းရမယ်ဆိုတာမျိုးတွေပါမှာပါ" ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို စက်တင်ဘာ (၃၀) ရက်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြေဆိုခွင့်ကတ်ပြားကို ဖေဖော်ဝါရီလအတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများတွင် လျှောက်လွှာတင်သွင်းသူသည် နဝမတန်း အောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများက ထောက်ခံလတ်မှတ်ရေးထိုးကာတင်သွင်းရပြီး လျှောက်လွှာတင်သူများ နဝမတန်းအောင်မြင်ခြင်းရှိ၊ မရှိ၊ လျှောက်လွှာပါအချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စိစစ်ပြီးမှ ဖြေဆိုခွင့်ကတ်ပြန်ချပေးမည်ဟု ၎င်းကဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ရက်ကို မသိရသေးဘဲ ယခင်နှစ်များအတိုင်း ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာမည်ဟု အဆိုပါညွှန်ကြားရေးမှူးကပြောသည်။ 

လက်ရှိတွင် အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် တက္ကသိုလ်ပါမောက္ခများက အောင်ချက်မြင့်မားရေးဆိုင်ရာဆွေးနွေးပွဲများပို့ချနေသည်။ 

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၆) ရက်မှ (၁၅) ရက်အထိကျင်းပပြီး ဝင်ရောက်ဖြေဆိုသူ (၈) သိန်းကျော်ရှိသည်။ 

Source: 7Day News

News Latest Post Read 1011 times