တက္ကသိုလ် (၁၆) ခုမှ ဆရာ၊ ဆရာမများအား ကိုဗစ်အတွက် အလှည့်ကျတာဝန်ချထားရန်စီစဉ်

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးပြိုလဲသွားနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုမှ ဆရာ၊ ဆရာမများအား လိုအပ်သလို အလှည့်ကျတာဝန်ချထားခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။

Source - MOHS

Latest Post Read 3395 times