မက်ဒီဆင်ကောင်တီ ဒေသဆိုင်ရာရုံးမှ ဆရာများကို အွန်လိုင်းသင်ကြားခြင်နှင့် ပတ်သက်၍ သင်ကြားပို့ချ

အမေရိကန်နိုင်ငံ မစ္စစပီပြည်နယ်ရှိ Madison County ဒေသအတွင်းမှာ ရှိသည့် ကျောင်းများမှာ coronavirus ကြောင့်ပြီးခဲ့သည့်နွေ ဦး ရာသီတွင်မမျှော်လင့်ဘဲရပ်တန့်ခဲ့ရသည်။

ထို့ကြောင့် ဆရာများအနေဖြင့် အွန်လိုင်းတွင် ပို့ချ သင်ကြားနိုင်ရန် ညွှန်ကြား ချက်များကို အလျင်အမြန်ထုတ်ပြန်ပြီ စီစဉ်ဆောင်ရွက် ခဲ့ရသည်။

အဝေးမှ အွန်လိုင်းဖြင့် သင်ယူသော နည်းလမ်းများကို ၎င်းတို့ အနေဖြင့် ရင်းနှီးမှု မရှိဘဲ ကျွမ်းကျင်မှု အသစ်များကို အထူးလိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။

ထိုဒေသမှ ဆရာဆရာမများအတွက် Zoom, Virtual Classroom, Google Classroom, Google Meet, Coding, Seesaw, Schoology, Google Forms, Bitmoji အစရှိသော အွန်လိုင်းပလက်ဖောင်းများသည် ဝေါဟာရအသစ် ဖြစ်လာသည်။

မတ်လလယ်မှ စ၍ ကျောင်းစာသင်နှစ်ကုန်ဆုံးချိန်အထိ ဆရာဆရာမများမှာ ကျောင်းသားများအတွက် အဓိပ္ပာယ်ရှိသော သင်ကြားမှူများနှင့် ညွှန်ကြားချက်များ ပေးနိုင်ရန် ကြိုးစားခဲ့ကြရသည်။

သို့သော် ဤသို့ အခက်အခဲ တွေ့နေရသည်မှာ ဆရာဆရာမများသာ မဟုတ်ချေ။ ကျောင်းသားများနှင့်မိဘများသည်လည်း ဒီသင်ကြားရေးအကျပ်အတည်းကို နားလည်ရန်ရုန်းကန်နေရသည်။

ပညာရေးဘုတ်အဖွဲ့များနှင့်ကြီးကြပ်ရေးမှူးများက ဤရောဂါကူးစက်မှုဆက်လက်ဖြစ်ပွားနေလျှင်လည်း ပညာရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများပိုကောင်းပြီး သေချာစေရန် စီစဉ်ဆောင်ရွက်ရမည် ဟု ပြောကြားထားသည်။

ဇွန်လအလယ် မှစ၍ မက်ဒီဆင်၏ ဒေသဆိုင်ရာပညာရေးရုံးသည် ဆရာများစာသင်ကြားရာတွင်အထောက်အကူဖြစ်စေရန် အလုပ်ရုံဆွေးနွေးပွဲ ၃၅ ခုကျော်ကို ပြုလုပ်ကျင်းပပေးခဲ့သည်။

ရာနှင့်ချီသော မက်ဒီဆင်ကောင်တီ မှ ဆရာများသည် ယခုလို ပညာရေး အကျပ်အတည်း ဖြစ်နေချိန်တွင် ကျောင်သားများ ပညာရေး မနှောင့် နှေး စေရန် ၎င်းတို့၏ အချိန်နှင့် ခွန်အားများကို ရင်းနှီးမြှုပ်နှံထားကြပါသည်။

ယခုနှစ်နွေရာသီကျောင်းစတင်ပြီးသည့်နောက် ဆရာများက သူတို့၏ကျွမ်းကျင်မှုများကို မြှင့်တင်ရန် ၎င်းတို့ကိုယ်ပိုင်အချိန်တွင် ဆွေးနွေးပွဲများ၊ သင်ကြာရေးနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များကိုတက်ရောက်ခဲ့ကြသည်။

By Myanmar Education Guide- EDGE 

Ref: Advantage News 

Latest Post Read 377 times