ဆွဇ်ဇာလန်အစိုးရဘွဲ့လွန်ပညာသင်ဆု လျှောက်ထားနိုင်

ဆွဇ်ဇာလန်အစိုးရဘွဲ့လွန်ပညာသင်ဆု လျှောက်ထားနိုင်

**Unicode**

မြန်မာနိုင်ငံပါအဝင်နိုင်ငံ (၁၈၀) ကျော်မှကျောင်းသား/သူများအတွက် ဆွဇ်ဇာလန်အစိုးရက ပေးအပ်သော Swiss Government Excel-Ience Scholarships ဖြစ်ပါတယ်။

မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ခွင့်အတွက် အဆိုပါပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်းဆွဇ်ဇာလန်သံရုံးက ကြေညာထားပါတယ်။

Research Fellowship, PhD Scholarships နှင့် Postdoctoral Scholarships ဟူ၍ပညာသင်ဆုသုံးမျိုးအနက် နှစ်သက်ရာကို လျှောက်ထားခွင့်ပြုထားပါတယ်။


ဆွဇ်ဇာလန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်မည့်သင်တန်းသားများသာ ပညာသင်ဆုပေးမည်ဖြစ်ပါတယ်။

ပညာသင်ဆုအဖြစ် လစဉ်အသုံးစရိတ်၊ ကျူရှင်စရိတ်၊ ကျန်းမာရေးအာမခံ၊ လေယာဉ်လက်မှတ်ကုန်ကျစရိတ်တို့ကို ကျခံပေးမည့်အပြင် နေထိုင်ရေးစီစဉ်ပေးမည်ဖြစ်ပါတယ်။

၂၀၁၉ နိုဝင်ဘာ(၂၉) ရက်နောက်ဆုံးထား၍ http://bit.ly/2PIJzkl တွင်လျှောက်လွှာရယူနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်လမ်း၊ ခပေါင်းလမ်း၊ အမှတ် (၁၁) ရှိ ဆွဇ်ဇာလန်သံရုံးသို့ သွားရောက်လျှောက်ထားရမည်ဖြစ်ပါတယ်။


အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် + 95 1 230 7465၊ + 95 1 230 7466၊ + 95 1 230 7467 တို့တွင်မေးမြန်းနိုင်ပါတယ်။

Source: 4 Days News

 

**Zawgyi**


 


 


 

Entrance Tuition ရာထူးဝင်ခွင့်သင်တန်းများ (41) Entrance Tuition နှင့်ပတ်သက်ပြီး သင်တန်း (41)ခု ရှာရန်နှိပ်ပါ။

 


 


 


 

Read More:>>> ဆေးဝါးကျွမ်းကျင်၊အကူသူနာပြုနှင့် ရှေးဦးသူနာပြုစုခြင်း သင်တန်းလျှောက်လွှာခေါ်ယူခြင်း

 


 

Source: 4 Days News

 

International Read 1175 times