ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ နိုဝင်ဘာ (၁၈) ရက်မှစ၍ ဝင်ခွင့်ရတက္ကသိုလ်များကျောင်းအပ်လက်

၂၀၁၉ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားအေနျဖင့္ ၄င္းတုိ႔ဝင္ခြင့္ရတကၠသိုလ္မ်ားတြင္ ႏိုဝင္ဘာ (၁၈) ရက္မွ ဒီဇင္ဘာ (၁၃) ရက္အတြင္း ေက်ာင္းအပ္ရမည္ျဖစ္ေၾကာင္း တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားကေၾကညာထားသည္။

တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ား၏ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ကို ဒီဇင္ဘာ (၂) ရက္တြင္ စတင္ဖြင့္လွစ္မည္ျဖစ္သည္။ တကၠသိုလ္တစ္ခုမွ တစ္ခုသို႔ေျပာင္းတက္လိုသူမ်ားသည္ ႏိုဝင္ဘာ (၂၆) ရက္မွစကာ တကၠသိုလ္အေျပာင္းအေရႊ႕ေလွ်ာက္ထားရမည္ဟု အဆင့္ျမင့္ပညာဦးစီးဌာနက ေၾကညာထားသည္။ 

တကၠသိုလ္တစ္ခုမွ တစ္ခုသို႔ ေျပာင္းတက္လိုသူမ်ားသည္ ေျပာင္းေရႊ႕လိုေသာတကၠသိုလ္၏ အနိမ့္ဆံုးဝင္ခြင့္ျပဳသည့္အမွတ္ႏွင့္ ဝင္ခြင့္သတ္မွတ္ခ်က္မ်ားျပည့္မီရမည္ျဖစ္ၿပီး ေျပာင္းေရႊ႕လိုေသာတကၠသိုလ္မွ လက္ခံမွသာေျပာင္းခြင့္ရမည္ျဖစ္သည္။ 

"တကၠသိုလ္တစ္ခုကေန တျခားတစ္ခုကိုေျပာင္းခ်င္ရင္ ကိုယ္ဝင္ခြင့္ရတဲ့တကၠသိုလဆီက ေထာက္ခံခ်က္ယူၿပီး သတ္မွတ္ရက္အတြင္းေလွ်ာက္ထားရပါတယ္။ သတ္မွတ္ရက္ေက်ာ္ရင္ေတာ့ ေျပာင္းတဲ့တကၠသိုလ္ကလည္း ေက်ာင္းဝင္မွတ္ပံုတင္ခြင့္မျပဳပါဘူး" ဟု အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးက ရွင္းျပသည္။

ေက်ာင္းတစ္ေက်ာင္းမွတစ္ေက်ာင္းသို႔ေျပာင္းရာတြင္ မူလဝင္ခြင့္ရထားသည့္ေက်ာင္းႏွင့္ ပထမဆံုးဆက္သြယ္ေဆာင္ရြက္ရမည္ျဖစ္ၿပီး ေျပာင္းလိုသည့္ေက်ာင္း၏ အနိမ့္ဆံုးဝင္ခြင့္သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီရန္လိုအပ္သည္။ ေက်ာင္းေျပာင္းေရႊ႕ခြင့္သည္သတ္မွတ္ခ်က္မ်ားကိုက္ညီရမည့္အျပင္ ေျပာင္းေရႊ႕လိုသည့္ေက်ာင္း၏စာသင္ခန္းႏွင့္ ဆရာအင္အားအေပၚမူတည္သည္ဟု အဆင့္ျမင့္ပညာဦးစီးဌာနကေၾကညာထားသည္။

ႏွစ္စဥ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား စိတ္ဝင္စားမႈအျမင့္ဆံုးစာရင္းတကၠသိုလ္မ်ားျဖစ္သည့္ ရန္ကုန္တကၠသိုလ္၊ ရန္ကုန္နည္းပညာတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ သတင္းအခ်က္အလက္ႏွင့္နည္းပညာတကၠသိုလ္၊ မႏၱေလးတကၠသိုလ္၊ မႏၱေလးနည္းပညာတကၠသိုလ္၊ မႏၱေလးကြန္ပ်ဴတာတကၠသိုလ္၊ မႏၱေလးႏိုင္ငံျခားဘာသာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ (မႏၱေလး)၊ ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္အာကာသပညာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ (ရတနာပံုဆိုက္ဘာစီးတီး)၊ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ဟူသည့္ တကၠသိုလ္ (၁၄) ခုက ယခုႏွစ္တကၠသိုလ္ဝင္ခြင့္ကို သီးျခားေရြးခ်ယ္ထားသည္။ 

ထိုတကၠသိုလ္ (၁၄) ခုအနက္ ယခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္ (၁) ခုတည္းကသာ လူေတြ႔စစ္ေဆးထားၿပီး က်န္တကၠသိုလ္မ်ားက တကၠသိုလ္ဝင္စာေမးပဲြရမွတ္ျဖင့္သာ ဝင္ခြင့္ဆံုးျဖတ္မည္ျဖစ္သည္။

ေဆးတကၠသိုလ္ႏွင့္ေဆးႏွီးႏႊယ္တကၠသိုလ္မ်ား၏ ဝင္ခြင့္ကိုက်န္းမာေရးဝန္ၾကီးဌာနကစိစစ္ေရြးခ်ယ္ၿပီး အျခားတကၠသိုလ္မ်ား၏ဝင္ခြင့္ကို ပညာေရးဝန္ၾကီးဌာန တကၠသိုလ္ဝင္ခြင့္ေရြးခ်ယ္ေရးအဖဲြ႔က စိစစ္ေရြးခ်ယ္ထားသည္။

Read More:>>> **သင့္မွာ ရွစ္တန္းကေလးရွိရင္ ဒါဖတ္ပါ**

Source: 7Day News
 

**Unicode**

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် ၎င်းတို့ဝင်ခွင့်ရတက္ကသိုလ်များတွင် နိုဝင်ဘာ (၁၈) ရက်မှ ဒီဇင်ဘာ (၁၃) ရက်အတွင်း ကျောင်းအပ်ရမည်ဖြစ်ကြောင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကကြေညာထားသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ဒီဇင်ဘာ (၂) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ တက္ကသိုလ်တစ်ခုမှ တစ်ခုသို့ပြောင်းတက်လိုသူများသည် နိုဝင်ဘာ (၂၆) ရက်မှစကာ တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားသည်။ 

တက္ကသိုလ်တစ်ခုမှ တစ်ခုသို့ ပြောင်းတက်လိုသူများသည် ပြောင်းရွှေ့လိုသောတက္ကသိုလ်၏ အနိမ့်ဆုံးဝင်ခွင့်ပြုသည့်အမှတ်နှင့် ဝင်ခွင့်သတ်မှတ်ချက်များပြည့်မီရမည်ဖြစ်ပြီး ပြောင်းရွှေ့လိုသောတက္ကသိုလ်မှ လက်ခံမှသာပြောင်းခွင့်ရမည်ဖြစ်သည်။ 

"တက္ကသိုလ်တစ်ခုကနေ တခြားတစ်ခုကိုပြောင်းချင်ရင် ကိုယ်ဝင်ခွင့်ရတဲ့တက္ကသိုလဆီက ထောက်ခံချက်ယူပြီး သတ်မှတ်ရက်အတွင်းလျှောက်ထားရပါတယ်။ သတ်မှတ်ရက်ကျော်ရင်တော့ ပြောင်းတဲ့တက္ကသိုလ်ကလည်း ကျောင်းဝင်မှတ်ပုံတင်ခွင့်မပြုပါဘူး" ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ရှင်းပြသည်။

ကျောင်းတစ်ကျောင်းမှတစ်ကျောင်းသို့ပြောင်းရာတွင် မူလဝင်ခွင့်ရထားသည့်ကျောင်းနှင့် ပထမဆုံးဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြောင်းလိုသည့်ကျောင်း၏ အနိမ့်ဆုံးဝင်ခွင့်သတ်မှတ်ချက်နှင့် ကိုက်ညီရန်လိုအပ်သည်။ ကျောင်းပြောင်းရွှေ့ခွင့်သည်သတ်မှတ်ချက်များကိုက်ညီရမည့်အပြင် ပြောင်းရွှေ့လိုသည့်ကျောင်း၏စာသင်ခန်းနှင့် ဆရာအင်အားအပေါ်မူတည်သည်ဟု အဆင့်မြင့်ပညာဦးစီးဌာနကကြေညာထားသည်။

 

နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုအမြင့်ဆုံးစာရင်းတက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဟူသည့် တက္ကသိုလ် (၁၄) ခုက ယခုနှစ်တက္ကသိုလ်ဝင်ခွင့်ကို သီးခြားရွေးချယ်ထားသည်။ 

ထိုတက္ကသိုလ် (၁၄) ခုအနက် ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (၁) ခုတည်းကသာ လူတွေ့စစ်ဆေးထားပြီး ကျန်တက္ကသိုလ်များက တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဖြင့်သာ ဝင်ခွင့်ဆုံးဖြတ်မည်ဖြစ်သည်။

ဆေးတက္ကသိုလ်နှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ကိုကျန်းမာရေးဝန်ကြီးဌာနကစိစစ်ရွေးချယ်ပြီး အခြားတက္ကသိုလ်များ၏ဝင်ခွင့်ကို ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က စိစစ်ရွေးချယ်ထားသည်။

Read More:>>> **သင့်မှာ ရှစ်တန်းကလေးရှိရင် ဒါဖတ်ပါ**

Source: 7Day News

Latest Post News News Read 9422 times