တက္ကသိုလ်တက်ရန်အခက်အခဲရှိသူများ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

**Zawgyi**

တကၠသိုလ္တက္ရန္အခက္အခဲရွိသူမ်ားအား ပညာသင္ေထာက္ပ့ံေၾကးပံ့ပိုးမည္ျဖစ္၍ သက္ဆိုင္ရာတကၠသိုလ္၏ သင္တန္းေရးရာဌာနႏွင့္ ဆက္သြယ္ေဆာင္ရြက္ႏိုင္ေၾကာင္း ပညာေရးဝန္ၾကီးဌာနကေၾကညာထားသည္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ ေက်ာင္းအပ္ႏွံမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ဝန္ထမ္းမ်ားႏွင့္ မိဘျပည္သူမ်ားသို႔ ပညာေရးဝန္ၾကီးဌာနက အသိေပးေၾကညာခ်က္တြင္ ပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားႏိုင္ေၾကာင္း ထည့္သြင္းေၾကညာထားသည္။ 

၂၀၁၉ တကၠသိုလ္ဝင္စာေမးပဲြေအာင္ျမင္ၿပီး ဒီဇင္ဘာတြင္ တကၠသိုလ္ပထမႏွစ္သင္တန္းတက္မည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ အဆိုပါပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားႏိုင္သည္။

"ႏိုင္ငံေတာ္ကေပးတဲ့ပညာသင္ေထာက္ပံ့ေၾကးပါ။ ကိုယ္ဝင္ခြင့္ရတဲ့တကၠသိုလ္သင္တန္းေရးရာဌာနေတြမွာ ေလွ်ာက္ရမွာပါ" ဟု အဆင့္ျမင့္ပညာဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းကဆိုသည္။

ဆင္းရဲႏြမ္းပါးသျဖင့္တကၠသိုလ္ပညာဆက္လက္သင္ၾကားရန္ အခက္အခဲရွိသူမ်ားကို ႏွစ္စဥ္ တစ္လလွ်င္ (၃၀,၀၀၀) ႏႈန္းျဖင့္ စာေမးပဲြက်ဆံုးျခင္းမရွိလွ်င္ ဘဲြ႔ရသည္အထိေထာက္ပံ့ေၾကးခ်ီးျမွင့္မည္ျဖစ္သည္။

ပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္ထားရမည့္ပံုစံအေသးစိတ္ကို တက္ေရာက္ခြင့္ရသည့္တကၠသိုလ္၏ သင္တန္းေရးရာဌာနတြင္စံုစမ္းရမည္ျဖစ္သည္။ 

"ပညာေရးတကၠသိုလ္ေတြ၊ ပညာေရးေကာလိပ္ေတြမွာေတာ့ ေက်ာင္းသားတိုင္းကို တစ္လ (၃၀,၀၀၀) ပညာသင္ေထာက္ပံ့ေၾကးအေနနဲ႔ေပးတယ္။ အျခားတကၠသိုလ္ေတြကေတာ့ ေလွ်ာက္တဲ့သူထဲကစိစစ္ၿပီးေပးတာျဖစ္ပါတယ္" ဟု ျပည္တကၠသိုလ္တာဝန္ခံပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကေျပာသည္။ 

အဆိုပါတကၠသိုလ္ပညာသင္ေထာက္ပံ့ေၾကးသည္စာေမးပဲြက်ရံႈးျခင္းမရွိလွ်င္ ဘဲြ႔ရသည္အထိခ်ီးျမွင့္မည္ျဖစ္ကာ စာေမးပဲြက်လွ်င္ ရပ္ဆုိင္းျခင္းခံရမည္ျဖစ္သည္။ ထို႔အျပင္မိသားစုတစ္အိမ္ေထာင္လွ်င္ တစ္ဦးသာပညာသင္ေထာက္ပံ့ေၾကးခံစားခြင့္ရွိသည္။

ယခုႏွစ္တကၠသိုလ္ဝင္ခြင့္ရသူမ်ားကို ႏိုဝင္ဘာ (၁၈) ရက္မွ ဒီဇင္ဘာ (၁၃) ရက္အထိ သက္ဆိုင္ရာတကၠသိုလ္မ်ားကေက်ာင္းအပ္လက္ခံေနသည္။ ေက်ာင္းအပ္ႏွံရာတြင္ သတ္မွတ္ေငြေၾကးကိုသာေပးသြင္းရန္ႏွင့္ တကၠသိုလ္မွ အရာထမ္း၊ အမႈထမ္းမ်ားႏွင့္ အျခားမသက္ဆိုင္ေသာ ပုဂၢိဳလ္တစ္ဦးဦးကို ေငြေၾကး၊ လက္ေဆာင္ေပးကာ ေက်ာင္းအပ္၊ ေက်ာင္းေျပာင္းျခင္းမ်ားမျပဳလုပ္ရန္လည္းဝန္ၾကီးဌာနကေၾကညာထားသည္။ 

Source: 7Day News

Read More >> ႏိုဝင္ဘာလကုန္တြင္ ေၾကညာေတာ့မည့္ အေဝးသင္တကၠသိုလ္ဝင္ခြင့္မ်ားအေၾကာင္း

**Unicode**

တက္ကသိုလ်တက်ရန်အခက်အခဲရှိသူများအား ပညာသင်ထောက်ပံ့ကြေးပံ့ပိုးမည်ဖြစ်၍ သက်ဆိုင်ရာတက္ကသိုလ်၏ သင်တန်းရေးရာဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျောင်းအပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် မိဘပြည်သူများသို့ ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာချက်တွင် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ကြောင်း ထည့်သွင်းကြေညာထားသည်။ 

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဒီဇင်ဘာတွင် တက္ကသိုလ်ပထမနှစ်သင်တန်းတက်မည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်သည်။

"နိုင်ငံတော်ကပေးတဲ့ပညာသင်ထောက်ပံ့ကြေးပါ။ ကိုယ်ဝင်ခွင့်ရတဲ့တက္ကသိုလ်သင်တန်းရေးရာဌာနတွေမှာ လျှောက်ရမှာပါ" ဟု အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကဆိုသည်။

ဆင်းရဲနွမ်းပါးသဖြင့်တက္ကသိုလ်ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူများကို နှစ်စဉ် တစ်လလျှင် (၃၀,၀၀၀) နှုန်းဖြင့် စာမေးပွဲကျဆုံးခြင်းမရှိလျှင် ဘွဲ့ရသည်အထိထောက်ပံ့ကြေးချီးမြှင့်မည်ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးလျှောက်ထားလိုသူများအနေဖြင့် လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို တက်ရောက်ခွင့်ရသည့်တက္ကသိုလ်၏ သင်တန်းရေးရာဌာနတွင်စုံစမ်းရမည်ဖြစ်သည်။ 

"ပညာရေးတက္ကသိုလ်တွေ၊ ပညာရေးကောလိပ်တွေမှာတော့ ကျောင်းသားတိုင်းကို တစ်လ (၃၀,၀၀၀) ပညာသင်ထောက်ပံ့ကြေးအနေနဲ့ပေးတယ်။ အခြားတက္ကသိုလ်တွေကတော့ လျှောက်တဲ့သူထဲကစိစစ်ပြီးပေးတာဖြစ်ပါတယ်" ဟု ပြည်တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောသည်။ 

အဆိုပါတက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးသည်စာမေးပွဲကျရှုံးခြင်းမရှိလျှင် ဘွဲ့ရသည်အထိချီးမြှင့်မည်ဖြစ်ကာ စာမေးပွဲကျလျှင် ရပ်ဆိုင်းခြင်းခံရမည်ဖြစ်သည်။ ထို့အပြင်မိသားစုတစ်အိမ်ထောင်လျှင် တစ်ဦးသာပညာသင်ထောက်ပံ့ကြေးခံစားခွင့်ရှိသည်။

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်ရသူများကို နိုဝင်ဘာ (၁၈) ရက်မှ ဒီဇင်ဘာ (၁၃) ရက်အထိ သက်ဆိုင်ရာတက္ကသိုလ်များကကျောင်းအပ်လက်ခံနေသည်။ ကျောင်းအပ်နှံရာတွင် သတ်မှတ်ငွေကြေးကိုသာပေးသွင်းရန်နှင့် တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများနှင့် အခြားမသက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဦးကို ငွေကြေး၊ လက်ဆောင်ပေးကာ ကျောင်းအပ်၊ ကျောင်းပြောင်းခြင်းများမပြုလုပ်ရန်လည်းဝန်ကြီးဌာနကကြေညာထားသည်။ 

Source: 7Day News

Read More >> နိုဝင်ဘာလကုန်တွင် ကြေညာတော့မည့် အဝေးသင်တက္ကသိုလ်ဝင်ခွင့်များအကြောင်း

Latest Post News Read 3184 times