ဝန်ကြီးဌာနသည် အီဂျစ်ရှိကျောင်းသား၊ ကျောင်းသူများအားလုံး ဒစ်ဂျစ်တယ်သင်ကြားရေး စနစ်များနှင့်ချိတ်ဆက်သောအခါ သေချာစေရန် လာမည့်ကာလတွင် ရည်မှန်းချက်ကြီးသောအစီအစဉ်များရှိကြောင်း အီဂျစ်ပညာရေးဝန်ကြီး Tarek Shawky ကပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် အဆင့် (၁၀) မှ (၁၂) အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ဒစ်ဂျစ်တယ်သင်ကြားရေး စနစ်ဖြင့် ချိတ်ဆက်ပေးပြီးဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနမှ အဆင့် ၄ မှ ၉ အထိရှိသောကျောင်းသား ၁၂ သန်း အတွက်ကိုလည်း ထိုပညာရေးစနစ်ဖြင့် သင်ကြားရန် စီစဉ်ထားကြောင်းပြောကြားခဲ့သည်။၊
ဝန်ကြီး၏ မှတ်ချက်များသည် အီဂျစ်ပညာရေး မဟာဗျူဟာနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို အီဂျစ်ရှိအမေရိကန်ကုန်သည်ကြီးများအသင်း (AmCham) နှင့်အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Shawky သည်သူ၏ မိန့်ခွန်းကို လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အီဂျစ်ပညာရေး တိုးတက်မှုများအကြောင်းအရာများကို မိတ်ဆက်ပေးခြင်းဖြင့် စတင်ခဲ့သည်။ (COVID-19) ကာလအတွင်း တိုင်းပြည်၏ ဒစ်ဂျစ်တယ်သင်ယူမှုသို့ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေခဲ့သည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် Educaton 2.0 စနစ်အသစ်တစ်ခုကိုစတင်စတင်ခဲ့သည်။ "KG ကကျောင်းသား ၈ သန်းလောက်အတွက် KG ကနေ Grade 3 အထိ လုပ်ပေးနိုင်ခဲ့တယ် '' ဟု Shawky ကပြောခဲ့သည်။
နိုင်ငံတကာမှ မိတ်ဖက်များနှင့် ပူးပေါင်းပြီး အလွန်ခေတ်မီသောပညာရေးစနစ်ဖြစ်လာစေခဲ့သည်။ ၎င်း၏ကျောင်းသားအခြေပြုပညာရေးပုံစံသည် ဖတ်စာအုပ်များနှင့် အသုံးပြုသော သင်ကြားရေးနည်းစနစ်များနှင့် အလွန်ကွာခြားသည်။
ဝန်ကြီးဌာနအနေဖြင့် အီဂျစ်အထက်တန်းကျောင်းများ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေပြီး အကဲဖြတ်မှုပုံစံကို ပြောင်းလဲပြီး တကယ့် ရလဒ်ကောင်းများမရရှိသည့် သင်ကြားရေးကို ပယ်ဖျက်နေကြောင်း Shawky ကပြောကြားခဲ့သည်။
၀န်ကြီးက “အဓိကပြောင်းလဲမှုကတော့ အဆင့် ၁၁ မှ ၁၂ အထိဖြစ်ပြီး တစ်မူကွဲပြားခြားနားသော မေးခွန်းများနှင့် စာအုပ်ကြည့်ပြီး ဖြေဆိုခွင့် ရှိတဲ့ စာမေးပွဲများကို ကျင်းပနိုင်ခဲ့တယ်” ဟုဝန်ကြီးကပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံရှိ အထက်တန်းကျောင်းပေါင်း ၂၅၀ တွင်ဆာဗာများ၊ စမတ်ဖန်သားပြင်များ တပ်ဆင်ထားပြီဟု သူကပြောကြားခဲ့သည်။
သင်ကြားမှု နည်းစနစ်များကို အခြေခံ၍ အခြေခံအဆောက်အအုံများကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာတွင် စာသင်ခန်းများ၌ တပ်ဆင်ထားသည့် စမတ်ဖန်သားပြင် ၃၆၀၀၀ အပြင် ကျောင်းသား၊ ကျောင်းသူများအတွက် တက်ဘလက် ၁၈ သန်းခန့်၏ ကုန်ကျစရိတ်မှာ အီဂျစ်နိုင်ငံ သုံးငွေ ၁၀ သန်း ခန့်ရှိသည်။
ဆရာများသည် အီလက်ထရောနစ် စာမေးပွဲများစတင်ရန် ပြင်ဆင်မှုစတင်ခဲ့ပြီး၊ ၁၀ တန်းနှင့် ၁၁ တန်းတို့တွင် ရေးဖြေစာမေးပွဲများကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ရေးဖြေစာမေးပွဲများကို အဆင့် ၁၂ သင်ရိုးညွှန်းတမ်းတွင်လည် ၂၀၂၁ နွေရာသီမှာ ဖယ်ရှားလိမ့်မည်ဟုသိရသည်။
Shawky က ''မတ်လလယ်လောက်မှာ COVID-19 အထိနာသောကြောင့် တကယ်အကျိုးကျေးဇူးရခဲ့တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ KG1 ကနေ Grade 12 အထိ ဒစ်ဂျစ်တယ် စာကြည့်တိုက်မှ သင်ယူခြင်း နည်းလမ်းများနဲ့အတူ ဒစ်ဂျစ်တယ်သင်ယူခြင်းဆိုင်ရာ ပစ္စည်းမျာကို အသုံးပြုခဲ့တယ်''
ဒီအကြောင်းအရာတွေကို သင်ယူမှုစီမံခန့်ခွဲမှုစနစ် (learning management system -LMS) မှာတင်နိုင်ခဲ့သည်။ အွန်လိုင်းပေါ်မှာလည်း ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုရရှိခဲ့ပါသည်။ စာသင်နှစ် တစ်ခုအတွက် ဘာသာရပ်တစ်ခုချင်းမှာ သင့်တော်သော သင်ခန်းစာများ ရွေးပြီးသင်ယူစေနိုင်ခဲ့သည်။ ထိုသင်ခန်းစာများကို ရွေးချယ်ပြီး မျှဝေသည်ကို တစ်ပတ်ဖြင့် လုပ်ကိုင်ပေးနိုင်ခဲ့ပြီး အွန်လိုင်းတွင် အခမဲ့ ပေးကမ်းနိုင်စေသည်။
“စိန်ခေါ်မှုများစွာကြုံတွေ့နေရပေမဲ့ ရောဂါကူးစက်မှုကြောင့်သာမက စာမေးပွဲများမှာ ခိုးချတာတွေ သုတေသန စာတမ်းတင်ရတာကို ကိုယ်တိုင်မရေးဘဲ သူများရေးထားတာ ဝယ်ပြီး စာတမ်းတင်တာတွေကို ပပျောက်သွားစေခဲ့တယ်။
အီဂျစ်ပညာရေး ၀ န်ကြီးဌာနသည်လက်ရှိအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်နေပြီး KG မှ ၆ တန်းအထိ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ပြင်ဆင်ခြင်းလည်း အပါအဝင်ဖြစ်သည်။
ဝင်ငွေရရှိနိုင်မည့် 'Ask Your Teacher' သင့်ဆရာကို မေးပါ အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။ ဝန်ကြီးဌာနမှ ထိန်းချုပ်ထားသည့် အွန်လိုင်းပလက်ဖောင်းပေါ်မှာ ကျောင်းသား၊ ကျောင်းသူများက ဆရာဆရာမများအား မေးခွန်းများမေးနိုင်ပြီး ဖြေကြားပေးသော ဆရာဆရာမအနေဖြင့် ဖြေကြားခြင်းအတွက် သတ်မှတ်ထားသော ဉာဏ်ပူဇော်ခကို ရရှိသည်။
ပုဂ္ဂလိကကဏ္ဍ ပညာရေးကို ထိန်းချုပ်ရန်လည်း မျှော်မှန်းထားသည်။ ပုဂ္ဂလိကကဏ္ဍ ပညာရေးမှ ဆရာဆရာမများအား ဝန်ကြီးဌာနမှ ချမှတ်ပြဌာန်းသော စည်းမျဉ်းစည်းကမ်းများနှင့် ဈေးနှုန်းများ၊ ကျောင်းဝန်းကျင်နှင့် ကျောင်းပြင်ပ၌ သင်ကြားခြင်းတို့ကို ခွင့်ပြုမည်ဖြစ်သည်။
နည်းပညာပေါင်းစည်းမှု၏ လှိုင်းသည်တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများသို့ တိုးဝင်ခဲ့ပြီး၊ အဆင့် ၁၀ မှ ၁၂ တန်းအထိ ကျောင်းသား၊ ကျောင်းသူများသည် နည်းပညာကို အသုံးပြုခွင့်ရရှိကြသည်ဟု ဝန်ကြီးကပြောကြားသည်။ ဆန်းသစ်တီထွင်မှုတစ်ခုအနေဖြင့်၊ လာမည့်နှစ်တွင် အထက်တန်းကျောင်းသားများအတွက် မည်သည့်ဖတ်စာအုပ်မျှ ပုံနှိပ်ထုတ်ဝေခြင်း ရှိလိမ့်မည်မဟုတ်ပါ။
“အဆင့် ၄ မှ ၉ အတွင်းရှိ ကျောင်းသား ၁၂ သန်းကို တက်ဘလက်များ ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ တက်ဘလက် ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းပြီး မိဘတွေ ဝယ်ဖို့ တတ်နိုင်တဲ့ ဈေးနှုန်းများဖြင့် တက်ဘလက်တွေ ဝယ်နိုင်စေဖို့ စီစဉ်သွားမယ်" ဟု သူက ရှင်းပြသည်။
Ref: menafn