ကိုရိုနာ ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားရကာ အိမ်မှာ စာသင်ကြားရသည့် ကာလရှည်ပြီးနောက်တွင် ထိုင်းနိုင်ငံရှိ ကလေးများသည် ဇူလိုင်လ ၁ရက်နေ့မှ စ၍ စာသင်ခန်းသို့ ပြန်လာပြီး ပုံမှန်စံအသစ်(New Noraml) ပုံစံအသစ်ဖြင့် သင်ခန်းစာများပြန်လည်စတင်နေပြီဖြစ်သည်။
အခြားသူများကဲ့သို့ပင် Tak ပြည်နယ် မဲဆောက်ခရိုင်ရှိ Thai Raj Kiri ကျောင်းသည် ပထမဆုံးကျောင်း ပြန်ဖွင့်မည့်ရက် အတွက် အလွန် စိတ်လှုပ်ရှားနေကြပါသည်။ သူတို့သည် COVID-19 ကြားတွင် နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြန်လည်တည်ဆောက်ရန် စိတ်အားထက်သန်နေကြသည်။
ထိုင်း - မြန်မာနယ်စပ်တွင်တည်ရှိသော ထိုကျောင်းသည် ကျောင်း သား ၅၈၄ သာရှိသည့် အလယ်အလတ်တန်းကျောင်း တစ်ကျောင်းဖြစ်ပါသည်။ ကျောင်းသားများ၏ ၈၀ ရာခိုင်နှုန်းကျော်သည်ရွှေ့ပြောင်းလုပ်သားများနှင့်တိုင်းရင်းသားလူနည်းစုများဖြစ်ပါသည်။
ပထမဆုံး ကျောင်းဖွင့် ရက်သည် မိုးများဖြင့် စတင်ခဲ့ပါသည်။ ကလေးများသည် ကျောင်းသို့သွားရန်အတွက် ရွာမှ ဘတ်စ်ကားဖြင့် အတူတကွ သွားရပါသည်။ ဘတ်စ်ကားသည် အသွားအပြန်ခြောက်ခေါက်အထိပြေးဆွဲပြီး လူစုလူဝေး မဖြစ်စေရန် လူဦးရေ သတ်မှတ်ထားသည်ဟုလည်း ဖော်ပြထားပါသည်။
ကလေးများအားလုံး ဘတ်စ်ကားပေါ်မတက်မီ အပူချိန်တိုင်းရန်လိုအပ်ပြီး ဆရာများမှ မှတ်တမ်းမှတ်ထားပြီး ကျောင်း၏ သတ်မှတ်ထားသည့် စစ်ဆေးသည့် နေရာမရောက်ခင် အရက်ပျံပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်ကို ဆေးကြောရမည်ဖြစ်သည်။ အချို့ဆရာများသည်မိဘများနှင့်အတူလိုက်ပါလာသောကလေးများ၏အပူချိန်ကိုစစ်ဆေးရန်လက်ကိုင်အပူချိန်တိုင်းကိရိယာများကိုအသုံးပြုကြသည်။
ထို့နောက် ကလေးများသည် လက်အား သန့်ရှင်းရေးဆေးရည်ဖြင့် လက်ဆေးကြပြီး လက်ကောက်ဝတ်တွင်“ PASS” ဟူသောစာတန်းပါသည့် တံဆိပ်ခေါင်းဖြင့် ရိုက်နှိပ်ခြင်း ခံရပြီးမှသာ ကျောင်းထဲသို့ ဝင်ခွင့်ပြုမည်ဖြစ်သည်။
COVID-19 အတွင်းကျောင်းသွားရန်ပုံမှန်ပုံစံသစ်သည်ကလေးများနှင့် ရင်းနှီးရန် အချိန်သိပ်မလိုပေ။ အကြောင်းမှာ နေရာတိုင်းတွင် ပိုစတာများနှင့် COVID-19 နှင့်သက်ဆိုင်သောသတင်းအချက်အလက်များကိုနေရာတိုင်းတွင် တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။
စာသင်နေစဉ်အတွင်းတွင်လည်း နှာခေါင်းစည်းမျက်နှာဖုံးများဝတ်ဆင်ထားကြပြီး စာပွဲခုံများကိုလည်း ခွာထားကာ မနက်ပိုင်း စုဝေးပွဲကိုလည်း လူစုလူဝေး မဖြစ်စေရန် အလို့ငှာ ဖျက်သိမ်းထားခဲ့ပါသည်။
ထိုအလေ့အကျင့်များ အားလုံးကို ဂျပန်အစိုးရ၏အကူအညီဖြင့်ယူနီဆက်၊ ပညာရေး ၀န်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနမှ တီထွင်ခဲ့သောလုံခြုံသည့်ကျောင်းလမ်းညွှန်ချက်များနှင့် ဆရာလက်စွဲများနှင့်အညီ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
ယခုကျောင်းသို့သွားခြင်းသည် ကြိုတင်ကာကွယ်မှုဆိုင်ရာအဆင့်များစွာကို ပြုပြင်ပြောင်းလဲခြင်းပါဝင်သော်လည်း ကလေးများအားလုံးသည် ကျောင်းသို့ပြန်လာရခြင်းအတွက် အမှန်ပင်ပျော်ရွှင်နေကြသည်ဟုလည်း သိရပါသည်။
"ကျောင်းသို့ပြန်လာရသည့်အတွက် ပျော်ရွှင်နေကြသော ကလေးများ"
ကလေးများစွာက အိမ်တွင် မဟုတ်ဘဲ ကျောင်းတွင် သူငယ်ချင်းများနှင့် တွေ့နိုင်သောကြောင့် ကျောင်းတွင်သာ လေ့လာမည်ဟု ပြောကြပါသည်။ သူတို့သည်ခေါင်းစဉ်တစ်ခုကိုနားမလည်သည့်အခါ သို့မဟုတ် မည်သည့်သင်ခန်းစာကိုမဆို ပိုမိုရှင်းလင်းရန် လိုအပ်သည့်အခါတိုင်း ဆရာ၊ဆရာမများကို မေးမြန်းနိုင်သည်။
အိမ်တွင်းအွန်လိုင်းပလက်ဖောင်းများ မှတစ်ဆင့် သင်ယူခြင်းသည် စိန်ခေါ်မှုအချို့ကိုဖြစ်စေပြီး ၎င်းတို့အနေဖြင့် ထိုစိန်ခေါ်မှုများကြောင့် ၎င်းတို့၏ပညာရေးတွင် နောက်ကျကျန်နေသည်ဟုခံစားရစေသည် ဟု ဆိုထားကြပါသည်။
“အိမ်မှာနေရတုန်းက ဖုန်းနဲ့ပဲ စာသင်ရပါတယ်။ အဖေနဲ့အမေကို လယ်ထဲမှာ ကူညီဖို့ လိုတာကြောင့် သင်ခန်းစာတွေကိုလည်း အချိန်နှင့် တပြေးညီ မသင်နိုင်ခဲ့ဘူး။ ညရောက်မှ သင်ခန်းစာတွေကို ပြန်ကြည့်ရတယ်။ တစ်ခါတစ်လေ အင်တာနက်လိုင်းမကောင်းတာနဲ့ ကြုံရင် ဖုန်းနဲ့စာသင်ရတာက အဆင်မပြေတော့ဘူး” ဟု အလယ်တန်းအဆင့်သင်္ချာသိပ္ပံအစီအစဉ်ကို လေ့လာနေသည့် Hmong တိုင်းရင်းသား ကိုးတန်းကျောင်းသားဖြစ်သည့် Mild မှဆိုထားပါသည်။
ဒသမတန်းတွင် တက်ရောက်နေသည့် မြန်မာကျောင်းသူတစ်ဦးဖြစ်သည့် Na မှလည်း “မနက် ၅ နာရီဆိုထပြီး အွန်လိုင်းသင်ခန်းစာတွေ မစခင် မုန့်ဆိုင်ဖွင့်နိုင်ဖို့ မိဘတွေကို ကူညီရတယ်။ ပြီးရင် အားလုံးစားဖို့ နေ့လည်စာ ချက်ပြုတ်ရတယ်၊ သင်ခန်းစာတွေ ပြီးသွားတဲ့အခါ လယ်တွေနဲ့ စပါးခင်းတွေမှာ ရောင်းဖို့ မုန့်တွေသယ်သွားပြီး ရောင်းရတယ်၊ ကျောင်းတက်တာက အိမ်မှာ သင်ရတာထက် ပိုကောင်းတယ်၊ နားမလည် တဲ့ အရာတွေကို ဆရာမတွေကို ချက်ချင်းမေးနိုင်တယ် “ ဟု ပြောပါသည်။
"ကလေးများအားဆက်လက်လေ့လာရန်အခြားရွေးချယ်စရာနည်းလမ်းတစ်ခု"
Thai Raj Kiri မှာ တက်နေသည့် ကျောင်းသားအများစုမှာ ထိုင်းလူမျိုးများမဟုတ်ဘဲ ရွေ့ပြောင်းအလုပ်သမားများ၏ သားသမီးများဖြစ်ကာ ထိုင်းဘာသာကို မိခင်ဘာသာစကား အဖြစ် မပြောကြပေ။ အချိန်ကြာမြင့်စွာ ထိုင်းင်ခန်းစာများနှင့် ဝေးနေသောကြောင့် စာသင်နှစ် အစတွင် အနည်းငယ် အခက်အခဲရှိနေကြပါသည်။
ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် ကျောင်းမှ ဆရာများသည် "Thai Raj Kiri ၏ဆရာများနှင့်အတူဗဟုသုတဖြန့်ဝေသည့်ကိရိယာ" ဟု ခေါ်သည့် စီမံကိန်းကို ကျောင်းများပိတ်ထားသည့် အချိန်တွင် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းပြန်ဖွင့်ခြင်းမပြုမီ ခြောက်ပတ်အတွင်းဆရာများသည် ဗဟုသုတဖြန့်ဝေပေးသည့်ကိရိယာနှင့် ကျေးရွာများသို့ သွားရောက်ခဲ့ကြသည်။
ထိုကိရိယာတွင် ပြန်လည်လေ့လာနိုင်သည့် သင်ထောက်ကူပစ္စည်းများနှင့် အခြားသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပါဝင်ပါသည်။
ကျောင်းများခေတ္တပိတ်ထားချိန်တွင် ရွာတိုင်းရှိ ကလေးများအတွက် ယာယီစာသင်ခန်းဖြစ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
“ကလေးများသည် ထိုလှုပ်ရှားမှုကို အလွန်ပင် စိတ်ပါဝင်စားပြီး နှစ်သက်နေကြတယ်။ မိဘများကလည်း သူတို့ရဲ့ ကလေးများက ဆရာများ၏ ဂရုစိုက်မှုခံနေရသောကြောင့် ဒီ ပြန်လည်သင်ကြားနေသည့် အတန်းကို စိတ်ဝင်စားနေကြတယ်” ဟု Thai Raj Kiri ၏ ဒါရိုက်တာဖြစ်သူ Sirapassorn Chumputhep မှ ဆိုထားပါသည်။
“ကျောင်းတွေပိတ်ထားချိန်မှာကလေးတွေက စိန်ခေါ်မှု အသစ်တွေနဲ့ ကြုံတွေ့နေရတယ်၊ မြန်မာနှင့် မုံး လူမျိုး မိသားစုများသည် လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးရသောကြောင့် တစ်နေကုန်လယ်ထဲဆင်းပြီး အလုပ််လုပ်နေရသောကြောင့် အိမ်တွင် ကလေးများနှင့် အဘိုးအဘွား များသာ ကျန်ခဲ့ရတယ်၊ အိမ်မှာ ရုပ်မြင်သံကြားမှ သင်ယူခြင်းသည် ကလေးတွေအတွက် ပိုခက်ခဲနိုင်ပါတယ်၊ ဘာကြောင့်ဆိုတော့ သူတို့ရဲ့ စာဖတ်စွမ်းရည် နှင့် နားလည်နိုင်မှု စွမ်းရည်က မလုံလောက်သေးကြောင့် ဖြစ်သည်။
ထို့ကြောင့် "Thai Raj Kiri ၏ဆရာများနှင့်အတူဗဟုသုတဖြန့်ဝေသည့်ကိရိယာ" ကို အကောင်အထည်ဖော်ကာ ကလေးများ ဆက်လက်သင်ယူနိုင်ရန်နှင့် ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည်။” ယခုလို အချိန်ကြာမြင့်စွာ ကျောင်းပိတ်ထားခြင်းသည် ဆရာများနှင့် ကျောင်းသားများ အထူးသဖြင့် ရွေ့ပြောင်းလုပ်သားများနှင့် တိုင်းရင်းသားများအတွက် ပို၍ အခက်အခဲဖြစ်စေပါသည်။
အချို့ကလေးများသည်အွန်လိုင်းလေ့လာခြင်းနှင့်ရုန်းကန်နေရပြီးအချို့မှာမူတစ်နေ့တာတွင်သူတို့၏မိသားစုများကိုကူညီရန်လိုအပ်နေသည်။ ဆရာများ၏ ကြိုးပမ်းများသည် ကလေးများအား စာသင်နှစ် အသစ်အတွက် ပြင်ဆင်မှု ကောင်းများဖြစ်ပြီး COVID-19 ကြိုတင်ကာကွယ်ရေးအစီအမံများကို ကဏ္ဍမျိုးစုံမှ ပံ့ပိုးမှုများကြောင့် ကျောင်းသားများသည် နောက်ဆုံးတွင် ကျောင်းသို့ ပြန်လာနိုင်ခဲ့ပါပြီ။
By Myanmar Education Guide - EDGE
Ref: Unicef