Stamford International University မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်မည်

Stamford International University မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်မည်

ပညာသင်ဆုအနေနဲ့ ဘာသာရပ်အားလုံးအတွက် ကျောင်းလခတွေရဲ့ (၁၀%၊ ၂၅% နှင့် ၅၀%) ကို ပေးအပ်မည်ဖြစ်ပါတယ်။

Stamford International University မှာ ထိုင်းနိုင်ငံတွင် Hua Hin Campus, Rama 9 Campus နဲ့ Asoke Campus စသော Campus ၃ ခုကို ဖွင့်လှစ်ထားရှိပြီး Hua Hin Campus တွင် International Hotel Management နှင့် International Business Management Program, Rama 9 Campus တွင် Undergraduate Program, Asoke Campus တွင် Master Program တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

READ - သြစတြေးလျနိုင်ငံ Adelaide မြို့ရှိ Eynesbury College မှ မြန်မာကျောင်းသားများအတွက် ၅၀ % ထိ ပညာသင်ဆု ပေးအပ်မည်

ထိုင်းနိုင်ငံနှင့် သြစတြေးလျနှစ်နိုင်ငံမှ International Hotel Management ဘာသာရပ်ကို Double Degree / Double Major ရယူနိုင်မယ့်အပြင် ကျောင်းတက်ရောက်ပြီးဆုံးပါက Stamford International University မှပေးအပ်သောဘွဲ့ ၊ ဒီဂရီနှင့် Blue Mountain International Hotel Management School (BMIHMS)မှ ပေးအပ်သော ဘွဲ့ဒီဂရီနှစ်ခုကို တစ်ပြိုင်နက်ရရှိမှာ ဖြစ်ပါတယ်။

ကျောင်းကုန်ကျ စရိတ်တွေအနေနဲ့ Stamford International University မှ Bachelor Level အတွက် ပညာသင်နှစ် ၃ နှစ် နှင့် ၄လ ကို စုစုပေါင်း ကျောင်းစရိတ်ကုန်ကျငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင်သာ ဖြစ်ပြီး အရစ်ကျ ခွဲသွင်းနိုင်မှာ ဖြစ်ပါတယ်။

Master Level အတွက် ပညာသင်နှစ် ၁ နှစ် တွင် စုစုပေါင်းကျောင်းစရိတ် ကုန်ကျငွေ ကျပ်သိန်း ၁၅၀ ဝန်းကျင် ဖြစ်ပါတယ်။

Contact Detail

ဖုန်း – ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 3073 times