တောင်ကိုရီးယားကျောင်းသားများသည် ဗိုင်းရပ်စ်နှိမ်နှင်းနေမှုကာလအတွင်း စာမေးပွဲများဖြေဆိုကြသည်

COVID-19 အတည်ပြုလူနာ ၄၁ ဦး အပါအဝင် ထောင်ပေါင်းများစွာသော mask တပ်ထားသော ကျောင်းသားများသည် ဒီဇင်ဘာလ  ၃ရက်က အပြိုင်အဆိုင် ကြီးမားသော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြသည်။ 

ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ပေါ်ပေါက်လာခြင်းကြောင့် အာဏာပိုင်များအနေဖြင့် ရောဂါကာကွယ်ထိန်းချူပ်ရေးစည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကျပ်လာခဲ့သည်။

ပညာရေးဝန်ကြီးဌာနက ၄၂၆,၃၄၀ ခန့်ရှိသည့်  ကျောင်းသားများအတွက် တစ်နေ့တာ စာမေးပွဲများကို တစ်နိုင်ငံလုံးရှိနေရာ ၁,၃၈၀ ခန့်တွင် ပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။ ၎င်းတို့တွင် ဆေးရုံများနှင့် ဗိုင်းရပ်စ်ပိုးလူနာ ၄၁ ယောက်နှင့် အခြားရာနှင့်ချီသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် ကိုယ်တိုင်ဆေးကုသမှုခံယူထားသော ကျောင်းသူကျောင်းသား ရာပေါင်းများစွာ ပါဝင်သည်။

ယခုနှစ်စာမေးပွဲများကို မူလက နိုဝင်ဘာလတွင် စီစဉ်ထားပြီး ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် နှောင့်နှေးခဲ့ရပြီး ဒီဇင်ဘာလဆန်းကျမှ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ကြာသပတေးနေ့က တောင်ကိုရီးယားနိုင်ငံတွင် အမှုပေါင်း ၅၄၀ ထပ်မံဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်အပတ်က ဆိုးလ်ဒေသနှင့် အခြားနေရာများတွင် ဝေးလံသောဒေသများသို့ ကူးစက်ရောဂါအသစ်များကို ထိန်းချုပ်ရန်ကြိုးစားသည်။

Ref: bozemandailychronicle.com
By Yu Khine

Latest Post News Read 460 times