လမ်းပျောက်နေတဲ့လူငယ်တွေအတွက် ကြိုးစားရင် သေချာတဲ့ ဘ၀အာမခံချက်ရမယ့် လမ်းစလေးတစ်ခု ရှာဖွေတွေ့ရှိထားပါတယ်။ သင်က အသက် (၁၇) နှစ်ပြည့်ပြီးသူ လူငယ်ဖြစ်ရင် (ဒါမှမဟုတ်) မပြင်းထန်တဲ့ မသန်စွမ်းသူ ဖြစ်တယ်ဆိုရင် SISU (Step-IN Step-UP) မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်မယ့် အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို လျှောက်ထားနိုင်ပါတယ်။
လက်ရှိ တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ -
- Hospitality
- Health Care Aid
- Certificate in Business
- Training of Trainers (ToT)
- Customer Service
- Front Office တို့ဖြစ်ပါတယ်။
သင်ကြားပေးမယ့်ပုံစံ
- လုပ်ငန်းပိုင်းဆိုင်ရာ သင်ရိုးအတိုင်း သင်ရပါမယ်။
- လက်တွေ့သင်ကြားရေးတွေ ပါဝင်ပါတယ်။
- သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင်သူတွေကိုယ်တိုင် သင်ကြားပေးမှာပါ။
- သင်ထောက်ကူပစ္စည်းတွေ အစုံလင် ထောက်ပံ့ပေးမှာပါ။
သင်တန်းလျှောက်ဖို့ လိုအပ်တာက အသက် (၁၇) နှစ်ပြည့်ဖို့နဲ့ တိုးတက်လိုစိတ် အပြည့်ရှိဖို့ပါပဲ။ စိတ်ဝင်စားရင် အောက်ဖော်ပြပါဖောင်မှာ လျှောက်ထားလို့ရပါတယ်။
>> https://stepinstepupint.org/training-application/?
သင်တန်းတိုင်းက အခမဲ့ဖြစ်ပြီး သင်တန်းတက်နေစဉ်ကာလအတွင်း နေ့လည်စာနဲ့ တစ်လတစ်ကြိမ် သင်တန်းမှ ထောက်ပံ့ကြေးပါ ရရှိဦးမှာပါ။ သင်တန်းပြီးရင်လည်း အရည်အချင်းရှိတဲ့သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ချိတ်ဆက်ကူညီပေးမှာပါ။
လျှောက်လွှာတင်ရာမှာ အခက်အခဲတစ်စုံတစ်ရာ (သို့) သင်တန်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းစရာ ရှိပါက Facebook Page ကနေတဆင့်ဖြစ်စေ၊ ဖုန်း 09-260 424 688 မှဖြစ်စေ တနင်္လာမှ သောကြာနေ့အတွင်း၊ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဆက်သွယ်နိုင်ပါတယ်။
လိပ်စာ - 49A/49B, Pun Hlaing Golf Kwin Street, Hlaing Tharyar Township, Yangon, Myanmar