မြန်မာကျောင်းသားများ စင်ကာပူအစိုးရ ပညာသင်ဆု လျှောက်ထားနိုင်

မြန်မာကျောင်းသားများ စင်ကာပူအစိုးရ ပညာသင်ဆု လျှောက်ထားနိုင်

ပညာသင်ဆု အစီအစဉ်အတွက် လူတွေ့စစ်ဆေးခြင်းကို စက်တင်ဘာတွင် ဆောင်ရွက်မည်ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားမှုအတွက် မြန်မာနိုင်ငံမှ ပညာရေးဝန် ကြီးဌာနသို့ ဆက်သွယ်ဆောင်ရွက် ရမည်ဖြစ်သည်။

နှစ်စဉ်ပေးအပ်နေသော စင်ကာပူအစိုးရ ပညာသင်ဆုအတွက် ၂၀၀၁ မှ ၂၀၀၃ အတွင်း မွေးဖွားခဲ့ သော ကျောင်းသားများ လျှောက်ထားနိုင်ပြီး န၀မတန်းအောင်မြင် ရန်လိုအပ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာသင်ဆုလျှောက်ထား လိုသော ကျောင်းသားအနေဖြင့် အင်္ဂလိပ်ဘာသာစကား ပြောဆို နိုင်ခြင်း၊ ကျောင်းစာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ထားခြင်းနှင့် ကျောင်းပြင်ပလှုပ်ရှားမှုများတွင် မှတ်တမ်းကောင်းများရှိရမည်ဖြစ်သည်။

ပညာသင်ဆုအတွက် ရေးဖြေ စာမေးပွဲစစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းကို ရန်ကုန်မြို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး အောက်တိုဘာ၌ ပညာသင်ဆုချီးမြှင့်ခံရသော ကျောင်းသားစာရင်းကို ထုတ်ပြန် မည်ဟုဆိုသည်။

စင်ကာပူအစိုးရပညာသင် ဆုရရှိသော ကျောင်းသားများအ နေဖြင့် နေထိုင်စားသောက်စရိတ်၊ ကျောင်းလခ၊ စာမေးပွဲကြေး၊ ကျန်းမာရေးအာမခံနှင့် ဆေးကုသခွင့် များ ရရှိနိုင်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

Local Read 10768 times