စင်္ကာပူနိုင်ငံမှ ပေးအပ်မည့် ပညာသင်ဆုများကို လျှောက်ထားနိုင်

စင်္ကာပူနိုင်ငံမှ ပေးအပ်မည့် ပညာသင်ဆုများကို လျှောက်ထားနိုင်

စင်္ကာပူနိုင်ငံ “S. Rajaratnam School of International Studies (RSIS)” ကပေးအပ်မယ့် ၂၀၁၉ ပညာသင်နှစ်အတွက် မဟာဘွဲ့ နဲ့ ပါရဂူဘွဲ့သင်တန်းများကို သတ်မှတ်အရည်အချင်းများနဲ့ ပြည့်မီသူများသက်ဆိုင်ရာ Website သို့ ဝင်ရောက်လေ့လာ၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း အကြောင်းကြား လာပါသည်။

လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ...

၁ - M.Sc (Asian Studies)

၂ - M.Sc (International Political Economy)

၃ - M.Sc (International Relations)

၎ - M.Sc (Strategic Studies)

၅ - NTU- Warwick Double Masters Programme  နှင့်

၆ - Ph.D Programme တို့ဖြစ်ပါတယ်။

အဆိုပါ ပညာသင်ဆုများကို သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်များနှင့်ဝန်ထမ်းများ၊ ညီနောင်အသင်းမှ အမှုဆောင်များနှင့် ဝန်ထမ်းများ၊ ကုန်သည်စက်မှု အသင်းချုပ် အသင်းဝင်ကုမ္မဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန် စိတ်ပါဝင်စားပါက အသေးစိတ် အချက်အလက်များကို  Website : www.rsis.edu.sg/gpo သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်စာဖြင့် သက်ဆိုင်ရာတက္ကသိုလ်၏ Website တွင် သတ်မှတ်ရက်ထက် နောက်မကျဘဲ လျှောက်ထားနိုင်ပါတယ်။

အသင်းချုပ်၏ ခွင့်ပြုချက်ရယူလိုပါက စီမံအုပ်ချုပ်ရေးအရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေး လျှောက်လွှာ (၁) စောင်၊ လျှောက်ထားသူ၏ CV ၊ ဓါတ်ပုံ၊ အသင်းဝင်ကဒ် မိတ္ထူ၊ မှတ်ပုံတင်မိတ္ထူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်း ဖြစ်ကြောင်းထောက်ခံစာတို့နှင့်အတူ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်းနံပါတ် ☎️ ၀၁ -၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: ကုန်သည်စက်မှုအသင်းချုပ်

International Read 1790 times