စင်ကာပူနိုင်ငံက ဘွဲ့ကြိုတန်းပညာသင်ဆုအကြောင်းသိကောင်းစရာ

**Zawgyi**













Read More:>>>  ကျောင်းသားများစာကြိုးစားရဲ့သားနဲ့ အမှတ်မကောင်းတဲ့အကြောင်းရင်း


Credit: 7Day News

**Unicode**


စင်ကာပူနိုင်ငံရှိ National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU),Singapore University of Technology and Desigh (SUTD) တက္ကသိုလ်များတွင် တက်ရောက်မည့် သူများအနေဖြင့် Dr.Goh Keng Swee (GKS) ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ကြေညာထားပါတယ်။

Dr.Goh Keng Swee (GKS) ပညာသင်ဆုသည် Association of Banks in Singapore (ABS) ကပေးအပ်သော ပုဂ္ဂလိက ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။

အထက်ပါတက္ကသိုလ်လေးခုတွင် ဘွဲ့ကြိုတန်းတက်ရောက်မည့် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ (၁၅) ခုမှ ကျောင်းသားများအားပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလည်း အကျုံးဝင်ပါတယ်။

အဆိုပါ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိရန် မိမိအစီအစဉ်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ကျောင်းတက်ရောက်ခွင့်ရရှိသူများကိုသာ ပညာသင်ဆုစိစစ်ပေးအပ်မည်ဖြစ်ပါတယ်။

လျှောက်ထားမည့်သူများသည် NUS, NTU, SMU, SUTD တို့တွင် ဆေးပညာဆိုင်ရာ ဘာသာရပ်များမှလွဲ၍ ဘွဲ့ကြိုဘာသာရပ်သင်တန်းတစ်ခုခု ဝင်ခွင့်ရရှိထားရမည်ဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အတွက် လျှောက်ထားရမည့် နောက်ဆုံးရက်များမှာ သက်ဆိုင်ရာ တက္ကသိုလ်များက သတ်မှတ်ထားသည့် နေ့ရက်များအတိုင်းသာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားရန်နောက်ဆုံးရက်မှာ ၂၀၂၀ မတ်လ (၁၅) ရက်ဖြစ်ပါတယ်။

ခေါင်းဆောင်မှုစွမ်းရည်ကို ပြသနိုင်ရမည်ဖြစ်ပြီး ပညာရေးမှတ်တမ်းကောင်းရှိထားရမည်ဖြစ်ပါတယ်။

Scholastic Assessment Test(SAT) ရမှတ်တင်ပြရမည်ဖြစ်ပြီး SAT ရမှတ်အပေါ်မူတည်ကာ ပညာသင်ဆု စိစစ်ရွေးချယ်မည်ဖြစ်ပါတယ်။

ပညာသင်ကာလအများဆုံး (၄) နှစ်အတွင်း ကုန်ကျမည့် ကျောင်းစရိတ်နှင့် အခြားပညာရေးဆိုင်ရာ အသုံးစရိတ်များ၊ အသွားအပြန် လေယာဉ်စရိတ်၊ နှစ်စဉ် ပညာသင်ဆုငွေစင်ကာပူဒေါ်လာ (၆၅၀၀)၊ အဆောင်ခများကိုပံ့ပိုးပေးမည်ဖြစ်ပါတယ်။

ပညာသင်ဆုရရှိသူ၏ စင်ကာပူနိုင်ငံတွင် တက်ရောက်နေစဉ် ပညာရေးမှတ်တမ်း၊ စွမ်းဆောင်ရည်ကောင်းမွန်မှု့တို့အပေါ် နှစ်စဉ်ပြန်လည်သုံးသပ်ပြီး ပညာသင်ဆု ဆက်လက်ပေးအပ်သင့်/မသင့် ဆုံးဖြတ်မည်ဖြစ်ပါတယ်။

ပညာသင်ဆုဖြင့် ဘွဲ့ရပြီးပါက စင်ကာပူနိုင်ငံ (သို့) အမိနိုင်ငံရှိ စင်ကာပူနိုင်ငံသားပိုင် ကုမ္ပဏီတွင် (၃) နှစ်အလုပ်လုပ်ကိုင်မည်ဟု ဝန်ခံကတိရေးထိုးရမည်ဖြစ်ပါတယ်။

Read More:>>>  ကျောင်းသားများစာကြိုးစားရဲ့သားနဲ့ အမှတ်မကောင်းတဲ့အကြောင်းရင်း

Dr.GohKengSwee (GKS) ပညာသင်ဆုကို www.pscgate-way.gov.sg/app/gks/account/uidsignin. တွင်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Credit: 7Day News
 

International Latest Post Read 1124 times