ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းသို့ တက္ကသိုလ်ပညာသင်ဆု လျှောက်ထားနိုင်

ရွှေပါရမီပညာရေး ဖောင်ဒေးရှင်းသို့ တက္ကသိုလ်ပညာသင်ဆု လျှောက်ထားနိုင်

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်သော ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၏ သတ္တမ အကြိမ်မြောက် တက္ကသိုလ်ပညာသင်ဆုကို “၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ
 အောင်မြင်၍ တက္ကသိုလ် တက်ရောက်ပညာသင်ကြားရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါသည်။

ပညာသင်ဆု ပေးအပ်မည့် တက္ကသိုလ်များ -

(၁) ဆေးတက္ကသိုလ်၊

(၂) ရန်ကုန်နည်းပညာတက္ကသိုလ်၊

(၃) မန္တလေးနည်းပညာတက္ကသိုလ်၊

(၄) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊

(၅) မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊

(၆) သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊

(၇) ရတနာပုံဆိုင်ဘာစီးတီးနည်းပညာတက္ကသိုလ်၊

(၈) သူနာပြုတက္ကသိုလ်၊

(၉) ပညာရေး တက္ကသိုလ်၊

(၁၀) ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

လျှောက်ထားလိုသူသည် -

(၁) လိုင်စင်ဓာတ်ပုံ(၃)ပုံ၊ မိသားစုဓာတ်ပုံနှင့် နေအိမ်ဓာတ်ပုံ

(၂) ကိုယ်ရေးအချက်အလက်အပြည့်အစုံ

(၃) မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ

(၄) တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူ

(၅) သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့်မိတ္တူ

(၆) မိဘအလုပ်အကိုင်နှင့် ဝင်ငွေ

(၇) ညီအစ်ကိုမောင်နှမများ၏ အလုပ်အကိုင်၊ ဝင်ငွေနှင့် ပညာရေး (ဥပမာ - ကျောင်းသားဖြစ်ပါက တက်ရောက်ပညာသင်ကြားနေသည့် အတန်း၊ တက္ကသိုလ်အပြည့်အစုံ)

(၈) မိမိကိုယ်တိုင်၊ မိဘ၊ အခြားယုံကြည်ထိုက်သူတစ်ဦး၊ စုစုပေါင်းသုံးဦးတို့၏ ပညာသင်ဆုလျှောက်ထားရခြင်းအကြောင်း ရှင်းလင်းတင်ပြချက် (ကိုယ်တိုင်လက်ရေးအသီးသီးဖြင့်)

(၉) ပညာသင်ဆု လျှောက်ထားသော အခြားအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ ၊

(၁၀) ကျောင်းစာပြင်ပလှုပ်ရှားမှုနှင့် အောင်မြင်မှုများ(အထောက်အထားမိတ္တူဖြင့်)

(၁၁) ဘဝရည်မှန်းချက် (ကိုယ်တိုင်လက်ရေးဖြင့်)

(၁၂) ဆရာတော်အရှင်ဆန္ဒာဓိက၏ စာအုပ်များ ဖတ်ဖူးပါက မည်သည့်စာအုပ်ကို မည်သည့် အတွက်ကြောင့် အနှစ်သက်ဆုံးဖြစ်ကြောင်း နားလည်ခံစားချက် (ကိုယ်တိုင်လက်ရေးဖြင့်)တို့ကို  ရွှေပါရမီပညာရေးဖောင်ဒေးရှင်း၊ အမှတ်(၆၈)၊ မြေညီထပ်၊ စဥ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန် မြို့သို့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နောက်ဆုံးထားပေးပို့၍ လျှောက်ထားနိုင်ပါသည်။

မှတ်ချက် ။ ။ အချက်အလက်မပြည့်စုံသောလျှောက်လွှာများ လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

Local Read 1390 times