PPTT သင်တန်းလျှောက်ထားခြင်းအကြောင်း သိကောင်းစရာများအား မျှဝေခြင်း

** Unicode **

ယခုနှစ်အတွက် ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) ကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက် (၁၂၀၀၀) အထိခေါ်ယူသွားမည်ဖြစ်ကြောင်းအဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။

၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ် (၂၅) ခုတွင်ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ကိုဇန်နဝါရီလအတွင်း ခေါ်ယူမည်ဖြစ်ပြီး ယခင် PPTT သင်တန်းသည် သင်တန်းကာလ (၆) လသာ တက်ရောက်ရသော်လည်း ယခုနှစ်အတွက် ခေါ်ယူမည့် သင်တန်းမှစတင်၍ သင်တန်းကာလ (၁၀) လအထိရောက်ရန်အတွက် ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ၎င်းဌာနမှသိရပါတယ်။

၎င်းသင်တန်းကို ပြင်ပမှဘွဲ့တစ်ခုခုရရှိထားသူများ လျှောက်ထားနိုင်ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ဘာသာရပ်အရေအတွက် (၂၅) ခုအထိတိုးမြှင့်ခေါ်ယူခဲ့ကြောင်းကိုလည်းသိရပါတယ်။

သင်တန်းဝင်ခွင့်ကို အင်္ဂလိပ်စာနှင့် ပညာရေးဆိုင်ရာ အထွေထွေဗဟုသုတရေးဖြေ စာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲများက ဖြေဆိုပြီး ရမှတ်တန်းစီဇယားဖြင့် ဝင်ခွင့်ပေးသည့် သင်တန်းလည်းဖြစ်ပါတယ်။

လျှောက်ထားလိုသူများအနေဖြင့် ဘွဲ့လက်မှတ်၊ ဆယ်တန်းအောင်လက်မှတ်များကို မိတ္တူ၊မူရင်း အားလုံးအဆင်သင့်ပြုလုပ်ထားရန်လိုအပ်ပါတယ်။အသေးစိတ်အချက်အလက်များကို သိလိုပါက မိမိတို့ကိုယ်တိုင်ကျောင်းများသို့ သွားရောက်စုံစမ်းပေးရန်လိုအပ်ပါတယ်။ 

၎င်းသင်တန်းအတွက် လျှောက်ထားခွင့်ရှိသော ဘွဲ့များအားအနည်းကျဉ်းပြောပြပေးလိုပါတယ်။

(1) B.A.(Myanmar)
(2) B.A.(English)
(3) B.Sc.(Mathematics)
(4) B.Sc.(Chemistry)
(5) B.Sc.(Physics)
(6) B.Sc.(Zoology)
(7) B.Sc.(Botany)
(8) B.A.(Geography)
(9) B.A.(History)
(10)B.A.(Economics)
(11)B.Econ(Economics) အစရှိသည့်ဘွဲ့များ မဟုတ်ပဲ တခြားဘွဲ့များလည်း လျှောက်ထားလိုပါက ကျောင်းများတွင်သာစုံစမ်းပေးပါရန် ကြိုတင်၍ ပြောကြားလိုပါတယ်။

Read More:>>>> တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်အတွက် Cloze Type လေ့ကျင့်ရန် Exercise များ

လျှောက်လွှာဖြည့်စွက်ရာတွင် သေချာကြည့်ပါ၊ အမှားနည်းအောင်ဖြည့်ကြပါရန်နှင့် အချက်အလက်မှန်ကန်စွာဖြည့်ပေးကြရန် တိုက်တွန်းလိုပါတယ်။


(လျှောက်ထားလိုသူများအား ရည်ရွယ်၍ရေးသားပြုစုပေးခြင်းဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို ကျောင်းများတွင် စုံစမ်းပါက ပိုမိုတိကျစွာ သိနိုင်ပါတယ်။)
(ကျေးဇူးတင်ပါတယ်ရှင်...)
(www.edge.com.mm)

** Zawgyi **

ယခုႏွစ္အတြက္ ပညာေရးေကာလိပ္မ်ားတြင္ ဖြင့္လွစ္မည့္ လုပ္ငန္းခြင္အႀကိဳမူလတန္း ဆရာအတတ္ပညာသင္တန္း (PPTT) ကိုတစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ အေရအတြက္ (၁၂၀၀၀) အထိေခၚယူသြားမည္ျဖစ္ေၾကာင္းအဆင့္ျမင့္ပညာဦးစီးဌာနမွ သိရပါတယ္။

၂၀၂၀ ပညာသင္ႏွစ္အတြက္ ပညာေရးတကၠသုိလ္ (၂၅) ခုတြင္ဖြင့္လွစ္မည့္ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာ အတတ္ပညာသင္တန္း (PPTT) ကိုဇန္နဝါရီလအတြင္း ေခၚယူမည္ျဖစ္ၿပီး ယခင္ PPTT သင္တန္းသည္ သင္တန္းကာလ (၆) လသာ တက္ေရာက္ရေသာ္လည္း ယခုႏွစ္အတြက္ ေခၚယူမည့္ သင္တန္းမွစတင္၍ သင္တန္းကာလ (၁၀) လအထိေရာက္ရန္အတြက္ ပညာေရးဝန္ႀကီးဌာနသို႔ တင္ျပထားေၾကာင္း ၄င္းဌာနမွသိရပါတယ္။

၄င္းသင္တန္းကို ျပင္ပမွဘြဲ႔တစ္ခုခုရရွိထားသူမ်ား ေလ်ွာက္ထားႏိုင္ၿပီး ၂၀၁၉ ခုႏွစ္မွစတင္၍ ဘာသာရပ္အေရအတြက္ (၂၅) ခုအထိတိုးျမွင့္ေခၚယူခဲ့ေၾကာင္းကိုလည္းသိရပါတယ္။

သင္တန္းဝင္ခြင့္ကို အဂၤလိပ္စာႏွင့္ ပညာေရးဆိုင္ရာ အေထြေထြဗဟုသုတေရးေျဖ စာေမးပြဲႏွင့္ ႏႈတ္ေျဖစာေမးပြဲမ်ားက ေျဖဆိုၿပီး ရမွတ္တန္းစီဇယားျဖင့္ ဝင္ခြင့္ေပးသည့္ သင္တန္းလည္းျဖစ္ပါတယ္။

ေလ်ွာက္ထားလိုသူမ်ားအေနျဖင့္ ဘြဲ႔လက္မွတ္၊ ဆယ္တန္းေအာင္လက္မွတ္မ်ားကို မိတၱဴ၊မူရင္း အားလံုးအဆင္သင့္ျပဳလုပ္ထားရန္လိုအပ္ပါတယ္။အေသးစိတ္အခ်က္အလက္မ်ားကို သိလိုပါက မိမိတို႔ကိုယ္တိုင္ေက်ာင္းမ်ားသို႔ သြားေရာက္စံုစမ္းေပးရန္လိုအပ္ပါတယ္။ 

၄င္းသင္တန္းအတြက္ ေလ်ွာက္ထားခြင့္ရွိေသာ ဘြဲ႔မ်ားအားအနည္းက်ဥ္းေျပာျပေပးလိုပါတယ္။

(1) B.A.(Myanmar)
(2) B.A.(English)
(3) B.Sc.(Mathematics)
(4) B.Sc.(Chemistry)
(5) B.Sc.(Physics)
(6) B.Sc.(Zoology)
(7) B.Sc.(Botany)
(8) B.A.(Geography)
(9) B.A.(History)
(10)B.A.(Economics)
(11)B.Econ(Economics) အစရွိသည့္ဘြဲ႔မ်ား မဟုတ္ပဲ တျခားဘြဲ႔မ်ားလည္း ေလ်ွာက္ထားလိုပါက ေက်ာင္းမ်ားတြင္သာစံုစမ္းေပးပါရန္ ႀကိဳတင္၍ ေျပာၾကားလိုပါတယ္။

Read More:>>>>  တကၠသိုလ္ဝင္တန္း အဂၤလိပ္စာဘာသာရပ္အတြက္ Cloze Type ေလ့က်င့္ရန္ Exercise မ်ား

ေလ်ွာက္လႊာျဖည့္စြက္ရာတြင္ ေသခ်ာၾကည့္ပါ၊ အမွားနည္းေအာင္ျဖည့္ၾကပါရန္ႏွင့့္ အခ်က္အလက္မွန္ကန္စြာျဖည့္ေပးၾကရန္ တိုက္တြန္းလိုပါတယ္။


(ေလ်ွာက္ထားလိုသူမ်ားအား ရည္ရြယ္၍ေရးသားျပဳစုေပးျခင္းျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္မ်ားကို ေက်ာင္းမ်ားတြင္ စံုစမ္းပါက ပိုမိုတိက်စြာ သိႏိုင္ပါတယ္။)
(ေက်းဇူးတင္ပါတယ္ရွင္...)
(www.edge.com.mm)

News Tips Latest Post Read 13262 times