စင်ကာပူအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ edtech ပလက်ဖောင်းဖြစ်သော LingoAce သည် တရုတ်ဘာသာစကား သင်ကြားရေးသင်တန်းများ ဖွင့်လှစ်ထားသည့် Sequoia Capital India ၏ ဦးဆောင်မှုဖြင့် ဒေါ်လာ ၆ သန်းရရှိခဲ့သည်။ တရုတ်နိုင်ငံ၏ Xiaomi စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ၏ ကျောထောက်နောက်ခံဖြစ်သော Shunwei Capital မှပါ၀ င်သည်ဟုသိရသည်။ ၎င်းသည်စီးရီးအေ စီးဆင်းမှုကုမ္ပဏီမှ ရရှိသော ရန်ပုံငွေများမှာ ဒါ်လာ ၁၃ သန်းအထိရှိသည်။
လက်ရှိအခြေအနေမတိုင်မီကဇွန်လတွင် LingoAce သည် Shunwei Capital မှဒေါ်လာ ၇ သန်းထည့်ဝင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက ရှန်ကျန်းအခြေစိုက် Angel ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Decent Capital မှဒေါ်လာ ၃ သန်းရရှိခဲ့သည်။
၃ နှစ်အရွယ် LingoAce သည် ဝန်ထမ်း ၄၀၀ ကျော်ဖြင့် အသက် ၄ နှစ်မှ ၁၅ နှစ်ကြား တရုတ်စကားမပြောတတ်သော ကျောင်းသားများအတွက် အပြန်အလှန်ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် ဝန်ဆောင်မှုများကို တီထွင်ခဲ့သည် ဟုသိရသည်။
စင်ကာပူအပြင် ပေကျင်း၊ ဝူဟန်နှင့် လော့စ်အိန်ဂျယ်လိစ်တွင်လည်း တည်ရှိသည်။ မကြာသေးမီက ၎င်းသည် ဘန်ကောက်နှင့် ဂျကာတာတွင် လုပ်ငန်းစင်တာများ တည်ထောင်ခဲ့သည်။ LingoAce က၎င်းသည် AI-powered platform ကို မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံပေါင်း ၈၀ တွင် မှတ်ပုံတင်ထားသော ကျောင်းသား ၁၀၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး၊ အသိအမှတ်ပြုဆရာ ၂၀၀၀ ကျော်ရှိသည်ဟု ပြောကြားခဲ့သည်။
ယနေ့တရုတ်ပြင်ပမှာ လူသန်း ၁၀၀ ကျော်၊ ၂၇ သန်းက K-12 ကျောင်းသားတွေပါ တရုတ်စာသင်နေတယ်။ ထိုကိန်း ဂဏန်းဟာနှစ်စဉ် ၂၀% ကနေ ၃၀% အထိတိုးတက်နေတယ်" ဟု Abheek Anand ကပြောကြားခဲ့သည်။ Sequoia Capital India ၏ ညွှန်ကြားရေးမှူးတစ်ဦးကပြောကြားသည်။ အွန်လိုင်းပညာရေးသည် COVID-19 ရောဂါသည် အရှေ့တောင်အာရှတွင် သိသိသာသာမြင့်တက်ခဲ့သည်။
စင်ကာပူအမျိုးသားစာရင်းအင်းရုံး၏ အဆိုအရ လူဦးရေ၏ ၂၅.၇% သည် အသက် ၅ နှစ်မှ ၁၉ နှစ်ကြား ကျောင်းသားများဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၃၆၃ သန်းနီးပါးသည် အွန်လိုင်းသင်ကြားမှုသို့ပြောင်းလဲရမည်ဖြစ်သည်။
Ref: asia.nikkei
By Yu Khine