Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိနိုင်ရန် အမှတ်စာရင်းများ စတင်ပြုစုပြီ

** Unicode **

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိရန် လက်ရှိတွင် စစစ်ဆေးပြီးသည့် အဖြေလွှာများကို အမှတ်စာရင်း ပြုစုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ၏ အဖြေလွှာများကို COVID-19  ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် ဇွန်လမှသာ စစ်ဆေးနိုင်ခဲ့ပြီး ယခုအခါ အဖြေလွှာစစ်ဆေးမှုများပြီးဆုံးကာ ခုံအမှတ်များကိုခွာ၍ အမှတ်စာရင်းများကို စာရင်းပြုစုနေသည့် အခြေအနေတွင်သာ ရှိနေသေးကြောင်း သိရပါတယ်။

လုပ်ဆောင်ရန်အဆင့်များစွာ ကျန်ရှိသေးကြောင်းလည်း သိရပါတယ်။ ကွန်ပျူတာထဲ စာရင်းသွင်း၊ အဆင့်သုံးဆင့်ဖြင့် စစ်ဆေးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပါတယ်။

အောင်စာရင်းထွက်ရန်အတွက် ဝန်ကြီးရုံးသို့ တင်ရန်နှင့် ဝန်ကြီးရုံးမှ စိစစ်ပြီးမှသာ အောင်စာရင်းထွက်ရှိမည်ဖြစ်ပါတယ်။

၎င်းအခြေအနေများကြောင့် ၂၀၂၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းဆိုင်ရာ လုပ်ငန်းများကို ဇူလိုင်လ (၆) ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် အောင်စာရင်းထွက်ရှိနိုင်မည့် အချိန်သည် လာမည့် သြဂုတ်လထဲတွင် ထွက်ရှိရန် ခန့်မှန်းထားပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုမီအချိန်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ ကိုးသိန်းခုနစ်သောင်းကျော် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းခဲ့သော်လည်း လာရောက်ဖြေဆိုရန် ပျက်ကွက်သူမှာ ခြောက်သောင်းကျော်အထိ ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရပါတယ်။

High School အထက်တန်းကျောင်းများ (251) High School နှင့်ပတ်သက်ပြီး သင်တန်း (၂၅၁)ခု ရှာရန်နှိပ်ပါ။

ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုသည် ငါးနှစ်အတွင်း ဖြေဆိုသူအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် စာစစ်လုပ်ငန်းများ နောက်ကျခဲ့ပြီးနောက် အောင်စာရင်းကိုလည်း နှစ်စဉ်ထွက်ရှိနေသည့် ဇွန်လတွင် ထွက်ရှိနိုင်ခဲ့ခြင်းမရှိပေ။

Credit: The Voice

** Zawgyi **

တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းထြက္ရွိရန္ လက္ရွိတြင္ စစစ္ေဆးၿပီးသည့္ အေျဖလႊာမ်ားကို အမွတ္စာရင္း ျပဳစုေနၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

၂၀၂၀ ျပည့္ႏွစ္ မတ္လတြင္ ေျဖဆိုခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲ၏ အေျဖလႊာမ်ားကို COVID-19  ေရာဂါကူးစက္ျပန႔္ပြားမႈ အေျခအေနမ်ားေၾကာင့္ ဇြန္လမွသာ စစ္ေဆးႏိုင္ခဲ့ၿပီး ယခုအခါ အေျဖလႊာစစ္ေဆးမႈမ်ားၿပီးဆုံးကာ ခုံအမွတ္မ်ားကိုခြာ၍ အမွတ္စာရင္းမ်ားကို စာရင္းျပဳစုေနသည့္ အေျခအေနတြင္သာ ရွိေနေသးေၾကာင္း သိရပါတယ္။

လုပ္ေဆာင္ရန္အဆင့္မ်ားစြာ က်န္ရွိေသးေၾကာင္းလည္း သိရပါတယ္။ ကြန္ပ်ဴတာထဲ စာရင္းသြင္း၊ အဆင့္သုံးဆင့္ျဖင့္ စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ရမည္ျဖစ္ပါတယ္။

ေအာင္စာရင္းထြက္ရန္အတြက္ ဝန္ႀကီး႐ုံးသို႔ တင္ရန္ႏွင့္ ဝန္ႀကီး႐ုံးမွ စိစစ္ၿပီးမွသာ ေအာင္စာရင္းထြက္ရွိမည္ျဖစ္ပါတယ္။

၎အေျခအေနမ်ားေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္၏ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းဆိုင္ရာ လုပ္ငန္းမ်ားကို ဇူလိုင္လ (၆) ရက္ေန႔တြင္ စတင္ေဆာင္႐ြက္မည္ျဖစ္သည့္အတြက္ ေအာင္စာရင္းထြက္ရွိႏိုင္မည့္ အခ်ိန္သည္ လာမည့္ ၾသဂုတ္လထဲတြင္ ထြက္ရွိရန္ ခန႔္မွန္းထားပါတယ္။

တကၠသိုလ္ဝင္စာေမးပြဲကို မေျဖဆိုမီအခ်ိန္က တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းသား/သူ ကိုးသိန္းခုနစ္ေသာင္းေက်ာ္ ဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးသြင္းခဲ့ေသာ္လည္း လာေရာက္ေျဖဆိုရန္ ပ်က္ကြက္သူမွာ ေျခာက္ေသာင္းေက်ာ္အထိ ရွိေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံမွ သိရပါတယ္။

High School အထက္တန္းေက်ာင္းမ်ား (251) High School ႏွင့္ပတ္သက္ျပီး သင္တန္း (၂၅၁)ခု ရွာရန္ႏွိပ္ပါ။

ယခုႏွစ္၏ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမႈသည္ ငါးႏွစ္အတြင္း ေျဖဆိုသူအမ်ားဆုံးႏွစ္ ျဖစ္ခဲ့ပါတယ္။ COVID-19 ကူးစက္ျပန႔္ပြားမႈ အေျခအေနမ်ားေၾကာင့္ စာစစ္လုပ္ငန္းမ်ား ေနာက္က်ခဲ့ၿပီးေနာက္ ေအာင္စာရင္းကိုလည္း ႏွစ္စဥ္ထြက္ရွိေနသည့္ ဇြန္လတြင္ ထြက္ရွိႏိုင္ခဲ့ျခင္းမရွိေပ။

Credit: The Voice

News Tips Latest Post Read 42999 times