ပီတီတီအီးပီက ဒီပလိုမာ ပညာသင်ဆု ဒုတိယအကြိမ် ပေးအပ်

ပီတီတီအီးပီက ဒီပလိုမာ ပညာသင်ဆု ဒုတိယအကြိမ် ပေးအပ်

ပီတီတီအီးပီ ရဲ့အဆင့်မြင့် သက်မွေးပညာဒီပလိုမာပညာသင်ဆု High Vocational Diploma (HVD) ပညာသင်ဆု အစီအစဉ်က ဒုတိယအသုတ် မြန်မာကျောင်းသားတွေကို ပီတီတီအီးပီအင်တာနေရှင်နယ်လီမိတက် ရန်ကုန်ရုံးခွဲက ထုတ်ပြန်ကြေညာပေးတာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အရောက်မှာ ပီတီတီအီးပီ မြန်မာ့စီမံကိန်းအနေနဲ့ မြန်မာနိုင်ငံလုပ်သားအင်အားစုကို ပြည်တွင်းဝန်ထမ်း ၇၅ ရာခိုင်နှုန်းအထိရှိလာဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပီတီတီအီးပီမြန်မာ့စီမံကိန်းရဲ့လုပ်သားအင်အား ၅၅ ရာခိုင်နှုန်းခန့်က ပြည်တွင်းဝန်ထမ်းတွေဖြစ်ပါတယ်။HVD ပညာသင်ဆုအစီအစဉ်က အစီုးရစက်မှုလက်မှုသိပ္ပံ (AGTI) က မြန်မာကျောင်းသားတွေကို ပီတီတီအီးပီက အပြည့်အဝကမ်းလှမ်းပေးအပ်တဲ့ နှောင်ကြိုးမဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။

အဲ့သည့် အစီအစဉ်အရ ကျောင်းသားတွေက ထိုင်နိုင်ငံ IRPCT ကျောင်းမှာ သက်မွေးပညာရပ်သင်တန်းကို လေးနှစ်ကြာ သင်ယူရတာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားနဲ့ အီလက်ထရွန်းနစ်ပညာ၊စက်မှုပုံဆွဲပညာ၊ဂဟေဆော်ပညာနဲ့ CNC (2)Maching စက်ပညာစတဲ့ စက်မှုလုပ်ငန်းကုန်သွယ်မှုတွေအတွက်လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းကိုရေးဆွဲပုံဆော်ထားတယ်လို့သိရပါတယ်။

ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု၊စီးပွားရေးလုပ်ငန်းနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက်လည်းကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

Mr Piya က ‘HVD သင်တန်းပြီးမြောက်သူတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့ ဒီသင်တန်းက သူတို့အနာဂတ်အတွက် အခွင့်အလမ်းတွေကောင်းတွေ ပိုမိုဆောင်ကြဉ်းပေးလာပြီး မြန်မာနိုင်ငံရေရည်တိုးတက်ဖွံ့ဖြိုးမှုကို မောင်းနှင်ပေးမယ့်အလုပ်အကိုင်ကောင်းတွေပွင့်လင်းလာမယ်ဆိုတာပါပဲ။

မြန်မာနိုင်ငံရဲ့ ရေရည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကိုကျွန်တော်တို့ဂုဏ်ယူဝမ်းမြောက်ရပါတယ်။မြနမာ့လူသားအရင်းအမြစ်ရှင်သန်ဖွံ့ဖြိုးဖို့ အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ကျွန်တော်တို့မျှော်လင်ပါတယ်’ လို့ပြောပါတယ်။

ဒုတိယအကြိမ် ပညာသင်ဆုကို ကျောင်းသူကျောင်းသား ၃၁ ဦးကို ပေးအပါခဲ့တာဖြစ်ပြီး ဒီပလိုမာလက်မှတ်ပေးအပ်ပါတယ်။ပီတီတီအီးပီမြန်မာ့စီးပွားရေးလုပ်ငန်းခွဲ subsidiaries (3) တွေက စတင် ဖော်ဆောင်ခဲ့တဲ့ HVD ပညာသင်ဆုအစီအစဉ်ကို မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ပံ့ပိုးမှု၊ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာပါ။သည်နေ့အချိန်အထိ AGTI ကျောင်းသားပေါင်း ၁၃၀ ကိုပညာသင်ဆုအပ်နှင်းထားပြီး အစီအစဉ်ပြီးဆုံးအောင်မြင်သူမြန်မာ HVD ပညာသင် ၆၈ ဦးရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

Source;မော်ဒန်

International Read 1319 times