သိပ္ပံတွဲယူသူများ လူမှုရေးသိပ္ပံကိုပါသင်ယူရမည်ဖြစ်ပြီး ဝိဇ္ဇာတွဲယူသူများလည်း သိပ္ပံဘာသာရပ်ကိုသင်ယူရမ

**Unicode**

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြောင်းလဲမည့် Grade-10 သင်ရိုးသစ်တွင် သိပ္ပံဘာသာရပ်ကို ဦးစားပေးသင်ယူမည့် ကျောင်းသား/သူများအနေဖြင့် ဝိဇ္ဇာဘာသာရပ်အခြေခံသည့် လူမှုရေးသိပ္ပံဘာသာရပ်ကိုပါ သင်ယူရမည်ဖြစ်ပြီး ဝိဇ္ဇာတွဲယူသူများလည်း သိပ္ပံဘာသာရပ်ကိုပါ သင်ယူရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။


မူလသင်ရိုးမှာ သိပ္ပံအထူးပြုယူတဲ့ ကျောင်းသား/သူတွေက ဝိဇ္ဇာဘာသာရပ်ကိုသင်ဖို့ အခွင့်အလမ်းမရှိတော့ဘူး၊ အလားတူ ဝိဇ္ဇာအထူးပြုယူတဲ့ ကျောင်းသား/သူတွေကလည်း သိပ္ပံဘာသာရပ်ကိုသင်ဖို့ အခွင့်အလမ်းမရတော့ဘူး။ အလားတူပင် ဝိဇ္ဇာအထူးပြုယူတဲ့ ကျောင်းသား/သူတွေကလည်း သိပ္ပံဘာသာရပ်ကိုသင်ဖို့ အခွင့်အလမ်းမရတော့ဘူး။ အဲဒီကိစ္စကို တစ်ဖက်တစ်လမ်းက ပြေလည်အောင် သင်ရိုးသစ်မှာ သိပ္ပံဘာသာတွဲကို ဦးစားပေးသင်လိုတဲ့ ကျောင်းသား/သူများအတွက် ဝိဇ္ဇာဘာသာရပ်အခြေခံကို ေးမယ်။ ပထဝီဝင်၊ သမိုင်း၊ ဘောဂ သုံးခုတွဲထားတဲ့ လူမှုရေးသိပ္ပံဘာသာရပ်ကိုပေးမယ်။ အဲဒီဘာသာရပ်သုံးခုပေါင်းမှ စာမျက်မှာ  (၁၀၀) လောက်ပဲရှိပြီး မြန်မာနိုင်ငံရဲ့ ပထဝီဝင်အခြေခံ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းအခြေခံ၊ စီးပွားရေးအခြေခံတွေထည့်ထားတယ်။ သိပ္ပံသမားတွေလည်း ပေါင်းစပ်ထားတဲ့ လူမှုရေးသိပ္ပံကို သင်ရမယ်။ ဝိဇ္ဇာရိုးရိုးကလည်း ဓာတု၊ ရူပ၊ ဇီဝ ကို အမှတ် (၁၀၀) ဖိုးပေါင်းထားတဲ့ သိပ္ပံကို သင်ရမယ်။ ဝိဇ္ဇာကျောင်းသားတွေ ဒါကိုယူရင်မခက်အောင်ကြိုးစားထားတယ်။ အမှန်၊ အမှားရွေးတာတို့၊ ကွက်လပ်ဖြည့်တာနဲ့တို့နဲ့ အခြေခံအသိပညာရအောင်လုပ်ပေးထားတာဖြစ်ပါတယ်။ အဲဒီတော့ ဝိဇ္ဇာယူရင်သိပ္ပံကိုတွဲမယ်၊ သိပ္ပံယူရင် ဝိဇ္ဇာကိုတွဲမယ် ဟုအဆိုပါဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လေ့ကျင့်ရေး) ဒေါက်တာဇော်လတ်ထွန်းကပြောပါတယ်။

Read More:>>>>  ** အေဝးသင္ေက်ာင္းအပ္ရန္ လိုအပ္သည့္အခ်က္မ်ား **


အခြေခံပညာသင်ရိုးညွှန်းတမ်းဟောင်းအရ Grade-1 သည် သူငယ်တန်းဖြစ်ပြီး Grade-11 သည် တက္ကသိုလ်ဝင်တန်းဖြစ်ကာ Grade-10 သည်နဝမတန်းဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းအသစ်တွင် အတန်းနှင့် Grade ကို ညှိလိုက်သည့်အတွက် KG သည် သူငယ်တန်း၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-5 သည် မူလတန်းအဆင့်၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9 သည် အလယ်တန်းအဆင့်၊ Grade-10၊ Grade-11၊ Grade-12 သည် အထက်တန်းအဆင့်ဖြစ်သောကြောင့် လာမည့်ပညာသင်နှစ်တွင် ပြောင်းလဲမည့် Grade-10 သင်ရိုးသည် နဝမတန်းစာများကို သင်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။

Source: မြဝတီ

 

**Zawgyi**

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ ေျပာင္းလဲမည့္ Grade-10 သင္ရိုးသစ္တြင္ သိပၸံဘာသာရပ္ကို ဦးစားေပးသင္ယူမည့္ ေက်ာင္းသား/သူမ်ားအေနျဖင့္ ဝိဇၨာဘာသာရပ္အေျခခံသည့္ လူမႈေရးသိပၸံဘာသာရပ္ကိုပါ သင္ယူရမည္ျဖစ္ၿပီး ဝိဇၨာတြဲယူသူမ်ားလည္း သိပၸံဘာသာရပ္ကိုပါ သင္ယူရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ပညာေရးသုေတသန၊ စီမံကိန္းႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွ သိရပါတယ္။


မူလသင္ရိုးမွာ သိပၸံအထူးျပဳယူတဲ့ ေက်ာင္းသား/သူေတြက ဝိဇၨာဘာသာရပ္ကိုသင္ဖို႔ အခြင့္အလမ္းမရွိေတာ့ဘူး၊ အလားတူ ဝိဇၨာအထူးျပဳယူတဲ့ ေက်ာင္းသား/သူေတြကလည္း သိပၸံဘာသာရပ္ကိုသင္ဖို႔ အခြင့္အလမ္းမရေတာ့ဘူး။ အလားတူပင္ ဝိဇၨာအထူးျပဳယူတဲ့ ေက်ာင္းသား/သူေတြကလည္း သိပၸံဘာသာရပ္ကိုသင္ဖို႔ အခြင့္အလမ္းမရေတာ့ဘူး။ အဲဒီကိစၥကို တစ္ဖက္တစ္လမ္းက ေျပလည္ေအာင္ သင္ရိုးသစ္မွာ သိပၸံဘာသာတြဲကို ဦးစားေပးသင္လိုတဲ့ ေက်ာင္းသား/သူမ်ားအတြက္ ဝိဇၨာဘာသာရပ္အေျခခံကို ေးမယ္။ ပထဝီဝင္၊ သမိုင္း၊ ေဘာဂ သံုးခုတြဲထားတဲ့ လူမႈေရးသိပၸံဘာသာရပ္ကိုေပးမယ္။ အဲဒီဘာသာရပ္သံုးခုေပါင္းမွ စာမ်က္မွာ  (၁၀၀) ေလာက္ပဲရွိၿပီး ျမန္မာႏိုင္ငံရဲ႕ ပထဝီဝင္အေျခခံ၊ ျမန္မာ့သမိုင္း၊ ကမ႓ာ႔သမိုင္းအေျခခံ၊ စီးပြားေရးအေျခခံေတြထည့္ထားတယ္။ သိပၸံသမားေတြလည္း ေပါင္းစပ္ထားတဲ့ လူမႈေရးသိပၸံကို သင္ရမယ္။ ဝိဇၨာရိုးရိုးကလည္း ဓာတု၊ ရူပ၊ ဇီဝ ကို အမွတ္ (၁၀၀) ဖိုးေပါင္းထားတဲ့ သိပၸံကို သင္ရမယ္။ ဝိဇၨာေက်ာင္းသားေတြ ဒါကိုယူရင္မခက္ေအာင္ႀကိဳးစားထားတယ္။ အမွန္၊ အမွားေရြးတာတို႔၊ ကြက္လပ္ျဖည့္တာနဲ႔တို႔နဲ႕ အေျခခံအသိပညာရေအာင္လုပ္ေပးထားတာျဖစ္ပါတယ္။ အဲဒီေတာ့ ဝိဇၨာယူရင္သိပၸံကိုတြဲမယ္၊ သိပၸံယူရင္ ဝိဇၨာကိုတြဲမယ္ ဟုအဆိုပါဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ (ေလ့က်င့္ေရး) ေဒါက္တာေဇာ္လတ္ထြန္းကေျပာပါတယ္။

Read More:>>>>  ** အေဝးသင္ေက်ာင္းအပ္ရန္ လိုအပ္သည့္အခ်က္မ်ား **


အေျခခံပညာသင္ရိုးညႊန္းတမ္းေဟာင္းအရ Grade-1 သည္ သူငယ္တန္းျဖစ္ၿပီး Grade-11 သည္ တကၠသုိလ္ဝင္တန္းျဖစ္ကာ Grade-10 သည္နဝမတန္းျဖစ္ေၾကာင္း၊ သင္ရိုးညႊန္းတမ္းအသစ္တြင္ အတန္းႏွင့္ Grade ကို ညွိလိုက္သည့္အတြက္ KG သည္ သူငယ္တန္း၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-5 သည္ မူလတန္းအဆင့္၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9 သည္ အလယ္တန္းအဆင့္၊ Grade-10၊ Grade-11၊ Grade-12 သည္ အထက္တန္းအဆင့္ျဖစ္ေသာေၾကာင့္ လာမည့္ပညာသင္ႏွစ္တြင္ ေျပာင္းလဲမည့္ Grade-10 သင္ရိုးသည္ နဝမတန္းစာမ်ားကို သင္ယူရမည္ျဖစ္ေၾကာင္း သိရပါတယ္။

Source: ျမဝတီ
 

News Tips Latest Post Read 3624 times