အိမ်ထောင်စုများအတူတကွ ရောနှောနေထိုင်ခြင်းသည် Covid-19 ကူးစက်ပိုးကို ပိုမိုတိုးပွားစေသည့် သက်ရောက်မှုများကို အစိုးရထံ တင်ပြခဲ့သည့် အင်္ဂလန်နိုင်ငံ ကူးစက်ရောဂါပညာရှင် ပါမောက္ခ Neil Ferguson သည် ထိုသို့ ရောနှောနေထိုင်ခြင်းကို ကန့်သတ်သင့်ကြောင်း အကြံပေးထားပါသည်။
သို့သော် ၎င်းမှ ဆက်လက်ပြောကြားသည်မှာ “ဒီထက်ပိုပြီး ကန့်သတ်မှု ပြုလုပ်နိုင်တာကတော့ ကျောင်းအတန်းအချို့ကို ကျောင်း သို့ ပြန်မပို့ဘဲ အိမ်တွင် ဆက်လက်သင်ယူစေလိုခြင်း ဖြစ်သည်” ဟု ဖြစ်သည်။
ဆက်လက်၍ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လျော့ချလိုက်လျှင် သေဆုံးမှုရာခိုင်နှုန်း များ တိုးလာမည်ဟု ဆိုထားပါသေးသည်။
အင်္ဂလန်အစိုးရသည်လည်း ပြီးခဲ့သည့် စနေနေ့တွင် ရောဂါကူးစက်မှု အသစ် ၂၃၀၁၂ ခု နှင့် ထပ်မံသေဆုံးသူ ၁၇၄ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင်လည်း ပိုးတွေ့လူနာပေါင်း လေးသောင်းလေးထောင်ကျော်နှင့် သေဆုံးသူ ဦးရေမှာ ၁၀၉၅ ဦးရှိနေပြီ ဖြစ်ပါသည်။
ယခုအခါအင်္ဂလန်နိုင်ငံရှိ လူဦးရေ ခုနစ်သန်းကျော်သည် coronavirus ပြန့်ပွားမှုထိန်းချုပ်ရေး အစီအမံများအောက်တွင် နေထိုင်နေကြရပါသည်။
"အသက်အရွယ် အုပ်စုအလိုက် ကူးစက်မှုနှုန်းများမြင့်တက်လျက်ရှိ"
BBC Radio 4's Today အစီအစဉ်တွင် ပါမောက္ခ Neil Ferguson ပြောကြားခဲ့သည်မှာ ပိတ်ဆို့မှုစည်းမျဉ်းများကိုချိုးဖောက်ပြီးနောက် အစိုးရ၏အရေးပေါ်အခြေအနေဆိုင်ရာသိပ္ပံအကြံပေးအဖွဲ့မှ နှုတ်ထွက်မှု နောက်ပိုင်း အခြေအနေများမှာ စိုးရိမ်ဖွယ် ဖြစ်နေသည်ဟု ပြောကြားခဲ့ပါသည်။
“အခုဆိုရင် Covid ကြောင့် ဆေးရုံတက်ရသည့် လူနာပေါင်း ၈၀၀၀ ကျော်ရှိတယ်၊ ဒါဟာ မတ်လက ကူစက်နှုန်း အမြင့်ဆုံး ဖြစ်နေသည့် အချိန်ကာလနှင့် ယှဉ်လျှင် ၃ပုံ ၁ပုံ ခန့်ရှိပါတယ်” ဟု သူက ပြောထားပါသည်။
အကယ်၍ တိုးတက်မှုနှုန်းသည်ဆက်လက်တည်ရှိနေပါကတစ်လအတွင်း ဆက်လက်၍ တိုးပွားနေမည် ဆိုလျှင် မတ်လက ကူးစက်နှုန်း ပမာဏထက် ကျော်လွန်ကာ မထိန်းသိမ်းနိုင် ဖြစ်လာပါလိမ့်မည်။
"အခုအချိန်မှာကျွန်တော်တို့ဟာခက်ခဲတဲ့အချိန်ရောက်နေပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာဒီတိုးတက်မှုနှုန်းကိုပိုပြီးကြာကြာခံရပ်နိုင်မှာမဟုတ်ဘူး။ "
ဆက်လက်၍ “အိမ်ထောင်စုများရောနှောနေထိုင်ခြင်းအပေါ်စည်းမျဉ်းစည်းကမ်းများ၏သက်ရောက်မှုမှာသိသာထင်ရှားသင့်သည်။ အကယ်၍ ထိတွေ့မှုများကို လျော့ချနိုင်ခဲ့လျှင် ပိုမိုထိန်းချုပ်နိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် စာသင်ကျောင်းများတွင် အတန်းကြီးများနှင့် ကောလိပ်ကျောင်းသားများကို အရွယ်ရောက်သူများဟု သတ်မှတ်လိုက်လို့ရသည်” ဟု ၎င်းမှ ဆိုထားသည်။
“ဟုတ်ပါတယ် ဘယ်ကျောင်းသားမဆို အွန်လိုင်းပညာရေးနှင့် ကျောင်းတစ်ဝက်တစ်ပျက် တက်ရတာကို နှစ်ခြိုက်ကြမှာမဟုတ်ပါဘူး။ စိန်ခေါ်မှု တစ်ရပ် အနေဖြင့် ပြောင်းလဲခြင်းကို ကျောင်းသားများ မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်ခြင်းပဲ ဖြစ်ပါတယ်”
ယူကေအစိုးရသည်ကျောင်းများအားမပိတ်ရန်စိတ်အားထက်သန်နေသည်။ ဝန်ကြီး Boris Johnson က ထိုသို့ မပိတ်လိုခြင်းမှာ ကလေးများအားလုံးကျောင်းတက်နိုင်ရေးမှာ အမျိုးသားရေး ဦးစားပေးမှု တစ်ရပ် ဖြစ်နေသောကြောင့် ဖြစ်သည် ဟုဆိုထားပါသည်။
By Myanmar Education Guide - EDGE
Ref: BBC News