စက်တင်ဘာလတွင် ဇမ်ဘီယာမှ ကျောင်းများ ပြန်လည် ဖွင့်လှစ်မည်

ယခုနှစ်မတ်လစ၍ Covid- 19 ရောဂါ ဖြစ်ပွားမှုကြောင့် ဇမ်ဘီယာ နိုင်ငံတွင် ကျောင်းများ၊ ကောလိပ်များ နှင့် တက္ကသိုလ်များ ကို ပိတ်ထားခဲ့ရာ ပြီးခဲ့သည့် သောကြာနေ့ တွင် ပြန်လည်ဖွင့်လှစ်ရန် ဇမ်ဘီယာသမ္မတ Edgar Lungu မှ ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ 

ကျောင်းပြန်ဖွင့်ရန်  ကျောင်းပညာရေးနှင့် ပဝင်ပတ်သက်သူများ၏ တောင်းဆိုမှုများကြောင့် ပြန်ဖွင့်ရန် စဉ်းစားခဲ့သည် ဟုဇမ်ဘီယာခေါင်းဆောင်က ပြောကြားခဲ့သည်။
ဆက်လက်၍ သမ္မတမှ ဇူလိုင်လတွင် စာမေးပွဲအတန်းများ ပြန်လည်ဖွင့်လှစ်ကတည်းက Covid- 19 ကူးစက်သည့် ကျောင်းသားအရေအတွက်မှ နည်းပါးလာသောကြောင့်လည်း ပါဝင်သည်ဟုလည်း ဆိုထားသည်။ ကျောင်းများကို စက်တင်ဘာ ၁၄ ရက် နေ့တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။ 

ကျောင်းများ ပိတ်လိုက်ခြင်းသည် ကျောင်းသားများအတွက် ဆိုးကျိုးသာ ဖြစ်စေပါသည်။ သို့သော် virtual learning platform ကိုမိတ်ဆက်ပြီး သင်စေခဲ့ရာတွင် ကျောင်းသားအနည်းငယ်အတွက်သာ သက်ရောက်မှုရှိပြီး အများစုမှာ ဆက်လက်မသင်ကြားနိုင်ဘဲ ကျောင်းထွက်သွားကြသည်က များကြောင်းတွေ့ရသည်ဟု ဇမ်ဘီယာခေါင်းဆောင်ကအသိအမှတ်ပြုခဲ့သည်။ 

၎င်းအဆိုရ ကျောင်းများပိတ်ထားခြင်းသည် ကျောင်းသားလူငယ်များကြားတွင်  အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်များ များလာခြင်း၊ မူးယစ်ဆေး နှင့် အရက် အလွန်အကျွံ သုံးစွဲလာခြင်း စသည့် ဆိုးကျိုးများ ပိုမိုရရှိလာနိုင်သည်ဟု ဆိုထားသည်။ 

သို့သော် ၎င်းအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးအစီအမံများတင်းကျပ်စွာလိုက်နာရန်တောင်းဆိုထားသည်။ ပထမဆုံး COVID-19 ဖြစ်ပွားမှုကို မတ်လတွင် စတင်တွေ့ရှိသည့်အချိန်မှစ၍ ကျောင်းများပိတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်အစိုးရသည်ကျောင်းသားများအားစာမေးပွဲအတွက်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက်ဇူလိုင်လတွင်စာမေးပွဲများပြန်လည် ဖြေဆိုခွင့်ပြုထားခဲ့သည်။ ဤအတောအတွင်းဇမ်ဘီယာခေါင်းဆောင်သည်ဘားနှင့်ညဘက်ကလပ်များကိုတစ်စိတ်တစ်ပိုင်းဖွင့်ရန်ခွင့်ပြုခဲ့သော်လည်းကြိုတင်ကာကွယ်မှုဆိုင်ရာကျန်းမာရေးလမ်းညွှန်ချက်များကိုတင်းကြပ်စွာလိုက်နာမှသာလျှင်ခွင့်ပြုလိမ့်မည်ဟုသတိပေးခဲ့သည်။

အရက်ဆိုင်နှင့်ဘားများကို သောကြာနေ့မှ တနင်္ဂနွေနေ့ အထိသာဖွင့်ခွင့်ပြုထားပြီး ညနေ ၆နာရီမှ ၁၁နာရီ အထိသာ ဖြစ်သည်။ သို့သော် ထုတ်ပြန်ထားသော COVID-19 ကြိုတင်ကာကွယ်ရေးအစီအမံများပျက်ပြားသွားပါက အရက်ဆိုင်များနှင့်နိုက်ကလပ်များကိုပိတ်ရန်တွန့်ဆုတ်လိမ့်မည် မဟုတ်ဟု သတိပေးထားခဲ့သည်။ 

By Myanmar Education Guide - EDGE 
Ref: CGTN

Latest Post News Read 546 times