ကိုရိုနာကူးစက်မှုများပေါ်မူတည်၍ အယ်လ်ဂျီးရီးယားနိုင်ငံတွင် ကျောင်းများ ပြန်ဖွင့်မည်

အယ်လ်ဂျီးရီးယားနိုင်ငံ၏ ဝန်ကြီးချုပ် Abdelaziz Djerad သည် ၂၀၂၀- ၂၀၂၁ စာသင်နှစ် စတင်မည့်နေ့ရက်ကို နိုင်ငံအတွင်းရှိ COVID-19 ကူးစက်မှုများပေါ်မူတည်၍ တရားဝင်ကြေငြာသွားမည်ဟု APS သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ 

Djerad မှ မီဒီယာများကို ပြောကြားသည်မှာ COVID-19 ပြန့်ပွားမှုကို သိပ္ပံနည်းကျ စောင့်ကြည့်လေ့လာနေသည့် ကော်မတီသည် အစိုးကျောင်းများကို မည်သည့် နေ့တွင် ပြန်လည်ဖွင့်လှစ်သင့်သည်ကို အကြံပြုချက် ပေးမည်ဟုပြောကြားခဲ့သည်။ 

ကြိုတင်ကာကွယ်မှုဆိုင်ရာကျန်းမာရေးအစီအမံများကိုလေးစားလိုက်နာသောကြောင့် ယခု အခါတွင် နိုင်ငံ၏ ကူးစက်မှု အခြေအနေမှာ တည်ငြိမ်လာကြောင်း ၎င်းမှ အတိအလင်းပြောကြားထားသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ၏ ကျန်းမာရေး ၀န်ကြီးဌာန မှ နိုင်ငံတွင်း ကူးစက်ခံရသူပေါင်း ၄၈,၂၅၄ ဦး နှင့် သေဆုံးသူ ၁,၆၁၂ ဦးရှိခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တ္ငင် ကူးစက်မှုအသစ် ၂၄၇ခုနှင့် သေဆုံးသူ ခုနှစ်ယောက်ရှိကြောင်း ထုတ်ပြန်ထားခဲ့သည်။ 

ထိုအရေအတွက်မှာ ဇွန်လ ၂၉ ရက်မှစ၍ နေ့စဉ်ကူးစက်မှုနှုန်းမှာ အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။ 

တစ်ချိန်တည်းမှာပင်လူနာ ၁၆၂ ဦး ကိုဆေးရုံများမှပေးဆင်းခဲ့ပြီး ပြန်လည်ကောင်းမွန်လာသည့် လူဦးရေမှာ စုစုပေါင်း ၃၄,၀၃၇ ယောက်ရှိနေပြီ ဖြစ်သည်။

အယ်လ်ဂျီးရီးယားသည်ဇွန်လ ၇ ရက်မှစ၍ နိုင်ငံ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်စေရန် ကြိုးစားမှုတစ်စိတ်တစ်ပိုင်းဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို ပြန်စတင်ခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံးကူးစက်မှုမှာ ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွင် ဖြစ်သည်။  

By Myanmar Education Guide - EDGE 

Ref: CGTN News 

Latest Post News Read 547 times