Covid-19နှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် နယူးယောက်မြို့ တွင် ကျောင်းများ ဖွင့်ရန် ရွေ့ဆိုင်းထား

နယူးယောက်မြို့ ၏ အစိုးရကျောင်းစနစ်သည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံးဖြစ်ပြီး ပြည်ထောင်စု ခေါင်းဆောင်များ၏ Coronavirus ဆိုင်ရာ ဘေးကင်း လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် စာသင်ခန်းများ ပြန်လည်စတင်ခြင်းကို ၁၁ရက်ခန့် ရွေ့ဆိုင်းရန် တွန်းအားပေးသည့် သဘောတူညီမှု ကို ယမန်နေ့ စက်တင်ဘာ ၁ရက်နေ့တွင် ရယူခဲ့သည်။

အဆိုပါ သဘောတူညီချက်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများကို အတန်းတွင်း သင်ကြားမှု နှင့် အိမ်တွင်း သင်ကြားမှုကို မျှတစွာရောထားရန်မှာ နိုင်ငံ၏ အစီအစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါ နှင့် သမ္မတ ထရမ့်၏ အုပ်ချုပ်ရေးမှ ပေးသော ဖိအားများနှင့် အတူကျောင်း အဆောက်အဦးများ ပြန်ဖွင့်ရန် လုံးပမ်းနေရသည့် အချက်များ ပါဝင်သည်။

နယူးယောက်မြို့တော်ဝန် Bill de Blasio မှလည်း ဆွေးနွေးပွဲတွင် “ကျွန်တော်တို့ သဘောတူညီခဲ့ကြသည်မှာ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို သေချာစေပြီး ပညာရေးလုပ်ငန်းဆောင်ရွက်သူများ အတွက် သင့်တော်သည့် ပြင်ဆင်မှုများအတွက် အချိန်လုံလောက်စေဖို့ ဖြစ်တယ်” ဟုပြောကြားခဲ့သည်။

နိုင်ငံ၏ ဒုတိယနှင့် တတိယ အကြီးဆုံး ကျောင်းစနစ်များ ရှိသည့် လော့စ်အိန်ဂျယ်လိစ် နှင့် ချီကာဂိုတွင် ယခုနှစ် ပညာသင်နှစ်ကို အွန်လိုင်းလမ်းညွှန်မှုများဖြင့်သာ စတင်ခဲ့ကြခြင်း ဖြစ်သည်။

ယူအက်စ်၏ နေ့စဉ် Coronavirus ကူးစက်မှု မှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး တနင်္လာနေ့တွင် ၃၆,၂၆၃ယောက်ဖြစ်ပြီး အဆိုပါ အရေအတွက်သည် ဇူလိုင်လလယ်တွင်ဖြစ်ပွားခဲ့သည့် အရေအတွက်များနှင့် ယှဉ်လျှင် ထက်ဝက်မျှသာရှိကြောင်း Reuters သတင်းဌာနမှ သိရသည်။

ဤရောဂါသည် အမေရိကန်ပြည်ထောင်စု၏ လူပေါင်း တစ်သိန်းရှစ်သောင်းလေးထောင်ကျော် သေဆုံးခဲ့ပြီး ထိုအရေအတွက်သည် ကမ္ဘာပေါ်ရှိလူဦးရေ၏ငါးပုံတစ်ပုံကျော် ခန့်ဖြစ်သည်။ ယူနိုက်တက်ဆရာများအဖွဲ့ချုပ် (UFT) ဦးဆောင်သောနယူးယောက်သမဂ္ဂများက မြို့တော်သည် စက်တင်ဘာ ၁၀ရက်တွင် စာသင်နှစ် စတင်ရန် စီစဉ်ထားခြင်း မရှိဘဲ ဆရာများ၊ကျောင်းသားများနှင့် ၀န်ထမ်းများအား ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် လုံလောက်သော ခြေလှမ်းများ လှမ်းခြင်းမရှိခဲ့ သည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

UFT ဥက္ကဋ္ဌ Michael Mulgrew သည် ကျောင်းများတွင် အလွန်ထိရောက်ပြီး ဂရုစိုက်သော COVID-19 စစ်ဆေးခြင်း အစီအစဉ်များနှင့် အခြားသော လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မပြုလုပ်ပေးပါက ပြည်နယ်ဥပဒေအရ တရားမဝင်သပိတ်မှောက်ခြင်းကို ပြုလုပ်မည်ဟု ပြီးခဲ့သည့်လက ခြိမ်းခြောက်မှုတစ်ရပ်ကိုပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် Mulgrew နှင့်ကျောင်းအုပ်များ၊အုပ်ချုပ်သူများနှင့် အခြားကျောင်း၀န်ထမ်းများအား ကိုယ်စားပြုသော ပြည်ထောင်စုခေါင်းဆောင်များသည် De Blasio နှင့် သဘောတူညီချက် အသစ်ကို လက်ခံသော သဘောတူညီချက်တွင် ပူးပေါင်းခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ ဒီအစီအစဉ်ကို ဖျက်သိမ်းနိုင်ပြီဖြစ်ပြီး နယူးယောက်၏ အစိုးရကျောင်း စနစ်ဟာ အရှိန်အဝါပြင်းထန်တဲ့မူဝါဒတွေနဲ့ အမေရိကားမှာ ဘယ်လုံခြုံရေးစနစ် ကိုမဆို အကာအကွယ်ပေးနိုင်ပြီဆိုတာသိခဲ့ရပြီ” ဟု Mulgrew ကဆက်ပြောသည်။

အဆိုပါ သဘောတူညီချက်အတွက် စနစ်၏ ၁.၁သန်း ကျောင်းသားများအပြင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ လစဉ် စမ်းသပ်ရန် လိုအပ်ကြောင်း အရာရှိများကပြောကြားခဲ့သည်။ ထို့အပြင် ကျောင်းတိုင်းအတွက် တစ်လစာ မျက်နှာဖုံးများ၊ အခြားကိုယ်ပိုင်ကာကွယ်ရေး ဝတ်စုံများ၊ တစ်ဦးနှင့် တစ်ဦး ကွာဝေးစွာ နေထိုင်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ၊ အဆောက်အဦးများရှိ လေဝင်လေထွက်စနစ်များ အပြင် ဘတ်စ်ကား စီး၍ ကျောင်းတက်ရသော ကျောင်းသားများ အတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ၎င်းမှ ဆိုသည်။

ကျောင်းသားများအတွက် အဝေးမှ ညွှန်ကြားချက်များကို စက်တင်ဘာ လ ၁၆ရက်တွင် စတင်မည် ဖြစ်ပြီး စက်တင်ဘာလ ၂၁ရက်တွင် ကျောင်းပေါင်း ၁၈၀၀ ကျောင်းပြန်ဖွင့်ရန်အတွက် ဆရာများနှင့် ဝန်ထမ်းများက ပြင်ဆင်လျက်ရှိသည်။ ဇူလိုင်လတွင်ကြေငြာခဲ့သော“Blended Learning” အစီအစဉ်၏အောက်တွင် ကျောင်းသားများသည် နှစ်ပိုင်းကွဲသွားပြီး ပထမတစ်ပိုင်းမှာ ကျောင်းနှစ်ရက် တက်ရမည်ဖြစ်ပြီး ကျန်သူများမှာ အိမ်တွင် သင်ကြားရမည်ဖြစ်သည်။

လာမည့်သုံးရက်တာ ကာလတွင် တည်နေရာများကို ပြောင်းပြီး လာမည့် အပတ်များတွင် အစီအစဉ်ကို တစ်လှည့်စီ ပြောင်းမည်ဖြစ်သည်။ ထိုအစီအစဉ်သည် အွန်လိုင်းတွင်သင်ကြားခြင်း၏ လုံခြုံစိတ်ချရမှု နှင့် မျက်နှာချင်းဆိုင် သင်ကြားခြင်း၏ အန္တရာယ်များ ကြားထဲမှ အခြေအနေကို ပညာရှင်များ၏ပြောကြားချက်များနှင့် အပြန်အလှန်ထိန်းညှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

မြို့တော် Brroklyn Borough ရှိ အထက်တန်းကျောင်း အင်္ဂလိပ်စာပြ ဆရာ Edward Stapletom က ၎င်းအနေဖြင့် ထိုရောစပ်နေသော သင်ကြားမှုအစီအစဉ် နှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ “ကျွန်တော်တို့မှာ အွန်လိုင်းသင်ယူမှုနှင့် ပတ်သက်ပြီး အားနည်းချက်တွေရှိနေဆဲပဲ၊ သူတို့က ကျောင်းသားတွေကို ကျောင်းပြန်ပို့ဖို့ လုပ်နေချိန်မှာ ကျွန်တော်တို့တွေက တစ်ချိန်တည်းမှာပဲ ဒီအွန်လိုင်းသင်ကြားခြင်းကို လုပ်နေရတုန်းပဲ” ဟု အသက် ၃၉နှစ်အရွယ်ရှိ Stapletom မှ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံ၏ Coronavirus ကူးစက်မှု အချက်အချာဖြစ်သည့် နယူးယောက်မြို့ကို တိုင်းပြည်အတွင်း အနိမ့်ဆုံးသို့ လျှော့ချလိုက်ပြီးဖြစ်သည်။ နယူးယောက်မြို့တော်တွင်နေ့စဉ်စစ်ဆေးခြင်းများသည် အပြုသဘောဆောင်သော ရလဒ်များ၏ ၂ရာခိုင်နှုန်းထက် နည်းပြီး တစ်ပတ်တွင် ၁ ရာခိုင်နှုန်းထက် နည်းသောရလဒ်များရရှိခဲ့သည်။

By Myanmar Education Guide – EDGE

Ref: CNA news

Latest Post News Read 581 times