အိန္ဒိယနိုင်ငံ Bihar ရှိကျောင်းများ စက်တင်ဘာ ၂၈ ရက် နေ့တွင်ပြန်လည်ဖွင့်လှစ်မည်

အလယ်တန်းနှင့် အထက်တန်းကျောင်းများသည် ပညာရေးဌာနမှ ထုတ်ပြန်သောနောက်ဆုံးလမ်းညွှန်ချက်များအရ စက်တင်ဘာ ၂၈ ရက်တွင် အထက်တန်းအဆင့်  ၉တန်းမှ ၁၀တန်း ကျောင်းသား၊ ကျောင်းသူများအတွက်ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများသည် အုပ်ထိန်းသူများ၏ စာဖြင့် ရေးသားထားသော ခွင့်ပြုချက်စာဖြင့်သာ အတန်းတက်ခွင့်ရမည်။ ဆရာ/မများနှင့် သင်ပြမှုမရှိသော ပညာရေးဝန်ထမ်းများ၏ ၅၀ ရာခိုင်နှုန်းထက် နည်းသော ဝန်ထမ်းဦးရေသာ  ကျောင်းသို့နေ့စဉ်တက်ရောက်ကြမည် ဖြစ်သည်။ ကျောင်းသားသုံးပုံတစ်ပုံကိုသာ တစ်နေ့တာတွင် သူတို့၏အတန်းများသို့ တက်ရောက်ခွင့်ရသည်။ ထို့ကြောင့်ကျောင်းသားတစ်ဦး သည်ကျောင်းမှ သတ်မှတ်ထားသော အချိန်ဇယားအတိုင်း တစ်ပတ်လျှင်နှစ်ရက်သာ တက်ရောက်နိုင်မည် ဖြစ်သည်။

ဤဆုံးဖြတ်ချက်များကို Covid-19 ကူးစက်ရောဂါကြောင့် လက်ရှိအခြေအနေအရ ပညာရေးဌာနအရာရှိများသည် အဆင့်မြင့်အစည်းအဝေးပြုလုပ်ခဲ့သည်။ ကိုဗက် ကူးစက်မှု တားဆီးထားသော ထိန်းချုပ်ရေးဇုန်မှ ကျောင်းသား သို့မဟုတ် မည်သည့်ကျောင်းကိုမှ ကျောင်းတက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့သည်။စာသင်တန်းများ ကျင်းပရန်အတွက် လမ်းညွှန်ချက် အသေးစိတ်များကို ရက်အနည်းငယ်အတွင်း ထုတ်ပြန်လိမ့်မည်။

ပညာရေးဌာန၏ လမ်းညွှန်ချက်များအရ ကျောင်းသားများသည် မိဘအုပ်ထိန်သူများ၏ ထိန်းကျောင်းမှုများဖြင့် ကြိုတင်ကာကွယ်မှုများအားလုံးကို လိုက်နာဆောင်ရွက်ပြီး ကျောင်းတက်ကြရမည်။

ယောက်ျားလေးများနှင့် မိန်းကလေးများသည် ကျောင်းတွင် ရှိနေစဉ်အတွင်း mask များကို ဝတ်ဆင်ပြီး စာသင်ခန်းအတွင်းနှင့် ကျောင်းဝင်းအတွင်း လူမှုရေးအရ ဝေးကွာခြင်းကို ထိန်းသိမ်းထားရမည်။ လက်သန့်ရှင်းရေးဆေးရည်များကို ယူဆောင်လာပြီး ကျောင်းတွင် လက်များကို ပုံမှန်ဆေးကြောရမည်။

ပြည်နယ်အလယ်တန်းပညာရေး ဦးစီးဌာန၏ အတွင်းရေးမှူး - ညွှန်ကြားရေးမှူးဖြစ်သူ Giriwar Dayal Singh ၏ အဆိုအရပုဂ္ဂလိကကျောင်းများကို ပညာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာစေပြီး အဆင့်မြင့်အတန်းများပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။ 
စာသင်ကျောင်း စတင်မဖွင့်မှာ ကျောင်းများသည် ၎င်းတို့၏ကျောင်းဝင်းများအား သေချာစွာ သန့်ရှင်းရေးပြုလုပ်ရန်ညွှန်ကြားခဲ့သည်။ Covid-19 ရောဂါကူးစက်မှုမှ ကာကွယ်ရန် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအားလုံးကို အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည်။

 ကျောင်းများနှင့်ပြည်နယ်ကောလိပ်များတွင် ပုံမှန်သင်တန်းများ ဆက်လက်ပြုလုပ်သွားမည်ဟုပြည်နယ်အဆင့်မြင့် ပညာရေးဌာနညွှန်ကြားရေးမှူး Rekha Kumari ကပြောကြားခဲ့သည်။ ၈တန်းနှင့် အောက် အတန်းများတွင် ပညာသင်ကြားနေသော ကလေးများသည် အွန်လိုင်းအတန်းများသာ တက်ရောက်ကြရမည်။ ပြည်နယ်ကောလိပ်များနှင့်တက္ကသိုလ်များအတွက် သီးခြားလမ်းညွှန်ချက်များ ထုတ်ပြန်လိမ့်မည်ဟု ပညာရေးဌာနညွှန်ကြားရေးမှူး Rekha Kumari က ဖြည့်စွက်ပြောကြားသည်။

Ref: The Times of India

Latest Post Read 677 times