ရန်ကုန်တက္ကသိုလ်တွင်ကျောင်းအပြောင်းအရွှေ့ကိစ္စများကို နိုဝင်ဘာ (၂၉) နောက်ဆုံးထားဆောင်ရွက်ရန်





Read More:>>> ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံစာစစ်ဌာနနှင့် နိုင်ငံခြားစာစစ်ဌာနမှ မေးမြန်းခဲ့သော သင်္ချာဘာသာမေးခွန်း

Source: စံတော်ချိန်

 

**Unicode**

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းကိစ္စများကို နိုဝင်ဘာ (၂၉) ရက်နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကကြေညာထားသည်။

ရန်ကုန်တက္ကသိုလ် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပထမနှစ်သင်တန်း (ပထမပညာသင်ကာလ) အတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ (၁၈) ရက်မှ (၂၉) ရက်အထိကျောင်းဝင်မှတ်ပုံတင်ကြေးပေးသွင်းနိုင်ကြောင်းသိရသည်။

ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းကိစ္စများကို နိုဝင်ဘာ (၂၉) ရက်အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ကြေညာထားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရန်ကုန်တက္ကသိုလ် ပထမနှစ်သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ (၁,၁၆၉) ဦးဝင်ခွင့်ရရှိခဲ့ပြီး သင်္ချာဘာသာရပ်အတွက် ကျောင်းသား၊ ကျောင်းသူ (၃၄) ဦးတက်ရောက်ခွင့်ရရှိခဲ့ပြီး အမြင့်ဆုံးဝင်ခွင့်ပြုရမှတ် (၅၃၆) မှတ်၊ အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ် (၄၀၀) မှတ်ဖြင့် ဝင်ခွင့်ပြုရမှတ်များတွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်းသိရသည်။

Read More:>>> ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံစာစစ်ဌာနနှင့် နိုင်ငံခြားစာစစ်ဌာနမှ မေးမြန်းခဲ့သော သင်္ချာဘာသာမေးခွန်း

Source: စံတော်ချိန်

Latest Post News Read 809 times