ကျောင်းများပိတ်ထားရခြင်းကြောင့် ရွေ့ပြောင်းကလေးလုပ်သားများ ပိုများလာ

၂၀၁၉ ခုနှစ် သြဂုတ်လတွင် ရွေ့ပြောင်းလုပ်သား ကျောင်းဆရာများကို ဖမ်းဆီးပြီး ရနောင်းသို့ ပြန်လည် ပို့ခဲ့သောကြောင့် ရွေ့ပြောင်းကလေးငယ် ၂၈၀၀ ခန့်သည် ဆက်လက်ပညာသင်ကြားခွင့်မရတော့ပေ။ ဒေသခံမီဒီယာများက ထိုဖြစ်ရပ်ကို “Ranong Raid” ဟု ခေါ်ခဲ့ကြသည်။

NGO နှင့် ထိုင်းနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ထောက်ခံသူတို့ သည်ထိုကိစ္စနှင့် ပတ်သက်၍ သတိပြုမိလာကြသည်။ ထောက်ခံသူများက ကျောင်းများပိတ်လိုက်ခြင်းသည် ကျောင်းသားးများကို ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ပင်လယ်စာလုပ်ငန်းများသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဆိုကြပါသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာရွေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသော ကျောင်များ ပိတ်လိုက်ရပြီး နောက်ပိုင်းတွင် ချစ်စုနှင့်သူမ၏ အဖွားသည် အိမ်တွင် ကဏန်းအခွံခွါသည့် အလုပ်ဖြင့် ပိတ်မိနေခဲ့သည်။ မြေးအဖွား နှစ်ယောက်ပေါင်းလုပ်ခသည် အနိမ့်ဆုံးနေ့စားလုပ်ခ ထက်ပင် နည်းနေသေးသည်။

“ဒီကဏန်းအခွံ ခွာတဲ့အလုပ်က ခက်တယ် တကယ်လို့ စာသင်ရမယ်ဆိုရင် ဒီလောက် မခက်တဲ့အလုပ်ကိုလုပ်နိုင်မှာ၊ ဒါပေမယ့် အခုချိန်မှာ အဖွားကို မကူညီဘူးဆိုရင် ပိုက်ဆံရတော့မှာ မဟုတ်ဘူး” ဟု အသက် ၁၅ နှစ် အရွယ်ရှိသည့် မချစ်စု (အမည်လွှဲ) က ပြောထားပါသည်။ သူမတို့ မြေးအဖွား၏ တစ်နေ့ ဝင်ငွေမှာ ဘတ် ၂၄၀ ( မြန်မာငွေ ၉၈၀၀ခန့်) ရှိပြီး ထိုပမာဏသည် ရနောင်းတွင် အနိမ့်ဆုံး လခ ဘတ် ၃၅၀ ထက် နည်း နေပြီး သူမတို့ မိသားစု အကြွေးဘတ် ၈၀၀၀ ကို ဆပ်နိုင်ရန် ကြိုးစားနေကြသည်။

"ကြောက်ရွံ့မှုများကြောင့် ပညာရေးစင်တာများကို ပိတ်ထား"

ချစ်စုသည် ရွေ့ပြောင်းကလေးလုပ်သား ၂၈၀၀ ထဲမှ တစ်ဦးဖြစ်ပြီး “ရနောင်းဌာနီ” ဟု ခေါ်သည့် ရွေ့ပြောင်းကလေးငယ်များအတွက် ဖွင့်ထားသည့် ပညာရေးစင်တာရှိ မြန်မာကျောင်းဆရာ ၃၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးခဲ့သောကြောင့် စင်တာကို ပိတ်လိုက်ရသဖြင့် စာမသင်ရတော့ခြင်း ဖြစ်သည်။

ရနောင်းရှိပရဟိတလုပ်ငန်းများနှင့်ပုဂ္ဂလိကအလှူရှင်များမှငွေကြေးထောက်ပံ့နေသောအခြားပညာရေးစင်တာကိုးခုသည်လည်း မကြာမီတွင်၎င်းတို့ကို ဝင်ရောက်စီးနင်းခံရမည်ကိုစိုးရိမ်သောကြောင့်သင်တန်းများရပ်ဆိုင်းထားခဲ့သည်။ သို့သော် တစ်ခုမှာ ပြန်လည်ဖွင့် လှစ်နေပြီဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ ပြောကြားသည်မှာ လက်ရှိတွင် ကျောင်းသို့ ပြန်မသွားနိုင်သေးသည့် ယခင် ကျောင်းသားဟောင်းများကို အစိုံးရကျောင်းများ နှင့် ရပ်ရွာသင်ယူမှုစင်တာများ တွင် တက်ရောက်နိုင်ရန် ခြေရာခံလျက်ရှိသည်။

ချစ်စုကဲ့သို့ ကျောင်းသားဟောင်းများသည် ယခုအခါ ပုဂ္ဂလိကငါးစျေးကွက်များ သို့မဟုတ် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသောစက်မှုလုပ်ငန်းအတွက် အိမ်တွင် နေကာ ကဏန်းအခွံခွာခြင်းများတွင် လုပ်ကိုင်လျက် ရှိပါသည်။

ထို့အပြင် ထိုစက်ရုံအလုပ်ရုံများသည်လည်း ထိုင်းနှင့် ‌ရွေ့ပြောင်းအလုပ်သမားများကို ညှင်းပန်းနှိပ်စက်သောကြောင့် ကမ္ဘာလုံးဆိုင်ရာစစ်ဆေးမှုများကိုရင်ဆိုင်ခဲ့ရသည်။

ရိုက်တာသတင်းဌာနမှလည်း ခွင့် ပြုချက်မရှိဘဲ အလုပ် လုပ်ကိုင်နေကြသည့် ရနောင်းမှ ကလေးလုပ်သား ၁၁ ဦးကို အင်တာဗျူးခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက COVID-19 ကူးစက်ရောဂါသည်ကလေးလုပ်သားအန္တရာယ်ကိုမြင့်တက်စေသကဲ့သို့ကျောင်းပိတ်မှုကြောင့်ရွှေ့ပြောင်းလုပ်သားကျောင်းသူကျောင်းသားများစွာကိုတရားမ၀င်လခနည်းသောအလုပ်များသို့ဆွဲဆောင်ခဲ့သည်ဟုဆိုထားသည်။

“ ကျောင်းပိတ်ထားခြင်း၏ အကျိုးဆက်သည် တရားဝင် ခန့်မှန်းထားသည်များထက် ပိုမိုဆိုးရွားစေခဲ့တယ်။ရလဒ်အနေဖြင့် ကလေးလုပ်သားများကို စက်ရုံများတွင်သာအဆုံးသတ်စေခဲ့တယ်။ ဒါဟာ ကိုဗစ်-၁၉ ဖြစ်ပွားတာထက်ပိုစိုးရိမ်ဖို့ ကောင်းတယ်။” ဟု ရွေ့ပြောင်းလုပ်သားများကို ကူညီနေသည့် NGO ကွန်ယက်မှ ညှိနှိုင်းရေးမှူး Adisorn Kerdmongkol မှ ပြောကြားခဲ့သည်။

"အိမ်မှ အလုပ်လုပ်ကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများ"

COVID -19 ကြောင့် ကျောင်းများပိတ်ထားရပြီး စီးပွားရေးကျဆင်းလာမှုကြောင့် မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်ရန် လိုအပ်နေသော ကမ္ဘာတစ်ဝှမ်းရှိ ကလေးသန်းပေါင်းများစွာကို အလုပ်ထဲသို့ရောက်စေနိုင်သည် ဟု ကုလသမ္မဂ မှ သတိပေးထားသည်။

တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ထိုင်းနိုင်ငံတွင် ကပ်ရောဂါကြောင့် ကလေးလုပ်သားများ ပင်လယ်စာ ထုတ်လုပ်သည့် လုပ်ငန်းမှ အိမ် တွင်လုပ်ကိုင်နိုင်သည့် အခွံခွာသည့် လုပ်ငန်း အထိ ဝင်ရောက်လုပ်ကိုင်ကြရသည့် အခြေအနေကို ဖြစ်စေပါသည်။

ရနောင်း Muang ခရိုင်ရှိဗမာလူမျိုးများနေထိုင်ရာဒေသတစ်ခုတွင်အသက် ၁၀ နှစ်အောက်ကလေးငယ်များသည်ပင်လယ်စာစက်မှုလုပ်ငန်းကုန်ပစ္စည်းပေးသွင်းသူများကနေ့တိုင်းယူဆောင်လာသည့်ကဏန်းများကို၎င်းတို့၏မိသားစုများအားကူညီရန် ထိရှနိုင်သည့် ချွန်ထက်သောကိရိယာများကိုအသုံးပြုနေကြရသည်။

အသက် ၁၈ နှစ်အောက်ကလေးငယ်များသည်အန္တရာယ်ရှိသောအလုပ်များလုပ်ကိုင်ရန်တားမြစ်ထားသည့်အပြင်အသက် ၁၅ နှစ်အောက်ကလေးများကိုလည်း ထိုင်းနိုင်ငံတွင် အလုပ်သမားအဖြစ်ကို တားမြစ်ထားသည်။

ထိုင်းအလုပ်သမား ၀န်ကြီးဌာနသည် ပင်လယ်စာစက်မှုလုပ်ငန်းပြုပြင်ထုတ်လုပ်မှုကို အန္တရာယ်ဖြစ်စေသောလုပ်ငန်းအဖြစ် အထူးစာရင်းမသွင်းထားသော်လည်း ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက ၎င်းအမျိုးအစားတွင်ပါဝင်သည်ဟုပြောကြားခဲ့သည်။ အလုပ်သမား ရှေ့နေ နှစ်ဦးကမူ ၎င်းသည် အလုပ်တွင် မည်သို့သောလုပ်ဆောင်မှုများ ပါဝင်မှုပေါ်မူတည်သည် ဟု ပြောထားသည်။

၂၀၁၈ ခုနှစ် အစိုးရနှင့် ယူအန်၏ စစ်တမ်းများတွင် ထိုင်းနိင်ငံ၏ ဥပဒေများအရ အသက် ၅ နှစ်မှ ၁၇ နှစ်ကြားကလေးငယ် တစ်သိန်းခုနှစ်သောင်းခုနှစ်ထောင် ခန့်သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး အလုပ် လေးပုံသုံပုံ ခန့်သည် အန္တရာယ်ရှိသော အလုပ်များဖြစ်ကြသည် ဟု ဖော်ပြထားသည်။

သို့သော်ထိုင်းပင်လယ်စာထုတ်လုပ်သူများကိုယ်စားပြုသည့်အဓိကအဖွဲ့အစည်းတစ်ခုမှအကြီးအကဲကစက်မှုလုပ်ငန်းသည်ကလေးလုပ်သားထက်အဓမ္မလုပ်အားခိုင်းစေမှုကိုစိုးရိမ်ကြောင်းပြောကြားထားသည်။

“ဒီမြန်မာနိုင်ငံမှ ကလေးတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်နေကြရတယ်” ဟု ထိုင်းမြန်မာ Frozen Foods Association မှဂုဏ်ထူးဆောင်ဥက္ကဌ Panisuan Jamnarnwej မှ ပြောကြားထားပါသည်။

အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဌာန မှ မှတ်ချက်‌ပေးရန် အကြိမ်ကြိမ် တောင်းဆိုသည်များကို တုံ့ပြန်ခြင်းမရှိကာ ရနောင်း၏ ပြည်နယ်အုပ်ချုပ်ရေး မှလည်း မှတ်ချက်ပေးရန် ငြင်းဆန်ထားပါသည်။

"ရွေ့ပြောင်းဒုက္ခသည် စခန်းများမှ ကလေးများ၏ သင်ကြားရေး"

ပညာရေး ဝန်ကြီး က ပြောကြားသည်မှာ မှတ်ပုံတင်ထားခြင်း မရှိသည့်အတွက် ရွေ့ပြောင်းသင်ကြားရေး စင်တာများ မည်သို့ ဆက်လက်လည်ပတ်မည်မှာ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ အစိုးရမှလည်း ထောက်ပံခြင်း မလုပ်ထားသည့်အပြင် နယ်မြေအများစုတွင် ကလေးများကို ထိုင်းဘာသာဖြင့် မဟုတ်ဘဲ မိမိ၏ မိခင်ဘာသာစကားဖြင့် သင်ကြားနေကြခြင်း ဖြစ်သည်။

ရနောင်းရှိစင်တာများပိတ်သိမ်းပြီးနောက်ကလေးငယ်အချို့သည်ထိုင်းနိုင်ငံအစိုးရကျောင်းများတွင်ကျောင်းတက်ပြီးဖြစ်သည်။ Save the Children ၏အဆိုအရအခြားသူများသည်ရွှေ့ပြောင်းဒုက္ခသည်စခန်းများ၌သင်ယူခြင်းကဲ့သို့သောပုံမှန်မဟုတ်သည့်ပညာရေးစနစ်များ၌ပညာသင်ကြားနေကြသည်ဟုဆိုသည်။

သို့သော် ပရဟိတ လုပ်ငန်းများ၏ ခန့်မှန်းချက် အရ ကျောင်းသား ၅၀၀ ခန့်သည် ပညာရေးမှ လုံးဝထွက်ခွာခဲ့သည်ဟု ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (IOM) ၏အဆိုအရ ထိုင်းနိုင်ငံတစ်လွှားတွင်ရွှေ့ပြောင်းလုပ်သားကလေးများသည် ၁၀ နှစ်မှ ၁၂ နှစ်ကြားတွင်ကျောင်းထွက်လေ့ရှိကြပြီး အများအားဖြင့်ငွေကြေးအခက်အခဲကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံရှိကျောင်းမှထွက်သောကလေးများအနက် ရွှေ့ပြောင်းကလေးများသည် အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ကလေးငယ်ပေါင်း နှစ်သိန်းခန့် ဖြစ်သည် ဟု IOM ၏ မစ်ရှင်လုပ်ဆောင်ရေး အကြီးအကဲ Maria Moita မှ ပြောကြားထားသည်။

ပိတ်ထားသည့်သင်ကြားရေးစင်တာ ၁၀ ခုအနက် Marist Asia Foundation မှစီမံခန့်ခွဲသူတစ် ဦး တည်းသာမြန်မာဆရာများအလုပ်လုပ်ကိုင်ခွင့်ရပြီးထိုင်းသင်ရိုးညွှန်းတမ်းကိုထည့်သွင်းပြီးနောက်ပြန်လည်ဖွင့်လှစ်လိုက်သည်။

“ဒီကလေးငယ်တွေကိုအစိုးရကကူညီဖို့ဘာမှ မလုပ်ပေးခဲ့ပါဘူး။ သူတို့ကို စွန့်ပစ်ထားသလိုပါပဲ” ဟု ပရဟိတအဖွဲ့အစည်း၏ အတွင်းရေးမှူးဖြစ်သူ Prasit Rugklin မှ ပြောပါသည်။

"ရွှေ့ပြောင်းကလေးများသည်ကျောင်းတက်ချင်ကြသည်"

ပညာရေး ၀န်ကြီးဌာနမှအကြီးတန်းအရာရှိတဦး ကမူ အာဏာပိုင်များအနေဖြင့်“ ဒီကလေးတွေကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး” ဟုပြောကြားခဲ့သည်။

၀န်ကြီးဌာန၏အမြဲတမ်းအတွင်းရေးမှူး Wira Khaengkasikarn က “ဒီကလေးငယ်တွေရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ၀ န်ကြီးနဲ့အမြဲတမ်းအတွင်းရေးမှူးကိုကျွန်တော်အကြောင်းကြားခဲ့ပြီး သူတို့က အရမ်းစိုရိမ်နေကြတယ်” ဟု ဆိုထားသည်။

၀င်ရောက်စီးနင်းမှုမတိုင်မီကျောင်းသား ၁,၁၀၀ ကျော်ရှိခဲ့သည့် ရနောင်းဌာနီအား စီမံခန့်ခွဲနေသည့် မြန်မာဘုန်းကြီးတစ်ပါးဖြစ်သော Var Say Hta က အသက် ၁၅ နှစ်နှင့် အထက် ရှိသည့် ကျောင်းသားဟောင်း ၁၅၀ ကျော်သည် ယခုအခါ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ဆိုပါသည်။

ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် အသက် ၁၇ နှစ် အရွယ် စိုးဝင်းသည် ယခုအခါ ပုဂ္ဂလိကငါးစျေးကွက်တွင် ဝင်ရောက်လုပ်ကိုင်နေရပြီး တစ်နေ့လျှင် ၁၂ နာရီခန့် လုပ်ကိုင်နေရသည်။ တစ်နေ့လျှင် ဘတ် ၃၀၀ ခန့် ဝင်ငွေရှိပြီး တစ်လလုံးမှ ပိတ်ရက်နှစ်ရက် ရသည့် သူ၏အဓိက အလုပ်မှာ ငါးဘူးများထဲသို့ ရေခဲသိပ်ပြီး ကုန်တင်ကားပေါ် တင်ရသည့် အလုပ်ဖြစ်သည်။ “ကျောင်းတက်ရရင် ကောင်းမယ်၊ ပြသနာက အမေတစ်ယောက်တည်း အလုပ်လုပ်နေရပြီး ‌အဖေက လေဖြတ်ထားတယ်လေ၊ ကျွန်တော်က စာသင်ချင်တယ် ဘာလို့ဆို ကျောင်းက ပိုပျော်ဖို့ကောင်းတယ်” ဟု အမည်လွှဲထားသည့် စိုးဝင်းမှ ဆိုပါသည်။

By Myanmar Education Guide- EDGE 

Ref: Chiang Rai Times 

Latest Post Read 542 times