Sales Hotline : 09448001653       Download App



အမေရိကန်အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်များမှ ပေးအပ်မည့် ပညာသင်ဆု ဆွေးနွေးပွဲပြုလုပ်မည်

**Zawgyi**






Read More:>>> မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မဟာအင်ဂျင်နီယာ (လေကြောင်းနှင့်အာကာသ) ဘွဲ့သင်တန်းနှင့်




Source: Internet

**Unicode**

အမေရိကန်အစိုးရတက္ကသိုလ်နှင့် ပုဂ္ဂလိက တက္ကသိုလ်များမှ ပေးအပ်မည့် ပညာသင်ဆုဆွေးနွေးပွဲကို နိုဝင်ဘာ (၁၇) ရက်၊ နေ့လည် (၁)နာရီမှ၊ (၃) နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။


ဆွေးနွေးပွဲကို Shorelight Education နှင့် MSI Overseas Education (Mandalay) တို့ပူးပေါင်းကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် (၂၀၀) အတွင်းရှိ အမေရိကန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်ကြီး (၅) ခုထဲမှ အစိုးရတက္ကသိုလ်ဖြစ်သော University of lllinois at Chicago (lllinois), Florida International University (Florida), University of Central Florida (Orlando, Florida) နှင့် ပုဂ္ဂလိက တက္ကသိုလ်ဖြစ်သည့် Adilphi University (New York),University of Pacific (California) တို့တွင် ပညာသင်နှစ် (၄) နှစ်ပတ်လုံးအတွက် ပညာသင်ဆုအကြောင်းကို ဆွေးနွေးပေးမည်ဖြစ်ပါတယ်။


ဆွေးနွေးပွဲမှာ Shorelight Education မှတာဝန်ရှိသူ Mr.Dadvid Picton မှ အမေရိကန်နိုင်ငံမှာ (၁) နှစ်မှ (၃) နှစ်အထိနေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ၊ (၄) နှစ်ဆက်တိုက်ပေးအပ်သွားမည့် အမေရိကန်ပညာသင်ဆုများ၊ (၁၀)တန်းနှင့် IGCSE အောင်မြင်ပြီးသော ကျောင်းသား/သူများအတွက်အမေရိကန်တက္ကသိုလ် ပထမနှစ်သို့ တိုက်ရိုက်ဝင်ွင့်ရရှိမည့်အကြောင်း၊ SAT/ TOEFL မလိုဘဲ တက်ရောက်နိုင်မည့် နိုင်ငံတကာပညာရေးလမ်းကြောင်းများ၊ အမေရိကန်ပညာရေးစနစ်နှင့် ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ၊ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ရင်းလုပ်ကိုင်နိုင်မည့် အချိန်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းများ၊ ဘာသာရပ်များအကြောင်းကို အသေးစိတ်ဆွေးနွေးပေးသွားမည်ဖြစ်ပါတယ်။

Read More:>>> မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မဟာအင်ဂျင်နီယာ (လေကြောင်းနှင့်အာကာသ) ဘွဲ့သင်တန်းနှင့်


ပွဲတက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် (၀၉-၅၁၀၃၉၁၅၊ ၀၉-၄၀၂၅၁၇၅၄၉၊ ၀၉-၄၄၄၄၄၃၉၁၆ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။


Source: Internet

Government School International/Private Latest Post News Read 627 times