ယခုနှစ် ၀ိဇ္ဇာ/သိပ္ပံချွန်ဆု လျှောက်ထားရာတွင် အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်သတ်မှတ်ချက် အများဆုံးဖြစ်

ယခုနှစ် ၀ိဇ္ဇာ/သိပ္ပံချွန်ဆု လျှောက်ထားရာတွင် အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်သတ်မှတ်ချက် အများဆုံးဖြစ်

ယခုနှစ်တွင်လည်း ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ ထူးချွန်ကျောင်းသား ရွေးချယ်ရေးအစီအစဉ်ရ ၀ိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ထိုဆုများကို လျှောက်ထားနိုင်သည့် ဘာသာရပ်မှာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဘာသာရပ် ၂၅ ခုရှိပြီး ယင်းဘာသာရပ်များ၏ အမှတ်သတ်မှတ်မှုအရ အင်္ဂလိပ်ဘာသာရပ်အတွက် လျှောက်ထားမည်ဆိုပါက တက္ကသိုလ်ဝင်တန်း ရမှတ် စုစုပေါင်း ၅၀၀ ရရှိရမည်ဖြစ်ပြီး အင်္ဂလိပ်စာ ဘာသာတွင် အနိမ့်ဆုံး ၇၅ မှတ် ရရှိသူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်းကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားပါသည်။

READ - Master of Business Administration (MBA) Scholarship လျှောက်ထားနိုင်

“၀ိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများကို ရွေးချယ်ရာမှာ အမှတ်ကတော့ ရွေးချယ်ရေးမှုထဲက တစ်ခုပေါ့။ အခြားမူတွေလည်း ရှိသေးတယ်။ တစ်နှစ်တစ်တန်းအောင်ရမယ်။ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်တွေမှာ စာမေးပွဲကျလို့မရဘူး။ ကျောင်းစည်းကမ်းလိုက်နာမှု၊ အသင်းအဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက်ပါဝင် သလဲဆိုတာတွေနဲ့ ပညာသင်ဆု ထောက်ပံ့မှုကို ဘွဲ့ရတဲ့အထိ ပေးတယ်။ ပြီးတော့ အဆင့်ကျလို့ မရဘူး” ဟု ပြောကြားသည်။

ဝိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများသည် တစ်လလျှင် ပညာသင်ဆုကျပ် တစ်သိန်း ရရှိမည်ဖြစ်ပြီး ပညာသင်နှစ်တစ်ခုအတွင်း စာမေးပွဲ ကျရှုံးပါက ပညာသင်ဆုကို ရပ်ဆိုင်းခြင်းခံရမည် ဖြစ်သည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ တက္ကသိုလ်တစ်ခုလှင် ၂၀၀၀ ဦး စီ လက်ခံသင်ကြားပေးမည်ဖြစ်သည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းရမှတ်ဖြင့် ၀င်ခွင့်ပေးမည်ဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ၀င်ခွင့်များခေါ်ယူရာတွင် ရန်ကုန်တက္ကသိုလ်၏ ၀င်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနမှ ရွေးချယ်ပေးသော စနစ်အစား တက္ကသိုလ်အလိုက် ၀င်ခွင့်ပေးသည့် စနစ်ကို စတင်စမ်းသပ်ဆောင်ရွက်တော့မည် ဖြစ်သည်။

ထို့သို့ ဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းဖြင့် ဆုံးဖြတ်မည်မဟုတ်ပဲ လူတွေ့စစ်ဆေးခြင်းများဖြင့် ၀င်ခွင့်ပေးသည့်စနစ်ကို ကျင့်သုံးရန် စီစဉ်နေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

 Source: democracy today

Local Read 4627 times