အလယ်တန်းနှင့်အထက်တန်းပညာသင်ဆု ကျောင်းသား၊ ကျောင်းသူ ၃၃၀၀ ကျော်ရှိ၊ ၄င်းကောင်းတို့အတွက် ၁၀ လစာ ချီးမြှင့်ငွေကျပ်သန်း ၇၀၀ ကျော် ချထားပေး

အလယ်တန်းနှင့်အထက်တန်းပညာသင်ဆု ကျောင်းသား၊ ကျောင်းသူ ၃၃၀၀ ကျော်ရှိ၊ ၄င်းကောင်းတို့အတွက် ၁၀ လစာ ချီးမြှင့်ငွေကျပ်သန်း ၇၀၀ ကျော် ချထားပေး

အထက်တန်းကျောင်းသား၊ ကျောင်းသူ ၄၀၂ ဦးနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂၉၆၆ ဦးတို့ဖြစ်သည်။

ပညာသင်ဆုရရှိသူများအနေဖြင့် တစ်လလျှင် အထက်တန်းပညာသင်ဆုအတွက် ကျပ်သုံးသောင်း၊ အလယ်တန်းပညာသင်ဆုအတွက် ကျပ်နှစ်သောင်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၃၀၀ ကျော်အတွက် ကျပ်သန်းခုနှစ်ရာတစ်ဆယ့်သုံးသန်းရှစ်သိန်းကို ချထား ပေးခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - မူလတန်းပြ ဆရာ၊ ဆရာမနှစ်သိန်းခန့်ကို ဒုတိယတန်းသင်ရိုးသစ် နည်းပြသင်တန်း ပေးမည်

“၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ န၀မတန်းတက်ပြီး ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်းအဆင့်ကို ရောက်လာတယ်။ တက္ကသိုလ်ဝင်တန်းအဆင့်မှာလည်း ပညာသင်ဆုထပ်ပြီးရတယ်။ အဲဒီတော့ ပညာသင်ဆု နှစ်နှစ်ဆက်တိုက်ရတာပေါ့။ အလယ်တန်းကျတော့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကနေ ဒီနှစ်အထိပေါ့။ အလယ်တန်းအဆင့်ကနေ အထက်တန်းရောက်လာမယ့် ကလေးတွေက ပညာသင်ဆုထပ်ပြီး လျှောက်လို့ရတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် အထက်တန်းမှာ ဆက်ပြီးရမယ်” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများ ပေးအပ်သလို ဆင်းရဲနွမ်းပါးပြီး ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ များကိုလည်း ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပြီး ပညာသင်ထောက်ပံ့ကြေးများ ကိုလည်း ပေးအပ်ခဲ့သည်။

ယခုပညာသင်နှစ်တွင် ဆင်းရဲနွမ်းပါးသော ကျောင်းသားဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကို ပညာသင်ထောက်ပံ့ကြေးအဖြစ် စတုတ္ထတန်းကျောင်းသား တစ်ဦးလျှင် တစ်လကျပ် ၅၀၀၀၊ အလယ်တန်းကျောင်းသား တစ်ဦးလျှင် ကျပ် ၈၀၀၀၊ အထက်တန်းကျောင်းသား တစ်ဦးလျှင် ကျပ် ၁၀၀၀၀ ဖြင့် ဆယ်လစာ ထောက်ပံ့မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Local Read 3899 times