၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ဆုများ

နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခြင်း၏ ကုန်ကျစရိတ်မှာ သက်ဆိုင်ရာ တက္ကသိုလ်များပေါ် မူတည်၍ များပြားတတ်ပါသည်။ လေယာဉ်လက်မှတ်ကုန်ကျစရိတ်များ၊ အစားအသောက်ကုန်ကျငွေများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို အပိုစရိတ်အနေဖြင့် ထည့်သွင်းတွက်ချက်ရပါသည်။

ထိုကြောင့် ပညာဆုများသည် ဆုကြေးပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျောင်းသားများအတွက် အထောက်အကူဖြစ်စေပါသည်။ ကမ္ဘာပေါ်ရှိ ဂုဏ်ယူဖွယ်ကောင်းသော တက္ကသိုလ်များမှ ဘွဲ့ရရန်အတွက် ‌ငွေကြေး ပြဿနာများကြောင့် လက်မလွှတ်သင့်ပေ။

အရှေ့တောင်အာရှရှိ ကြွယ်ဝပြီး အဆင့်မြင့်သော ကျွန်းနိုင်ငံ ဖြစ်သည့် စင်ကာပူ နိုင်ငံသည် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ၏ မူလ မိခင်ကျောင်းတော်များ တည်ရှိရာ နိုင်ငံတစ်ခခုဖြစ်ပါသည်။ ဥပမာအားဖြင့် National University of Singapore သည် ကမ္ဘာအကောင်းဆုံးတက္ကသိုလ် စာရင်းတွင် အဆင့် ၂၅ ဖြင့် လည်းကောင်း၊ ၂၀၂၁ ခုနှစ် အတွက် Times Higher Education World University အဆင့်သတ်မှတ်ချက်များ အာရှ အဆင့်သတ်မှတ်ချက် ၃ ဖြင့် ရပ်တည်လျက်ရှိပြီး Nanyang Technological University (NTU) သည် ယခုနှစ်သတ်မှတ်ချက်အရ အဆင့် ၄၇ တွင် ရှိနေပါသည်။

အထက်ပါကျောင်းများကဲ့သို့ အဆင့်မြင့်ပညာရေးတွင် ကမ္ဘာ့အဆင့်မီပညာရေးကို လက်လှမ်းမှီနိုင်ရန် အတွက် ပညာသင်ဆုများဖြင့်လည်း ရယူနိုင်ပါသည်။ ၂၀၂၀ ပြည့်နှစ်အတွက် သို့မဟုတ် လာမည့် ၂၀၂၁ခုနှစ် အတွက် နိုင်ငံတကာ ကျောင်းသားများအတွက် ကမ်းလှမ်းထားသည့် စင်ကာပူနိင်ငံ၏ ကျောင်းများမှ ပညာသင်ဆုအချို့ကို ဖော်ပြပေးလိုက်ရပါသည်။

၁။ Nanyang Scholarship

Nanyang Technological University  (NTU) မှ ကမ်းလှမ်းသော Nanyang ပညာသင်ဆုသည် ထူးချွန်သည့် ပထမနှစ်ကျောင်းသားများကို အထူးကမ်းလှမ်းထားပါသည်။ ကျောင်းသူ/ ကျောင်းသားများ၏ ပညာရေးဆိုင်ရာထူးချွန်မှု၊ ခေါင်းဆောင်မှုစွမ်းဆောင်ရည်မြင့်မားမှု တို့အပြင် သင်ရိုးညွှန်းတမ်းများ ရမှတ်ထူးချွန်မှု တို့ကို အဓိကာထားကြည့်ရှုစစ်ဆေးကာ ရွေးချယ်ပါသည်။ ယခုပညာသင်ဆုသည် နိုင်ငံသားအားလုံးအတွက် ဖြစ်ပြီး အောင်မြင်သော ပညာသင်ဆုရရှိသူများသည့် ဘွဲ့ကြိုဒီဂရီ ပရိုဂရမ်များအတွက် အချိန်ပြည့်တက်ရောက်သင့်ပေသည်။ ယခုပညာသင်ဆုသည် NTU တွင်တက်ရောက်နေသည့် စာသင်နှစ် အားလုံးအတွက် အကြုံးဝင်ပါသည်။ ကျောင်းသားများ၏ ပညာအရည်အချင်းပေါ်မူတည်၍ လျှောက်လွှာလက်ခံရက် နှင့် ပိတ်ရက်များသည် ကွာခြားနိုင်ပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၂။ Singapore International Graduate Award (SINGA) 2021

အကယ်၍ သင်ဟာ သင်၏ ပါရဂူဘွဲ့ကို စင်ကာပူတွင် တက်ရောက်လိုပါက SINGA 2021 သည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ပညာသင်ကြေး အပြည့်အဝပေးထားသည့် ပညာသင်ဆု တစ်ခုဖြစ်ပြီး လာမည့် ၂၀၂၁ ဩဂုတ်လ ပညာသင်နှစ်အတွက် လက်ခံနေပြီဖြစ်ပါသည်။ SINGA သည် သိပ္ပံ၊ နည်းပညာနှင့်သုတေသနအေဂျင်စီ (A * STAR)၊ နန်ယန်းနည်းပညာတက္ကသိုလ် (NTU)၊ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် စင်္ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ် (SUTD) တို့ပူးပေါင်းပေးအပ်သည့် ပညာသင်ဆု ဖြစ်ပါသည်။ A * STAR မှ မှတ်ချက်ပြုထားသည်မှာ A*STAR၊ NTU၊ NUS နှင့် SUTD မှ ရွေးချယ်ထားသော လျှောက်လွှာရှင်များသည် ပါရဂူတန်းအတွက် လိုအပ်သည့် ဓာတ်ခွဲစမ်းသပ်ချက်များကို အင်္ဂလိပ်ဘာသာဖြင့်သာ ပြုလုပ်ရမည်ဟုဖြစ်သည်။ “ကျောင်းသားများကို အဆိုပါ ဓာတ်ခွဲစမ်းသပ်ချက်များ ပြုလုပ်ရာတွင် ကမ္ဘာကျော်သုတေသီများမှ ကြီးကြပ်ပေးမည်ဖြစ်ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါက ပါရဂူဘွဲ့ကို ရရှိမည်”ဟု ဖော်ပြထားပါသည်။

လျှောက်လွှာပိတ်ရက်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၁ရက်နေ့ ( 11.59 p.m. GMT +8 Singapore time) ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၃။ Commonwealth Scholarship at the National University of Singapore

Commonwealth ပညာသင်ဆုသည် ကြွယ်ဝချမ်းသာသောနိုင်ငံများ(စင်္ကာပူနိုင်ငံသားများနှင့် PR ကိုင်ဆောင်သူများမှအပ) မှလာသော ဘွဲ့ရကျောင်းသားများသည် NUS ၌ သုတေသနပိုင်းတွင် ပို၍ မြင့်မားသော ဒီဂရီများကိုလေ့လာနိုင်ရန် အတွက် ကမ်းလှမ်းထားသော ပညာသင်ဆု တစ်ခုဖြစ်ပါသည်။ ဤပညာသင်ဆုတွင်လစဉ်ထောက်ပံ့ကြေး (ပါရဂူဘွဲ့အတွက်စင်ကာပူဒေါ်လာ ၂၀၀၀ နှင့်မဟာဘွဲ့အတွက်လျှောက်ထားသူများအတွက်စင်ကာပူဒေါ်လာ ၁၅၀၀) နှင့် ကျူရှင်ကြေးထောက်ပံ့ကြေးတို့ပါဝင်ပါသည်။ လာမည့် ဘွဲ့ရ ကျောင်းသားများသည် အဘယ့်ကြောင့် ဤပညာသင်ဆုကို စိတ်ဝင်စားပြီး လျှောက်ရသည့် အကြောင်းကို ဝင်ခွင့် လျှောက်လွှာတွင် ထည့်သွင်းရေးသားသင့်ပါသည်။

အောင်မြင်သော လျှောက်ထားသူများကို မေလ (သြဂုတ်လတွင် ၀င်ခွင့်အတွက်) သို့မဟုတ် အောက်တိုဘာလ (ဇန်နဝါရီလ ၀င်ခွင့်အတွက်) တွင် ၎င်းတို့၏ လျှောက်လွှာရလဒ်များကို အကြောင်းကြားပေးမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

၄။ Asian Development Bank (ADP) ADP-JSP Scholarships in Asia and the Pacific အာရှဖွံ့ဖြိုးရေးဘဏ် (ADB) - ဂျပန်ပညာသင်ဆုအစီအစဉ် (JSP) သည် စီးပွားရေး၊ စီမံခန့်ခွဲမှု၊ သိပ္ပံနှင့်နည်းပညာနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်များတွင် လေ့လာမှုများအတွက် တစ်နှစ်လျှင် ဘွဲ့လွန်ပညာသင်ဆု ၁၄၀ ခန့်ကို ပေးအပ်လေ့ရှိပါသည်။ ပညာသင်ဆုတွင် ကျူရှင်စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ နေထိုင်စရိတ်၊ စာအုပ်နှင့်သင်ထောက်ကူပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာအာမခံနှင့်ခရီးစရိတ်တို့ပါ ၀င်သည်။ ရွေးချယ်ထားသောနိုင်ငံများမှနိုင်ငံသားများသာ NUS ရှိ MBA၊ ပြည်သူ့ပေါ်လစီ၊ လူမှုသိပ္ပံဘွဲ့ (Applied Economics) သို့မဟုတ် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ သိပ္ပံမဟာဘွဲ့ကိုရယူရန်လျှောက်ထားနိုင်သည်။

လျှောက်လွှာပိတ်ရက်မှာ လျှောက်လွှာတင်သွင်းထားသည့် ရက်ပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။

ပိုမိုသိရှိလိုပါက >>> Click Here <<<

By Myanmar Education Guide -EDGE

International Latest Post Read 1018 times