Hinrich Foundation နှင့် ကမ္ဘာ့ ထိပ်တန်း ဖိနပ်ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်ကြသည့် adidas Group, Lai Yih Footware Co Ltd, Pou Chen Myanmar, Shyang Jhuo Yue (SJY) နှင့် TBS Group တို့မှ ပူးတွဲပေးသွားမည် ဖြစ်ပါသည်။
MSc in Global Production Engineering & Management ဘာသာရပ်အား ဗီယက်နမ် နိုင်ငံရှိ Vietnamese-German University (VGU) တွင် တက်ရောက်နိုင်မည့် အခွင့်အရေးဖြစ်ပြီး ပညာသင်ကာလ အတွင်း အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်ခြင်း၊ ပညာသင်ကာလနှစ်နှစ်တာ ပြီးဆုံးပါက ပညာသင်ဆု ပေးအပ်ခဲ့သည့် အဖွဲ့အစည်းများတွင် အလုပ်အကိုင်ပြန်လည် ပေးအပ်သွားမည့် အခွင့်အရေးများ ရရှိမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ယခုပညာသင်ဆုမှာ မြန်မာနိုင်ငံအတွက် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် အနည်းဆုံး ကျောင်းသား ၆ ယောက်ခန့် ရွေးချယ်သွားမည်ဖြစ်ကြောင်း Hinrich Foundation ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ Mr Alex Boome ကပြောသည်။
Vietnamese-German University (VGU) တွင် သင်ကြားမည့် ဆရာများမှာ ဂျာမနီမှ အများစု ဖြစ်ပြီး ဘွဲ့အား University of Berlin မှ တိုက်ရိုက်ရရှိမည်ဖြစ်သည်။
လျောက်ထားလိုသူများသည် အင်ဂျင်နီယာအခြခံ သို့မဟုတ် အင်ဂျင်နီယာဆိုင်ရာ ဘွဲ့တစ်ခု ရရှိထားရန်လိုအပ်ပြီး အနည်းဆုံး အလုပ်အတွေ့အကြုံ တစ်နှစ်ခန့် ရှိရန် လိုအပ်သည်။
အင်္ဂလိပ်စာအရည်အချင်း ကောင်းကြောင်း မိမိကိုယ်ကို ယုံကြည်မှုရှိရန်လည်း လိုအပ်သည်။
ထိုပညာသင်ဆုလျောက်ထားလိုသူများမှာ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး http://bit.ly/2fqpwyV တွင် လျောက်ထားရမည် ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက [email protected] တွင် ဖြစ်စေ Hinrich Foundation ၏ Facebook စာမျက်နှာ https://www.facebook.com/HinrichEducation/ တွင် ဖြစ်စေ ၀င်ရောက်လေ့လာ နိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။