Sales Hotline : 09448001653       Download App



Scholarship လျှောက်ချင်သူတွေအတွက် သိထားသင့်တဲ့ အခြေခံလိုအပ်ချက်

Scholarship လျှောက်ချင်သူတွေတွက် Scholarship နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အခြေခံလိုအပ်ချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။ Scholarship ရပြီး နိုင်ငံခြားမှာ ကျောင်းတက်ရခြင်းဟာ ဘဝရဲ့ milestone တစ်ခု၊ achievement တစ်ခုပါ။

 

သိန်းရာချီတဲ့ ကျောင်းလခတွေ ကင်းလွတ်ခွင့်နဲ့ လစဉ်ထောက်ပံ့ကြေးတွေ ရမယ့်အပြင် မိမိရဲ့ ပညာရေး၊ အတွေ့အကြုံ၊ မိတ်ဆွေ စတာတွေကို သေချာပေါက် တိုးတက်စေပါလိမ့်မယ်။ ဒါကြောင့် Scholarship လျှောက်တဲ့အခါမှာ လွဲချော်မှုတွေ မဖြစ်ရအောင် ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ သိထားသင့်ပါတယ်။ 

 

(၁) ဘယ်သူတွေ Scholarship ရလေ့ရှိသလဲ

Scholarship တွေဟာ English အရမ်းကောင်းတဲ့သူတွေ၊ Work Experience အများကြီးရှိတဲ့သူတွေ၊ Bachelor Degree Transcript မှာ အမှတ်တွေ မိုးပျံနေတဲ့သူတွေပဲ ရနိုင်တယ်လို့ထင်ရင် ချက်ချင်းမေ့လိုက်ပါ။ လုံးဝ မဟုတ်ပါဘူး။

 

အသေချာဆုံးကတော့ Scholarship ရချင်ရင် လျှောက်ရပါမယ်။ မရနိုင်ဘူးလို့ထင်ပြီး မလျှောက်ရင် ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ Application is Our Duty, Selection is Their Duty လို့ ယူဆပြီး ယုံကြည်ချက်ရှိရှိ လျှောက်ပါ။

 

(၂) GED (သို့) IGCSE

နိုင်ငံခြားမှာ Undergraduate Program တွေ Scholarship လျှောက်မယ်ဆိုရင် မရှိမဖြစ်ကို လိုအပ်ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အထက်တန်းပညာရေး အောင်လက်မှတ်ပါ။ ဘယ်လိုလူတွေ တက်ရောက်နိုင်လဲဆိုရင် (၉) တန်းအောင်ထားပြီးသူတွေ၊ (၁၀) တန်းကျထားသူတွေ၊ (၁၀) တန်းမှာ အမှတ်မကောင်းသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်မတက်ရသေးတဲ့သူတွေ တက်ရောက်နိုင်ပါတယ်။ 

 

GED က သင်တန်းကာလ ၄ လလောက်ပဲ အချိန်ပေးရပြီး စျေးနှုန်းကလည်း IGCSE လောက် မများပါဘူး။ နောက်ပြီး သင်ရိုးက IGCSE ထက် ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် အချိန်တိုတိုအတွင်း အထက်တန်းအဆင့် အောင်လက်မှတ်ရရှိချင်သူတွေ ရွေးချယ်သင့်ပါတယ်။ 

 

IGCSE ကျတော့ အချိန်အနေနဲ့ ၁ နှစ်ကျော် ကြာမြင့်နိုင်ပြီး GED ထက်လည်း စျေးများပါတယ်။ ဒါပေမဲ့ IGCSE က ကိုယ်ရွေးမယ့် တက္ကသိုလ်လမ်းကြောင်းအတွက် လိုအပ်တဲ့ ဘာသာရပ်တစ်ခုချင်းစီကို အခြေခိုင်အောင် ရွေးချယ်သင်ယူချင်တာဆိုရင် ပိုသင့်တော်ပါတယ်။ ပြီးတော့ University အမြင့်ပိုင်းတွေ လျှောက်ချင်တာဆိုရင် GED ထက် IGCSE ကို ပိုလက်ခံကြပါတယ်။ 

 

(၃) English Proficiency

IELTS (သို့) TOEFL အမှတ်ရှိဖို့ အရင်စလုပ်ပါ။ IELTS 7 မှတ်နှင့်အထက် (သို့) TOEFL 600 အထက် ရရင်တော့ အကောင်းဆုံးပေါ့။ မရရင်လည်း စိတ်မပျက်ပါနဲ့။ ကိုယ်လျှောက်မယ့် Scholarship (သို့) University က တောင်းဆိုတဲ့ Minimum Required Score ရရင် အဆင်ပြေပါတယ်။

 

အများအားဖြင့် IELTS 6.5 (သို့) TOEFL 575 ဆိုရင် ကျောင်းတော်တော်များများ လက်ခံပါတယ်။ နောက်ဆုံး English Score မရှိရင်တောင် လျှောက်လို့ရတဲ့ Scholarship တွေ ရှားပေမဲ့ ရှိပါတယ်။ ဒါပေမဲ့ International Scholarships အများစုက Competition များသလို အတော်ဆုံးကျောင်းသားကို ဦးစားပေးရွေးချယ်ကြတာမို့ ကိုယ်ကအကောင်းဆုံး ပြင်ဆင်သင့်သလို Score မြင့်လေ ကိုယ့်အတွက် ရွေးချယ်စရာတွေ များလေပါ။ 

 

(၄) ဘာသာရပ်ရွေးချယ်ခြင်းနှင့် Scholarship များရှာဖွေခြင်း

Scholarship တွေက အမျိုးမျိုးရှိပါတယ်။ Organization တွေက ပေးတာ၊ သက်ဆိုင်ရာ ကျောင်းက ပေးတာ ရှိပါတယ်။ ကျောင်းဝင်ခွင့် Admission Letter နဲ့ တွဲလျှောက်ရတာမျိုးလည်း ရှိပါတယ်။ Scholarship Organization တွေက ရွေးချယ်ပြီးမှ ကျောင်းလျှောက်ပေးတာတွေလည်း ရှိပါတယ်။ Partial Scholarship တွေ၊ Full Scholarship တွေဆိုပြီးလည်း ရှိပါတယ်။


ကိုယ်က ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုတာ ရွေးချယ်ပါ။ ပြီးမှ Online မှာ ရှာဖွေပါ။ နိုင်ငံခြားက University တွေရဲ့ Official Website တွေကို ဝင်လေ့လာပါ။ Scholarship Group တွေကို Join ထားပါ။ ပြီးရင် တစ်ခုပြီး တစ်ခု တန်းစီလျှောက်ပါ။

 

(၅) Essays

Scholar လျှောက်တဲ့သူတွေ အများစုရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ English Score တွေက သိပ်မကွာကြပါဘူး။ သိသိသာသာကွာမှာက Essay တွေပါ။ ကိုယ်ရေးထားတာကို ဖတ်တဲ့သူက စိတ်ဝင်စားရင် Interview ပါဖို့များပါပြီ။

 

Essay ရေးရင် ကိုယ့်အတွေ့အကြုံနဲ့ ချိတ်ဆက်ရေးပါ။ အရေးကြီးဆုံးက အကြောင်းအရာက Specific ဖြစ်ဖို့နဲ့ လက်တွေ့ကျဖို့ပါ။ ကိုယ့်ပတ်ဝန်းကျင်ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်း အမှန်တိုင်းထင်သာအောင် ရေးရပါမယ်။ 

 

သင်က လျှောက်ထားတဲ့ ကျောင်းနဲ့ပတ်သက်ပြီး တကယ်ပဲ ဝင်ခွင့်ရချင်တယ်၊ စိတ်အားထက်သန်တယ်၊ သင့်မှာ ဒီပညာရေးနဲ့ ပတ်သက်ပြီး စိတ်ကူးအိမ်မက်တွေ အများကြီးရှိတယ်ဆိုတာ မြင်သာအောင် ရေးပါ။ ကိုယ်လျှောက်တဲ့ ဘာသာရပ်ပေါ်မူတည်ပြီး ဆက်စပ်မှုရှိအောင်ရေးဖို့လည်း မမေ့ပါနဲ့။ 

 

(၆) Personal Statement

Scholarship လျှောက်ရာမှာ ကိုယ်ရေးအချက်အလက်ဖောင်ကလည်း  အရမ်းအရေးကြီးပါတယ်။

 

သင်က တကယ်လို့ အလုပ်လုပ်ဖူးရင် လုပ်ငန်းအတွေ့အကြုံ၊ ကျောင်းတက်ခဲ့တုန်းက သင်ပါဝင်ခဲ့တဲ့ အစီအစဥ်တွေ၊ စိန်ခေါ်မှုတွေကြားက အောင်မြင်မှုတွေ၊ လုပ်အားပေး အတွေ့အကြုံရှိရင် ရှိခဲ့တဲ့ အတွေ့အကြုံလုပ်ဆောင်ချက်တွေကို အသေးစိတ်ချရေးပါ။ သင့်မှာရှိတဲ့ အောင်မြင်မှုနဲ့ စွမ်းဆောင်ရည်တွေကို အခြေခံပြီး ဘာကြောင့် သင်က ဒီစကော်လာရှစ်နဲ့ ထိုက်တန်လဲဆိုတာ ရှင်းပြပါ။

 

သင့်အနေနဲ့ အခုပညာရပ်ကို တက်ရောက်ပြီး လာမယ့်အနာဂတ်မှာ ဒီပညာရပ်ကို အသုံးချပြီး ဘယ်လိုအကျိုးရှိတဲ့လုပ်ငန်းတွေကို လုပ်ကိုင်မလဲ၊ ဘယ်လို အိမ်မက်စိတ်ကူးတွေရှိလဲ၊ လူမှုပတ်ဝန်းကျင်ကို ဘယ်လို အကျိုးပြုမလဲဆိုတာကိုလည်း အသေးစိတ်ချရေးပါ။


(၇) Recommendation Letters

Scholarship လျှောက်တဲ့သူတွေ စိတ်ညစ်ရတာ ဒီ Recommendation တွေပါပဲ။ ခဏခဏတောင်းရတာကြောင့် အားနာရပါတယ်။

 

အရေးကြီးဆုံးက ကိုယ့်ကို သေချာသိပြီး ကောင်းကောင်းရေးပေးမယ့်သူ၊ Email ပုံမှန်သုံးတဲ့သူ ဖြစ်ဖို့ပါပဲ။ Recommender ရဲ့ ရာထူးအဆင့်က အဲဒီလောက် အရေးမကြီးပါဘူး။ အရေးကြီးတာက Recommendation Letter ရေးပေးမယ်သူနဲ့ ကိုယ်နဲ့က ဆက်ဆံရေးကောင်းမွန်ပြီး ကိုယ့်အရည်အချင်းနဲ့ အားသာချက်ကို ကောင်းကောင်းသိရှိနားလည်ထားသူဖြစ်ရပါမယ်။ 


နောက်တစ်ခုက ခဏခဏတောင်းရတာကို အားမနာပါနဲ့။ ဘယ်လောက်အလုပ်များများ ကိုယ့်တပည့် (သို့) ကိုယ့်ဝန်ထမ်းရဲ့ Career အတွက် နာရီဝက်လောက် အချိန်ပေးရတာကို Recommender တွေက ဝန်မလေးကြပါဘူး။ 

 

(၇) Interview

Interview ပါပြီဆိုရင် Scholarship ရဖို့ Chance တော်တော် များပါပြီ။ Interview မှာ အရေးကြီးဆုံးက ရိုးသားဖို့၊ ကိုယ်ပြောတာနဲ့ ကိုယ့် Essay တွေနဲ့ ထပ်တူကျဖို့၊ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပြနိုင်ဖို့ပါပဲ။

 

(၈) Dreams Come True

Scholarship ရဖို့ ကံကောင်းဖို့လည်း လိုပါတယ်။ Essay တွေမှာ ကိုယ့်အကြိုက်နဲ့ ရွေးသူအကြိုက်တူရင် အခြေအနေကောင်းပါတယ်။

 

Application တင်ရင် Deadline မတိုင်ခင် တင်ပါ။ အကယ်၍ အစဉ်လိုက်ဖတ်တယ်ဆိုရင် ကိုယ့် Application က အရင်ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ တက်ကြွမှုကိုလည်း ပြနိုင်တာပေါ့။

 

Essays မတောင်းတဲ့ စကော်လားရှစ်တော်တော်များလည်း ရှိပါတယ်။ အဲလိုစကော်လားရှစ်တွေဆိုရင် အတွေ့ကြုံကို ဦးစားပေးကြည့်ပါတယ်။ အဲဒီတော့ Personal Statement နဲ့ English Profiency Score ကို အဓိက ထားကြည့်နိုင်ပါတယ်။

 

Knowledge Latest Post University / College Read 927 times