Chevening ပညာသင်ဆုဖြင့် အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေသော မရွှေယင်းမာဦးနှင့် အင်တာဗျူး ကဏ္ဍ

Chevening ပညာသင်ဆုဖြင့် အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေသော မရွှေယင်းမာဦးနှင့် အင်တာဗျူး ကဏ္ဍ

- ပညာသင်ဆုနဲ့ပတ်သက်ပြီးက ငယ်ငယ်ကတည်းက နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုမှာ ကိုယ်စိတ်ဝင်စားရာ ဘာသာရပ်တစ်ခုကို သင်ချင်ခဲ့တာပါ။

- မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ မတူတဲ့ တကယ့် education ဆိုတာကိုပေးနိုင်တဲ့ ကျောင်းမှာတက်ချင်ခဲ့တာ။

- ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ပြီးတဲ့ နောက်ပိုင်း သူများတွေ ကျောင်းသွားတက်တာကို မြင်ပြီး အားကျခဲ့တာလည်း ပါပါတယ်။

- အခွင့်အလမ်းရရင် ရသလိုတော့ လျှောက်ခဲ့ဖူးပေမယ့် အခုမှရတာပါ။

၂. ဘယ်နိုင်ငံရဲ့ ပညာသင်ဆုကိုရတာလဲ။ ဘယ်ဘာသာရပ်ကို ရရှိတာလဲ။ ဘယ်ကျောင်းကို ရရှိခဲ့လဲ။

- အမရခဲ့တာက ယူကေ အစိုးရရဲ့ Foreign and Commonwealth office က ပေးတဲ့ Chevening ပညာသင်ဆုပါ။

- ကားဒစ်ဖ်မြို့က ကားဒစ်ဖ်တက္ကသိုလ်မှာ Political Communication မာစတာဘွဲ့အတွက် ရခဲ့တာပါ။

၃. ကျောင်းကိုလည်း ဘယ်လိုရွေးချယ်ခဲ့လဲ။

- ကျောင်းကိုရွေးဖို့အတွက် အရေးကြီးတာက ဘယ်ဘာသာရပ်ကို တက်မှာလဲဆိုတာပေါ်မူတည်ပါတယ်။

- အမက အမတက်ချင်တဲ့ ဘာသာရပ်ကို အရင်ရွေးပါတယ်။

- Political Communication ကို တက်မယ်လို့ ဆုံးဖြတ်ပြီး တဲ့နောက် ဘယ်တက္ကသိုလ်တွေကောင်းလဲ ဘယ်လို ပရိုဂရမ်တွေရှိလဲ ပြန်ရှာပါတယ်။

- တက္ကသိုလ်တွေက overall ranking မှာတစ်မျိုးဖြစ်ပေမယ့် ဘာသာရပ်အပေါ်မူတည်ပြီး ranking ပြန်ကွာပါတယ်။

- ဥပမာ အမ တက်တဲ့ ကားဒစ်ဖ်တက္ကသိုလ်က overall ranking မှာ သိပ်မမြင့်ပါဘူး။

- ဒါပေမယ့် ဒီက ဂျာနယ်လစ်ဇင် ကျောင်းက ယူကေမှာ အမြင့်ဆုံးထိပ်တန်း ၃ ကျောင်းထဲမှာပါပါတယ်။

- ပရိုဂရမ် overview ကို ရှာဖတ်ကြည့် တော့လည်း အမ တက်ချင်တဲ့ပုံစံဖြစ်နေတယ်။

- အမက ဂျာနယ်လစ်ဇင်ကိုပဲ ဦးစားပေးတာမဟုတ်ဘဲ နိုင်ငံရေး ရော ဆက်သွယ်ပြန်ကြားရေးပညာရော အဲ့ဒါတွေအကုန်ပါတဲ့ ပရိုဂရမ်မျိုးတက်ချင်ခဲ့တာလေ။

- LSE တို့ UCL တို့မှာ အမ ပရိုဂရမ်ကို ရှာကြည့်သေးတယ်။

- အမ တက်ချင်တဲ့ ပရိုဂရမ်မျိုးမဟုတ်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် ကားဒစ်ဖ်ကိုရွေးဖြစ်ခဲ့တာပါ။

၎. ပညာသင်ဆုလျှောက်ဖို့အတွက် တွေ့ကြုံခဲ့တဲ့ အခက်အခဲများကိုပြောပြပေးပါ။

- ပညာသင်ဆုတွေလျှောက်တဲ့အခါ အတွေ့အကြုံကတော့ စိတ်ရှည်ရတယ် ဇွဲရှိရပါတယ်။

- Chevening ကို လျှောက်ရတဲ့ process ဆို တစ်နှစ်လောက်က ကြိုလုပ်ရတော့ စိတ်မရှည်တော့တာမျိုး ဖြစ်တတ်တယ်။

- အမကိုယ်တိုင်လည်း ပထမက စိတ်ပါလက်ပါဖြစ်နေပေမယ့် နောက်ပိုင်း ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အလုပ်တွေရှုပ်ပြီး ကျောင်းလျှောက်ဖို့ IELTS ဖြေဖို့တွေမှာ နောက်ကျနေခဲ့တာကြောင့် အခက်အခဲဖြစ်ခဲ့ရပါတယ်။

- တကယ်တော့ သေချာကြိုစီစဉ်ထားတာအကောင်းဆုံးပါ။

၅. ပညာသင်ဆုအတွက် လျှောက်ဖို့အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ။

- အရင်ဆုံးက ပညာသင်ဆုလျှောက်လွှာတင်ဖို့ပေါ့နော်။

- ပထမဆုံး ဘယ်ဘာသာရပ်တက်ချင်သလဲဆိုတာကို အရင်စဉ်းစားပါတယ်။

- အမတို့ လျှောက်တဲ့နှစ်က ဦးစားပေးဘာသာရပ်တွေရှိတယ်။

- အဲ့ဘာသာရပ်တွေနဲ့ ဆိုင်တဲ့ course တွေလျှောက်ရင် ရနိုင်ချေပိုများတာ ပေါ့နော်။

- နောက်ပြီး ကျောင်း ၃ ကျောင်း (သို့မဟုတ်) ကျောင်း ၁ ကျောင်း က course သုံးခု ကိုရွေးပါတယ်။

- အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်တက်ချင်တဲ့ဘာသာမှာ နာမည်ရှိတဲ့ကျောင်းတွေ နောက်ပြီး course overview ကိုဝင်ဖတ်ကြည့်ပြီး စိတ်ဝင်စားတဲ့ course တွေကို ရွေးချယ်ပါတယ်။

- လျှောက်လွှာကိုလည်း အချိန်ယူသေချာပြင်ဆင်ပြီး ဖြည့်ပါတယ်။ အထူးသဖြင့် essay တွေ personal statement တွေကို သေချာကြိုးစားရေးသလို တခြားလူတွေကိုပြပြီး အကြံပြုတာတွေ နားထောင် ပြင်ဆင်ပါတယ်။

- နောက်ပြီး Referee တွေကိုလည်း ကိုယ့်အကြောင်းတစ်ကယ်သိပြီး recommendation ကောင်းကောင်းပေးနိုင်တဲ့ သူတွေကို ရွေးချယ် ဆက်သွယ်ပြီး reference တောင်းရပါတယ်။

- လျှောက်လွှာပိတ်ရက်မတိုင်ခင် ၂ ရက်လောက်ကြိုတင်ပြီး လျှောက်လွှာတင်တာပိုကောင်းပါတယ်။

- တစ်ကမ္ဘာလုံးက လူတွေ တင်ကြတာဆိုတော့ နောက်ဆုံးနေ့ဆိုရင် လူတအားများပြီး server မနိုင်တာတွေ ဘာတွေဖြစ်ခဲ့ရင် မနစ်နာအောင်လို့ပါ။

- လျှောက်လွှာတင်ပြီးတော့ IELTS ဖြေဖို့နဲ့ ကျောင်းလျှောက်ဖို့ ဆက်လုပ်ပါတယ်။

- ကြားထဲမှာ ခရီးစဉ်တစ်ခုရှိနေခဲ့လို့ အချိန်ကပ်ပြီး လုပ်ရတဲ့အတွက် IELTS တစ်ခါပဲ ဖြေဖို့ မီပါတယ်။

- တကယ်လို့ ကိုယ်တက်ချင်တဲ့ကျောင်းကတောင်းတဲ့ အမှတ်နဲ့ ပညာသင်ဆုအတွက်တောင်းတဲ့ အမှတ်တွေကို မီဖို့ အကြိမ်ကြိမ်ကြိုးစားဖို့ အခွင့်အလမ်းရှိပါတယ်။

- နောက်ပြီး ဦးစားပေး course ၃ ခုထဲက အနည်းဆုံး ၁ ခုကိုတော့ ရအောင် လျှောက်ရပါမယ်။

- အမက အချိန်အရမ်းကပ်နေခဲ့ပြီး ဦးစားပေး ကျောင်း ၂ ခုကိုပဲ လျှောက်ခဲ့တာမှာ ပထမဦးစားပေးကို တက်ဖြစ်ခဲ့တာပါ။

- ကျောင်းလျှောက်တဲ့ လုပ်ငန်းမပြီးသေးခင်မှာပဲ အင်တာဗျူး ဖြေရပါတယ်။

- အင်တာဗျူး အောင်တယ်ဆိုတော့ ပညာသင်ဆုက conditional offer အရင်ပေး ပါတယ်။ ကျောင်းဝင်ခွင့်ရပြီဆိုတဲ့အကြောင်း ပြီးမှ unconditional offer နဲ့ ပညာသင်ဆု ပေးအပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

၆. ဘယ်အဖွဲ့အစည်းက ပညာသင်ဆုကို ပေးခဲ့တာလဲ။

- ယူကေအစိုးရရဲ့ Foreign and Commonwealth Office က ပေးတဲ့ ပညာသင်ဆုပါ။

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မောင်သုတရဲမိုးနှင့် တွေ့ဆုံခြင်း

၇. အရင်ကရော ဘယ်လို ကြိုးစားခဲ့ပါသလဲ။

- အရင်က တခြား ပညာသင်ဆုတွေအတွက် ကြိုးစားဖူးတာရှိပါတယ်။

- ဟောင်ကောင်၊ အမေရိက၊ ဂျပန်စသဖြင့်ပေါ့။

- ပညာသင်ဆုမရပေမယ့် အတွေ့အကြုံတွေအတော်ရခဲ့ပါတယ်။

- ဒီ Chevening ပညာသင်ဆုကို ရှေ့တစ်နှစ်က လျှောက်မယ်စဉ်းစားပြီး လျှောက်လွှာဖြည့်ခဲ့သေးပေမယ့် တကယ်တမ်းမလျှောက်ဖြစ်ခဲ့ဘူး။

- အခုရတဲ့နှစ်ကြမှ သေသေချာချာလျှောက်ဖြစ်ခဲ့တာပါ။

၈. ပညာသင်ဆုက ဘယ်လောက်ကြာကြာတက်ရတာလဲ။

- Course က မဟာဘွဲ့ တစ်နှစ်ပေါ့။ ပညာသင်ဆုကလည်း တစ်နှစ်စာပဲ ထောက်ပံ့တာပါ။

၁၀. အနာဂတ် မှာဘာတွေဆက်လုပ်ဖို့ ပြင်ဆင်ထားလဲ။

- အနာဂတ်ကတော့ တိတိကျကျမပြောတတ်သေးဘူးပေါ့နော်။

- သေချာတာက မြန်မာပြည် ပြန်ပြီးရင် သတင်းနဲ့ ပြန်ကြားရေးဘက်ဆိုင်ရာ အလုပ်တွေပဲ ဆက်လုပ်ဖြစ်ဖို့ များပါတယ်။

၁၀. နောက် ပညာသင်ဆု လျှောက်တဲ့သူတွေကို ဘယ်လို လမ်းညွှန်ပေးချင်ပါသလဲ။

- ပညာသင်ဆုလျှောက်တာနဲ့ပတ်သက်ပြီးက အပေါ်မှာလည်း တော်တော်လေးပြောပြခဲ့ပြီးပါပြီ။

- အဓိက အရေးအကြီးဆုံးက အချိန်ခွဲဝေမှုပေါ့နော်။

- ၀ီရိယထားပြီး ကြိုတင်ပြင်ဆင်ဖို့ အနားကပ်မှလုပ်တာက အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သတိထားဖို့ပါ။

- နောက်ပြီး အားလုံးကို ခြုံ ပြောရရင် မေးခွန်းတွေမေးပါ။ သူများကိုလည်း မေးပါ။ ကိုယ့်ကိုယ်ကိုလည်း မေးပါ။ မရှင်းတာတွေအတွက် နားလည်တဲ့သူ တွေကို ဆက်သွယ်မေးပါ။ မတွန့်ဆုတ်ပါနဲ့။

- ကိုယ့်ကိုယ်ကိုမေးရမယ်ဆိုတာမှာလည်း အက်ဆေးအတွက်ရော အင်တာဗျူးအတွက်ပါ အရေးပါပါတယ်။

- ဘာလို့ ဒီပညာသင်ဆုကိုလျှောက်ရသလဲ။ ဘာလို့ ယူကေကို ရွေးချယ်သလဲ။ ဘာကြောင့် ဒီကျောင်းက course ကိုရွေးချယ်သလဲ။

- ရွေးချယ်ခံရခဲ့ရင် ကျောင်းတက်တာ အပြင် တခြားဘာတွေလုပ်မလဲ။ ပြန်လာရင် ဘာလုပ်မလဲ စတဲ့ မေးခွန်းတွေအတွက် ကိုယ့်ကိုယ်ကို သေချာမေးပါ။ အဖြေအတွက် ကြိုတင်ပြင်ဆင်ပါ။

၁၃. ဒီ ပညာသင်ဆု နဲ့ပတ်သက်ပြီး ပညာသင်ဆု အဖွဲ့အစည်းအတွက် ဘာတွေပြန်လုပ်ပေးရမလဲ။

- ဘာမှပြန်လုပ်ပေးရဖို့မရှိပါဘူး။ မြန်မာပြည်ကို ပြန်ပြီး အနည်းဆုံး ၂ နှစ် မြန်မာပြည်ထဲမှာနေရမယ်ဆိုတာပဲ သဘောတူထားရပါတယ်။

၁၄. ပညာသင်ဆု က Full Scholarship ရတာလား။

- ဟုတ်ပါတယ်။ ကျောင်းစရိတ်တွေ နေစရိတ်တွေ ခရီးစရိတ်အပြီးအစီး အကုန်ထောက်ပံ့ပါတယ်။

၁၅. ပညာသင်ဆု နဲ့ ပတ်သက်ပြီး စကားလက်ဆောင်လေး ပြောပေးပါအုံး။

- ပညာသင်ဆုလျှောက်မယ်ဆိုရင်တော့ မလျှောက်ခင်ကတည်းက ကိုယ်လျှောက်မယ့် ပညာသင်ဆုအကြောင်းကို သေချာလေ့လာပြီး လိုအပ်ချက်တွေကို ကြိုပြင်ဆင်ကြဖို့ အဓိကပြောချင်ပါတယ်။

- နောက်ပြီး တစ်ခါတည်းလျှောက် တစ်ခါတည်း ရမယ်လို့ မမျှော်လင့်ကြပါနဲ့။

- အကြိမ်ကြိမ် ကျရှုံးလည်း ပြန်လျှောက်ပါ။ စိတ်မလျော့ပါနဲ့ ဇွဲတင်းပါလို့ ပြောချင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

International Read 7597 times